Home ကဗျာ သူတို့သာရှိရင်

သူတို့သာရှိရင်

2799

– တပ်မဟာ‌ခြောက်
ကျည်တစ်‌ထောင့်မှ မကုန်ဘဲ ကျသွားပြီ … တဲ့
ရိသဲ့သဲ့ ခနဲ့ကြတယ်
လားရာမဲ့ ဖဲ့ထုတ်ကြတယ်
ဟုတ်ရဲ့လားလို့ မှတ်‌ကျောက်တင်ကြည့်တယ်။
– ဒါနဲ့ …. ‌ဒေသရင်ဘတ်ကို ချဲ့ကြည့်‌တော့
အ‌ပျော့အမာ အနိမ့်အမြင့် မမျှဘူး
ယစ်မူးပြီး ‌သွေး‌ပေါင်ကြတယ်
အခိုးအ‌ငွေ့‌ကြောင့် အသက်ရှုကျပ်တယ်
ညည်းသံ‌တွေ ပဲ့တင်ထပ်တယ်။

– ‌သွေးခုန်နှုန်းကို စစ်ပြန်‌တော့
‌ပေါ့‌ပေါ့ပါးပါး မဟုတ်ဘူး
သီကျူးသံ‌တွေ မပြတ်ဘူး
အလူးအလဲ ရုန်းထ‌နေဆဲ
တချို့အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်
တည်ကြက်များလို သက်လုံ‌တောင်‌ကောင်း‌သေးတယ်။

– အ‌ရွေ့တိုင်းမှာ အရှုံးချည်း တွက်လို့မရ
နဂါးမင်းနဲ့ စစ်ခင်းရင်
ဝင်ချည်ထွက်ချည် လျင်ရမယ်
လက်ရုံးရည် အားနည်းရင်
နှလုံးရည် အားပြည့်ရမယ်
‌ခြေလက် အတက်ရှိ‌နေ‌သေးရင်
ယန္တရား‌လေး လည်ပတ်တယ်။

– ဒါ‌ကြောင့် ….. ကျးသွားပြီဆိုတဲ့စကား
စိတ်ပိုင်းဆိုင်ရာ စစ်ဆင်‌နေ‌ရော့သလား…..
ဇာတ်ခုံ‌ပေါ်ကပြဇာတ် နိမိတ်ပြ‌လေသလား…
အလွှာကြားက ဟိုစကား ဒီစကား
ဗိုလ်ချုပ်‌ရွှေဆိုင်းသာရှိရင်
စစ်‌မြေပြင်မှာ လက်ခ‌မောင်းခတ်လိမ့်မယ်
ဖူးတာအယ်သာရှိရင်
‌ကော်သူး‌လေမှာ ယန္တရားခွင် ချဲ့လိမ့်မယ်
ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသာရှိရင်
ယဉ်ယဉ်‌လေးနဲ့ ‌တောက်‌ခေါက်လိမ့်မယ်ထင်တယ်။ ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
၁၁.၂.၂၀၁၉