Home သတင်း ကရင်စာသင်ရိုး ပညာ‌ရေးဌာန အတည်ပြုနိုင်‌ရေး ဆက်လုပ်‌ဆောင်မည်

ကရင်စာသင်ရိုး ပညာ‌ရေးဌာန အတည်ပြုနိုင်‌ရေး ဆက်လုပ်‌ဆောင်မည်

2379

ဧပြီ ၂၁ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာသင်ရိုး ဖြစ်‌မြောက်‌ရေး‌ကော်မတီက ဦး‌ဆောင်‌ရေးဆွဲ ပြီးစီးသွားပြီး ဖြစ်သည့် စ‌ကောနှင့် ပိုးပထမတန်း ဖတ်စာ အုပ်များကို ပညာ‌ရေးဌာန အတည်ပြုနိုင်‌ရေးအတွက် ဆက်လုပ်‌ဆောင်သွားမည်ဟု ‌ကော်မတီအတွင်း ‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ အခု သင်ရိုးဖြစ်‌မြောက်‌ရေး‌ကော်မတီအ‌နေနဲ့ ပိုးနဲ့ စ‌ကော ပထမတန်း ဖတ်စာအုပ်‌တွေကို ‌ရေးဆွဲပြီးသွားပြီး၊ အ‌နောက်ပိုးက ဧရာဝတီနဲ့ ရန်ကုန်တိုင်း ‌ရေးရာဝန်ကြီး‌တွေကိုတင်ပြမယ်။ စ‌ကောက‌တော့ ကရင်ပြည် နယ်က တာဝန်ရှိသူရယ်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနသင်္ာရီက‌တော့ ‌ရေးရာဝန်ကြီး‌တွေဆီကို တင်ပြမယ်။ ‌နောက်တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနကိုလည်း တင်ပြမယ်။ အဲ့က‌နေ အဆင့်ဆင့် ပညာ‌ရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုတဲ့ သင်ရိုးဖြစ်‌အောင် လုပ်‌ဆောင်သွားမယ်” ဟု ဧပြီ ၁၉ ရက်‌နေ့တွင် ‌ပြောသည်။

ပြည်နယ်နှင့် တိုင်း‌ဒေသကြီး အသီးသီးရှိ ပညာရှင်များနှင့် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများမှ ကိုယ်စား လှယ်များ ပါဝင်သည့် ကရင်စာသင်ရိုးဖြစ်‌မြောက်‌ရေး‌ကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်တွင် ဖွဲ့စည်းပြီး‌နောက် ‌ကော်မတီက ပိုးနှင့် စ‌ကော ပထမတန်း ကရင်စာသင်ရိုးများကို‌ရေးဆွဲကာ အတည်ပြုနိုင်ခဲ့သည်။

‌ကော်မတီအ‌နေဖြင့် အဆိုပါသင်ရိုးကို လာမည့် ပညာသင်နှစ်တွင် အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် သင်ကြားနိုင်‌ရေး အတွက် ကရင် စာသင်ဆရာ၊ ဆရာမများ ဆရာဖြစ်သင်တန်းကို ဧပြီ ၅ ရက်မှ ၉ ရက်‌နေ့ထိ ပုသိမ်မြို့ တွင် ဖွင့်လှစ်ခဲ့ပြီး စ‌ကောကရင်သင်ရိုး ဆရာဖြစ်သင်တန်းကို ဧပြီ ၉ ရက်မှ ၁၉ ရက်‌နေ့ထိ ရန်ကုန်မြို့တို့တွင် အသီးသီး ပို့ချခဲ့သည်။

အလုံမြို့နယ် ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ငါးထပ်‌ဆောင်၌ ကျင်းပသည့် သင်ရိုးဆရာဖြစ် သင်တန်းလာတက်သူ သံ‌တောင်ကြီးမြို့နယ်မှ ဆရာမ ‌နော်က‌ပေါ်မူးက“အခုသင်ရိုး ဖတ်စာအုပ်မှာ ပါတာ‌တွေကို စုံလင်စွာသင်ခဲ့ရတယ်။ ပုံပြင်‌တွေကို က‌လေး‌တွေနားလည်‌အောင်ဘယ်လိုသင်မလဲ၊ ကဗျာ၊ သီချင်းစတာ‌တွေကိုလည်း စိတ်ဝင်စား‌အောင် ဘယ်လို သင်မလဲသိရတယ်။ လက်‌တွေ့ ပြန်သင်ရင် ဘယ်လို ‌နေမလဲ‌တော့ မသိ‌သေးဘူး။ အ‌ကောင်းဆုံးဖြစ်‌အောင် ပြန်သင်ဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ကရင်စာ ပထမတန်း သင်ရိုး‌ရေးဆွဲ၊ အတည်ပြုပွဲများ ပြုလုပ်ပြီး‌နောက် သင်ရိုးဆရာဖြစ်သင်တန်း ပို့ချ နိုင်ခဲ့‌သော်လည်း ပညာ‌ရေးဌာနက သင်ရိုးကို အတည်ပြု ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်းမရှိ ဖြစ်‌နေသလို လာမည့် ပညာသင်နှစ်တွင် သင်ရိုးဖတ်စာအုပ်ကို အစိုးရက ပုံနှိပ်ထုတ်‌ဝေမည့် သ‌ဘောရှိမရှိမှာလည်း ရှင်းရှင်းလင်းလင်း မသိရှိရ‌သေး‌ကြောင်း မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

အဆိုပါ စ‌ကော၊ ပိုး ပထမတန်း သင်ရိုး‌ရေးဆွဲခြင်း လုပ်ငန်းစဉ်၊ အတည်ပြုပွဲများ ပြုလုပ်ခြင်း၊ ပြည်နယ်နှင့် တိုင်း‌ဒေ သကြီးများတွင် ကရင်စာသင် ဆရာ၊ ဆရာမများကို သင်ရိုးဆရာဖြစ် သင်တန်းများပို့ချခြင်းအတွက် ‌ကော်မတီအ‌နေဖြင့် အလှူ‌ငွေ စုစု‌ပေါင်း ကျပ်သိန်း ၂၀ဝ ‌ကျော် သုံးစွဲခဲ့ရပြီး ဒုတိယတန်းသင်ရိုး ဆက်‌ရေးဆွဲနိုင်‌ရေးအတွက် ဘတ်ဂျက် ရှာ‌ဖွေပြီးမှ ဆက်လုပ်ရမည့် သ‌ဘောရှိ‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။