Home သတင်း ရွာ‌ကျောင်းပြိုကျသွားသဖြင့် ‌ကျောင်းသားများ စာသင်‌ဆောင်မဲ့ စာ‌ဖြေဆုိုရ

ရွာ‌ကျောင်းပြိုကျသွားသဖြင့် ‌ကျောင်းသားများ စာသင်‌ဆောင်မဲ့ စာ‌ဖြေဆုိုရ

4325

မတ်လ ၆ရက်၊ ၂ဝ၁၉ ခုုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ ပုိုင်ကျုံမြို့နယ်၊ ဖားကယ်အုုပ်စုုရှိ နုို့ဖုိုးခီး‌ကျေးရွာတွင် ဝါးဖြင့်တည်‌ဆောက်ထားသည့် ‌ကျေးရွာ မူလတန်း စာသင်‌ကျောင်း‌ဆောင်မှာ လွန်ခဲ့‌သောသုုံးလခန့်က ပြိုကျသွားခဲ့သဖြင့် ‌ကျောင်းသူ‌ကျောင်းသားများမှာ ‌မြေကြီး‌ပေါ်တွင် စာသင်ရင်း စာ‌မေးပွဲကိုုလည်း ‌ကျောင်း‌ဆောင်မဲ့စွာ ‌ဖြေဆုို‌နေရသည်ဟုု သိရသည်။

၎င်းစာသင်‌ကျောင်းကိုု ပြန်လည်တည်‌ဆောက်ရန် ကြိုးပမ်း‌ပေး‌နေသူ Karen Unity Hope Network မှ ‌စောမုို‌ရှေး က “‌ကျောင်းပြိုကျပြီးကတည်းက က‌လေး‌တွေက ‌မြေကြီး‌ပေါ်မှာ စာသင်လုိုက်၊ ဘုုရား‌ကျောင်းရဲ့ Hall ခန်း(ခန်းမ)မှာ စာသင်လုိုက်လုုပ်‌နေပါတယ်။ ဘုုရား‌ကျောင်းက လည်း ‌ဆောက်လုုပ်‌နေဆဲဆုို ‌တော့ အဆင်‌ပြေသလုိုပဲ စာသင်ရ တယ်။ အခုု အတန်းတင်စာ‌မေးပွဲဆုို ဘုုရား‌ကျောင်းHall ခန်းမှာပဲ ‌ဖြေဆုိုကြတယ်”ဟုု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

အဆုိုပါ နိုု့ဖုိုးခီး စာသင်‌ကျောင်းကိုု ‌ကေအဲန်ယူကရင်အမျိုးသားအစည်းအရုုံး၏ ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KED) လက်‌အောက်ခံ စာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်ပြီး ‌ကျောင်းသူ‌ကျောင်းသား ၆ဝ ဦးအား ဆရာမ ၄ဦးမှ တာဝန်ယူ သင်ကြား‌ပေးလျက်ရှိသည်ဟုု သိရသည်။

နို့ဖုိုးခီး ‌ကျေးရွာစာသင်‌ကျောင်းကိုု အမြန်ဆုုံး ပြန်လည် တည်‌ဆောက်နုိုင်ရန် လတ်တ‌လောတွင် ခရုိုင်၊ မြို့နယ်အဆင့် ကရင် ပညာ‌ရေးနှင့်ယဉ်‌ကျေးမှုဌာန(KED)၊ လူမှုအဖွဲ့အစည်းနှင့် ‌ကျေးရွာတာဝန်ရှိသူတုို့ ကြိုးပမ်းလုုပ်‌ဆောင်လျက်ရှိသည်ဟုု တာဝန်ရှိ သူ KED အတွင်း‌ရေးမှူး ‌စော‌လောအယ်မူးက ‌ပြောသည်။

“‌ကျောင်းကိုု ပြန်လည်တည်‌ဆောက်ဖုို့က ခရုိုုင်၊ မြို့နယ်အဆင့်က ပညာ‌ရေး တာဝန်ရှိသူ‌တွေက လုုပ်‌ဆောင်‌နေပါပြီ။ ‌ကျောင်း ပြီးရင်‌တော့ ကျ‌နော်တုို့ ဘယ်လုိုပုုံစံမျိုးနဲ့ ‌ကျောင်းကိုု ဆက်လက် လည်ပတ်‌နေလဲ ဆိုတဲ့အပုိုင်းကျ ‌တော့ သက် ဆုိုင်ရာ တာဝန်ရှိသူ‌တွေနဲ့‌တွေ့ဆုုံပြီး‌တော့ ‌ဆွေး‌နွေးချမှတ်သွားမှာပါ။”ဟုု ပဒို‌စော‌လောအယ်မူးက ‌ကေအုိုင်စီသုို့ ‌ပြောသည်။

