Home သတင်း အ‌ဒေါ်ကို ဓားဖြင့်ခုတ်သတ်ပြီး မိမိကိုယ်ကိုသတ်‌သေမှုတစ်ခု ဖြစ်ပွား

အ‌ဒေါ်ကို ဓားဖြင့်ခုတ်သတ်ပြီး မိမိကိုယ်ကိုသတ်‌သေမှုတစ်ခု ဖြစ်ပွား

3051

ဧပြီလ ၂၁ရက်၊ ၂ဝ၁၉ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌တောင်ဒီးရွာ ကဇိုင်းခိရပ်တွင် ဇနီးဖြစ်သူ၏ အ‌ဒေါ်အား ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချ သတ်‌သေခဲ့သည့် ဖြစ်စဉ်တစ်ခု ယ‌နေ့ ဧပြီလ ၂၁ရက်၊ ‌နေ့လည် ၁၁နာရီအချိန်၌ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ‌တောင်ဒီးရွာရှိ အသက် ၃၈နှစ်အရွယ် ‌စောအားခိုး‌နောက်သည် ၎င်းဇနီးသည်၏ အ‌ဒေါ်‌တော်စပ်သူ ‌ဒေါ်မုငြိမ်း အသက် ၅၈နှစ်အား ဓားဖြင့် လိုက်လံခုတ်သတ်ခဲ့ပြီး‌နောက် မိမိကိုယ်ကိုလည်း ကြိုးဆွဲချကာ သတ်‌သေလိုက်‌ကြောင်း ထိုအမှု နှင့်ပတ်သက်၍ လိုက်ပါ‌ဆောင်ရွက်‌နေသည့် ‌ကေအဲန်ယူ လက်‌အောက်ခံ၊ ကရင်ရဲတပ်ဖွဲ့- KNPF တာဝန်ရှိသူများက ‌ကေအိုင်စီ သို့ အတည်ပြု ‌ပြောဆိုသည်။

ဝင်း‌ရေးမြို့နယ် KNPF ဒုရဲတပ်ဖွဲ့မှူး ဗိုလ်‌စောငြိမ်းချမ်းက “ဓားခုတ်တဲ့လူက အရင်နဂိုကတည်းက စိတ်မနှံ့သလိုလို တစ်ခါတစ်ခါ ဖြစ်ဖူးတယ်။ ဒီလိုမှုခင်းမျိုးက ကျူးလွန်သူ‌တွေရဲ့ စိတ်‌နေစိတ်ထား‌ဖောက်ပြန်တတ်တဲ့အချိန် ကြိုတင်မဟန့်တားနိုင်ခဲ့ဘူး။ အဓိကမူးယစ်‌ဆေးဝါး သုံးစွဲတဲ့အ‌နေအထားမျိုးလည်း ရှိနိုင်တယ်။ သူ့မိန်းမအ‌ဒေါ်အိမ်သွားလည်ရင်းနဲ့ စိတ်‌ဖောက်လာပြီး‌တော့ ဓားနဲ့ခုတ်သတ်သွားတယ်။ ပြီး‌တော့ သူကိုယ်တိုင်သရက်ပင်‌ပေါ်မှာ ကြိုးဆွဲသတ်လုပ်သွားတာပဲ။”ဟု ‌ပြောဆိုသည်။

ဓားခုတ်ခံရမှုဖြင့်‌သေဆုံးသွားသူ ‌ဒေါ်မုငြိမ်းမှာ ဦး‌ခေါင်း၊ လည်ပင်း၊ ညာလက်‌မောင်း၊ ရင်ဘတ်များတွင် ပြင်းထန်သည့် ဒဏ်ရာ များဖြင့် အခင်းဖြစ်‌နေအိမ်‌ရှေ့၌ ‌သေဆုံးသွားခဲ့ပြီး သူမ၏ခင်ပွန်းနှင့် က‌လေးတစ်‌ယောက်ကျန်ရစ်ခဲ့သည့်အပြင် ဓားဖြင့်ခုတ်သူ ‌စောအားခိုး‌နောက်မှာ အခင်းဖြစ်‌နေရာ၏ ကိုက် ၃ဝဝအကွာရှိ သရက်ပင်တွင် မိမိကိုယ်ကို သတ်‌သေသွားခဲ့ပြီး ကိုယ်ဝန်‌ဆောင် ဇနီးသည်နှင့် က‌လေးသုံး‌ယောက် ကျန်ရစ်ခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် KNU ဝင်း‌ရေးမြို့နယ်တွင် ယမန်နှစ်က မိမိကိုယ်ကို ‌သေ‌ကြောင်းကြံမှုတစ်ခုနှင့် လူနှစ်ဦးကို ဓားဖြင့် ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့‌သေး‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်များအရ သိရသည်။

၎င်းအပြင် ထို‌ဒေသတွင် မူးယစ်‌ဆေးဝါးသုံးစွဲမှု‌ကြောင့် စိတ်‌ရောဂါဖြစ်ပွားမှုနှုန်းများလာပြီး အလားတူ မှုခင်းမျိုး တစ်နှစ်အတွင်း ၁ဝမှုထက်မနည်း နှစ်စဉ်ဖြစ်ပွားလျှက်ရှိရာ ထပ်မံ မဖြစ်ပွား‌စေ‌ရေး အချိန်ပြည့် ‌စောင့်ကြည့်ထိန်းသိမ်းထားရမှုများ ရှိလာသည့် အတွက် ‌ဒေသတွင်း စိတ်ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းမျိုးလည်း ‌ဆောင်ရွက်‌ပေးရန် လိုအပ်‌နေပြီဖြစ်‌ကြောင်း KNPF တာဝန်ရှိသူက ‌ပြောသည်။