Home သတင်း ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲကရက်ရွာ လမ်း‌ဖောက်လုပ်မှု (၄၀) ရာခိုင်နှုန်းပြီးစီး

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိ ဘဲကရက်ရွာ လမ်း‌ဖောက်လုပ်မှု (၄၀) ရာခိုင်နှုန်းပြီးစီး

4091

မတ်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဦး‌ဆောင်ကာ ‌ဖောက်လုပ်‌ပေး‌နေသည့် ဧရာဝတီတိုင်း ‌ဒေသကြီး ကန်ကြီး‌ထောင့်မြို့နယ် အတွင်းရှိ ကရင်အမျိုးသား ‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ ‌မွေးရပ်ဇာတိဖြစ်‌သော ဘဲကရက်‌ကျေးရွာသွားသည့်လမ်း‌ဖောက်လမ်းမှုမှာ လက်ရှိတွင် (၄၀) ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်‌ကြောင်း KNU ဥက္ကဌ၏ အနီးကပ်လုံခြုံ‌ရေး တာဝန်ရှိသူ ဗိုလ်မှူး‌စောရန်နိုင်က ‌ပြောသည်။
အဆိုပါ လမ်းမှာ ရန်ကုန်-ပုသိမ် လမ်းမကြီး‌ဘေးရှိ မိ‌ချောင်းတစ်ရာ‌ကျေးရွာထိပ်မှ ဘဲကရက် ‌ကျေးရွာအထိ ဆက်သွယ်‌ဖောက်လုပ်သည့် အရှည် (၂) မိုင်ခန့် ရှည်လျား‌သော လမ်းဖြစ်ပြီး ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ လမ်းညွှန်ချက်ဖြင့် ‌ဖောက်လုပ်ခြင်းလည်း ဖြစ်သည်။
ဗိုလ်မှူး‌စောရန်နိုင်က “ အခု အ‌ခြေအ‌နေက ဒီ‌နေ့ဆို ‌မြေသားလုပ်ငန်း ပြီးပြီ‌ပေါ့။ ကတ္တရာက နည်းနည်းကြာ မယ်ဆို‌တော့ ၄ဝရာခိုင်နှုန်း‌တော့ ပြီးပြီ‌ပေါ့။ မိုးမကုန်ခင် အပြီးလုပ်မှာ‌လေ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့(မတ်လ ၆ရက်) ‌ပြောသည်။

ယခု‌ဖောက်လုပ်‌နေဆဲဖြစ်သည့် ဘဲကရက်‌ကျေးရွာလမ်းမှာ ‌မြေသားအကျယ်‌ပေ (၂၀) ‌အောက်ခံခင်းထားပြီး ‌မြေသားလမ်း‌ပေါ်တွင် (၁၄) ‌ပေ ကတ္တရာလမ်းအား ထပ်‌လောင်းခင်းပြီး ‌ဖောက်လုပ်သွားမည်ဟုု သိရသည်။
လက်ရှိတွင် အဆိုပါလမ်းကို အမျိုးသားပြန်လည်သင့်မြတ်‌ရေး နှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)၏ ခွင့်ပြုချက် ဖြင့် ‌ဖောက်လုပ်‌နေပြီး ‌ကျေးလက်လမ်းဖြစ်သည့်အတွက် အစိုးရ ‌ကျေးလက်လမ်း ဖွံ့ဖြိုး‌ရေး ဦးစီးဌာနနှင့် ပူး‌ပေါင်းကာ လုပ်‌ဆောင်‌နေခြင်းလည်း ဖြစ်သည်။
KNU ဥက္ကဌ ဗုိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး မှ ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ‌ကျောက်တိုင်သို့ သွား‌ရောက်ခဲ့ရာမှ ရွာအဝင်လမ်းခက်ခဲသဖြင့် ကရင်နှစ်သစ်ကူး‌နေ့ (ဇန်နဝါရီလ ၆ရက်)တွင် ပန္နက်ရိုက်ခဲ့ပြီး ‌နောက် ဇန်နဝါရီလ (၁၈)ရက်‌နေ့တွင် စတင်အ‌ကောင်အထည်‌ဖော်‌ဖောက်လုပ်ခြင်းဖြစ်သည်။