ပြိုကျသွားသည့် ဝါးစာသင်‌ဆောင်‌နေရာကိုု အစုိုးရပညာ‌ရေးဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းတုို့ကလည်း တည်‌ဆောက်‌ပေးရန်လာ‌ရောက်ကမ်းလှမ်းမှုများရှိ‌သော်လည်း ရွာသူရွာသားများဘက်က မိခင်ဘာသာစကားကိုု အပြည့်အဝ သင်ကြားခွင့်မရ မည်ကိုု စုိုးရိမ်သဖြင့် ယင်းကမ်းလှမ်းမှုကိုု လက်မခံကြ‌ကြောင်း Karen Unity Hope Network မှ ကရင်လူငယ် ‌စောမုို‌ရှေးက ‌ပြောသည်။

“သူတုို့လက်မခံတာက နှစ်ခုုရှိတယ်။ တစ်ခုုက အစုိုးရ ‌ကျောင်းလာ‌ဆောက်သွားရင် သူတုို့ ဆရာ၊ ဆရာမ‌တွေကိုပဲ ပြန်အသုုံးပြုမှာ။ ကိုုယ့်ကရင်စာ အပြည့်အဝ သင်ရမှာ မဟုုတ်‌တော့ဘူး ရယ်။ ‌နောက်တစ်ခုုက အရင်က ဆုို သူတုို့ စာသင်‌ကျောင်း ‌ကောင်း‌ကောင်း‌လေး ‌ဆောက်ထားပြီးတုိုင်း ဗမာစစ်တပ်က လာလာပြီး မီးရှို့ပစ်တယ်။ ဒီအနာ‌ဟောင်း‌တွေ‌ကြောင့် လက်မခံတာ လည်း ပါတယ်။ ရှင်းရှင်း‌ပြော ရရင် အစုိုးရပညာ‌ရေးစနစ် ကိုု သူတုို့ လုုံးဝ လက်မခံတာ။”ဟုု ‌စောမုို‌ရှေးက ‌ပြောသည်။

ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလုုပ်‌ဆောင်မှုအဖွဲ့-KTWG ထုတ်ပြန်ထားသည့် ၂၀၁၇-၁၈ ပညာသင်နှစ်စာ ရင်း အရ KNU နယ်‌မြေအတွင်း KED ပညာ‌ရေး‌အောက်တွင် အဆုိုပါ နိုု့ဖုိုးခီးစာသင်‌ကျောင်း အပါအဝင် ‌ကျောင်း ‌ပေါင်း (၁,၅၈၆)‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၈၁,၄၉၃ဦးကို ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၁၁,၂၁၉ဦးမှ ပညာသင်ကြား‌ပေးလျက်ရှိသည်ဟုု သိရသည်။

‌ကေအဲန်ယူနှင့် အစုိုးရတုို့အကြား ၂ဝ၁၂ခုုနှစ်က ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးပြီး ‌နောက်ပုိုင်း ကရင်ပြည်နယ် တွင်KNU နယ်‌မြေ အပါအဝင် နှစ်ဖက် ‌ရော‌နှောအုုပ်ချုပ်နယ်‌မြေများတွင် အစုိုးရပညာ‌ရေးဝန်ကြီး ဌာနမှ ပညာ‌ရေးဆုိုင်ရာ အ‌ထောက်အပံ့များ၊ အ‌ခြေခံ အ‌ဆောက်အဦးများအတွက် ကူညီ‌ထောက်ပံ့မှုနှင့် ပညာ‌ရေးဝန် ထမ်းများ ‌စေလွှတ်လာမှုများ ‌ကြောင့် KED ၏ ပညာ‌ရေးအတွက် ထုိုးနှက်မှု တစ်ခုုဖြစ်‌စေသည်ဟုု သုုံးသပ်‌ပြောဆုိုမှုများရှိသည်။