Home သတင်း ‌တောင်က‌လေး နှစ်သစ်ကူး‌နေ့ မြန်မာ-ထိုင်း ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲတွင် နာမည်‌ကျော် ကရင်လက်‌ဝှေ့သမား များပါဝင် ထိုးသတ်မည်

‌တောင်က‌လေး နှစ်သစ်ကူး‌နေ့ မြန်မာ-ထိုင်း ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲတွင် နာမည်‌ကျော် ကရင်လက်‌ဝှေ့သမား များပါဝင် ထိုးသတ်မည်

3822

ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ် ဖားအံမြို့နယ်၊ ဖလုံပညာ့တ‌ဝေါင့်(‌တောင်က‌လေး) နှစ်သစ် ကူးကွင်း၌ နာမည်ကြီး ကရင်လက်‌ဝှေ့ကစားသမားများပါဝင်သည့် မြန်မာ-ထိုင်းရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပွဲကြီးကို ဇန်နဝါရီလ ၇ ရက်မှ ၉ ရက်အထိ ‌နေ့လည်ပိုင်းအချိန်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

တစ်ချိန်က မြန်မာနိုင်ငံရိုးရာလက်‌ဝှေ့ချန်ပီယံ‌ဟောင်းဖြစ်သူ ‌စောငမန်းပွဲစဉ်အပါအဝင်နာမည်‌ကျော် ကရင် လက်‌ဝှေ့သမားများဖြစ်သည့် ဖျံ‌သွေး၊ ကြယ်လင်း‌အောင်၊ ‌စောမင်း‌အောင်တို့မှ ထိုင်းနိုင်ငံသား လက်‌ဝှေ့ သမား များအား ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်‌ကြောင်း နှစ်သစ်ကူးအထိမ်းအမှတ်၊ အားက စားပြိုင်ပွဲဖြစ် ‌မြောက်‌ရေးဥက္ကဌ ‌စောဘခင်က ယ‌နေ့(ဒီဇင်ဘာ ၂၆ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် ခရစ်နှစ် ၂၀၁၉ နှစ်၊ ဇန်နဝါရီလ ၆ ရက်၊ သ‌လေးထိုင်ခုတ်ဖို (ပြာသိုလ)ဆန်း ၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ်သစ်ကူး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ၃ ရက်တာပြုလုပ်မည့် ရိုးရာလက်‌ဝှေ့ စိန်‌ခေါ်ပြိုင်ပွဲတွင် ပွဲစဉ် စုစု‌ပေါင်း (၃၁) ပွဲပါဝင်မည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ကျင်းပရာတွင် ဇန်နဝါရီလ ၇ရက်‌နေ့ ကျင်းပမည့်ပွဲစဉ်အရ ‌စောမင်း‌အောင်(‌တောင်က‌လေး) နှင့် ချနာ့ လွတ်(ထိုင်း)၊ ကြယ်လင်း‌အောင်(‌တောင်က‌လေး)နှင့် ‌ဒေနပ်ခွန်း(ထိုင်း)၊ ‌နော်ဥမ္မာစိုးနှင့် ဟုန်းစဝ်(ထိုင်း) အပါအ ဝင် ပွဲ‌ပေါင်း ၁ဝ ပွဲယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဟု သိရသည်။

ဇန်နဝါရီလ ၈ ရက်‌နေ့တွင် ‌စောငမန်းနှင့် ပလင်းယား(ထိုင်း) ပွဲစဉ်အပါအဝင် (၁၁)ပွဲ၊ ဇန်နဝါရီ ၉ ရက်‌နေ့တွင် ဖျံ‌သွေးနှင့်‌ဒေလီစန်ထယန်း(ထိုင်း)၊ ရဲ‌သွေးနီနှင့် ဖစ်မိုင်(ထိုင်း)၊ ကယန်းတိုင်းရင်းသူ ဘ‌ရော်နီကာနှင့် ဖစ်ထဲ(ထိုင်း) ပွဲစဉ်များအပါအဝင် (၁၀) ပွဲအထိ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

‌တောင်က‌လေး‌ကျေးရွာ၏ ၂၇ ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အထိမ်းအမှတ် ရိုးရာလက်‌ဝှေ့စိန်‌ခေါ် ပွဲကြီးကို ထိုင်းနိုင်ငံမှ လက်‌ဝှေ့သမားများအား ဖိတ်‌ခေါ်ယှဉ်ပြိုင်ခဲ့သည်မှာ နှစ်စဉ်လိုလိုပင်ဖြစ်ပြီး ယခုနှစ်ပွဲကို Canal +ရုပ်သံလိုင်းမှ Live ထုတ်လွှင့်ပြသသွားမည်ဟုလည်း သိရသည်။