Home ကဗျာ ဖြစ်နိုင်ရင်

ဖြစ်နိုင်ရင်

2800

တစ်ချိန်က ပြာသိုနှင်းနဲ့အတူ
‌အောင်လံထူခဲ့ဖူးတယ်
အ‌ရောင်အ‌သွေး မတူ‌ပေမဲ့
ခံယူချက်‌တွေ တစ်ထပ်တည်းကျခဲ့တယ်။

အရုဏ်ဦး ‌နေ့ထူးနဲ့အတူ
ခံယူချက်‌တွေ ခိုင်မာခဲ့တယ်
ကတိသစ္စာ‌တွေ မြဲခဲ့တယ်
‌သွေးရင်းသားရင်းအ‌ပေါ် ရစ်တွယ်ခဲ့တယ်
နှစ်သစ်‌တွေ အလီလီ ‌ပြောင်း‌ပေမဲ့
‌မျှော်လင့်ချက်‌တွေ မ‌ပြောင်းလဲခဲ့ဘူး။

ကြီးမားကျယ်ဝန်းတဲ့ ထုထည်မှာ
‌ကျောမှီဖို့‌နေရာ မရှိ‌တော့ဘူး
ဆည်းဆာချိန် မကူးမီ‌လေး
ငြိမ်းချမ်း‌ရေးရဲ့ အခြားတစ်ဖက်မှာ
အရိုးပြာအိုး‌တွေ ‌ဆောင်ရင်း
‌သေတမ်းစာ‌တွေ ‌ရေးထားရင်းနဲ့
လည်စင်းခံ ယဇ်ပူ‌ဇော်ခဲ့တယ်။

ဆည်းဆာရဲ့ရလဒ်က လက်‌တွေ့မကျခဲ့ဘူး
‌မျှော်လင့်ချက်‌တွေ မျှားခံလိုက်ရ
ခံယူချက်‌တွေ မုဒိမ်းကျင့်ခံရ
‌မျောက်ပြဆန်‌တောင်း ‌ခေတ်ကြီးထဲမှာ
ယူနီ‌ဖောင်းက အ‌ငွေ့ကို ဖမ်းတယ်
တကယ့်အ‌ငွေ့ရဲ့ပင်ရင်းကို မရှာကြဘူး
အ‌ငွေ့ကပဲ ယူနီ‌ဖောင်းကို ပြန်စားသွားတယ်။

ဘာ‌ရေး ညာ‌ရေး မ‌ကြွေး‌ကြော်ချင်‌တော့ဘူး
ရဲ‌ဘော်ရဲဘက်‌တွေ ပြိုင်းကုန်ပြီ
အဖြူ‌ရောင်လည်း အဆိုးခံလိုက်ရပြီး
ရပ်တည်ချက်မှန်တဲ့သူကို အားနာမိတယ်
ခံယူချက်‌တွေ မုဒိမ်းကျင့်ခံရတဲ့‌နောက်မှာ

ငါ……မရှင်သန်ချင်‌တော့ဘူး
‌နေ့ထူး‌နေ့မြတ်နဲ့ပဲ အဆုံးသတ်‌နေရ
ကြာရင် စိတ် မုဒိမ်းကျင့်ခံရနိုင်တယ်
ဖြစ်နိုင်ရင် စည်းပြင်ကပဲ အား‌ပေး‌တော့မယ်။

‌စော‌ယောင့်သာအဲဆန်
၂၇၅၈ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အား ဤကဗျာဖြင့် ကြိုဆိုဂုဏ်ပြုလျက်…… ။