Home သတင်း ကရင်ပန်းချီ ဆရာတစ်ဦး BE PEACEFUL အမည်ရ တကိုယ်‌တော် ပြပွဲ ပြုလုပ်

ကရင်ပန်းချီ ဆရာတစ်ဦး BE PEACEFUL အမည်ရ တကိုယ်‌တော် ပြပွဲ ပြုလုပ်

4573

ဧပြီ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပန်းချီဆရာ ‌မော်သုဓနု၏ ‘ BE PEACEFUL ‘ (ငြိမ်းချမ်းပါ‌စေ)ဟု အမည်‌ပေးထားသည့် တစ်ကိုယ်‌တော် ပန်းချီ ပြပွဲကို ဧပြီ ၅ ရက်မှ ၇ ရက်‌နေ့ထိ ရန်ကုန်မြို့၊ ၃၇ လမ်း၊ အမှတ် ၃၃/၃၅ ရှိ ချင်းတွင်းပြခန်းမ၌ ယ‌နေ့ စတင်ကျင်းပခဲ့သည်။

သုံးရက်ကြာ ကျင်းပမည့် အဆိုပါ ပြပွဲတွင် ပန်းချီဆရာ ‌မော်သုဓနု ‌ရေးဆွဲထားသည့် (Acrylic Paint) အယ်ခါးလိပ် ပန်းချီကား ၂၅ကား ပြသထားပြီး ပြပွဲဖွင့်ပွဲကို ယ‌နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။

ပန်းချီ ဆရာ‌မော်သုဓနုက “အခု ပန်းချီ‌ဈေးကွက်က တကားစ နှစ်ကားစ‌လောက်ပဲ ‌ရောင်းရတယ်။ အကျိုးအမြတ်ထက် လှုပ်ရှားမှု တစ်ခုအ‌နေနဲ့ပြတာပါ။ ကျ‌နော် BE PEACEFUL လို့ နာမည်‌ပေး ထားတဲ့ ကား ၄ ကားက အသစ်ဆွဲထားတာ ကျန်တာက‌တော့ အရင်က ဆွဲခဲ့တာပါ။ ဒီ ၄ကားမှာ တိုင်းရင်းသား အမှတ်တံဆိပ်‌တွေကို ကားမီးခွက်ထဲမှာ ထည့်ဆွဲပြတာက‌တော့ စုစည်းညီညာရင် လင်းထိန်းသွားမဲ့ သ‌ဘောပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူမျိုးတစ်မျိုး၏ ယဉ်‌ကျေးမှု အဆင့်အတန်းကို အနုပညာဖန်တီး ခံစားတတ်မှုအ‌ပေါ်တွင်လည်း တိုင်းတာ‌လေ့ရှိသလို ယခုလို ပန်းချီပြပွဲကို အား‌ပေးဂုဏ်ယူသည်ဟု ပြပွဲလာကြည့်သူ ကဗျာဆရာ ‌နောင်မင်းထီမန်က ‌ပြောသည်။

ပန်းချီဆရာ ‌မော်သုဓနုသည် ပဲခူးတိုင်း‌ဒေသကြီး၊ ဖဒို မြို့၌ ၁၉၈၄ ခုနှစ်တွင် ‌မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အနုပညာအထက်တန်း‌ကျောင်း ပြီးဆုံးခဲ့သည်။ ၂၀၁၁ ခုနှစ်မှစတင်ကာ ပန်းချီပြပွဲများ တွင် ပါဝင်ပြသခဲ့ပြီး ယခုလို တစ်ကိုယ်‌တော်ပြပွဲကို ပထမဦးဆုံးအကြိမ် ပြသခြင်းဖြစ်‌ကြောင်း ၎င်းက ‌ပြောသည်။