Home သတင်း ‌ရေကြီးမှု‌ကြောင့် ကရင်ပြည်နယ်အတွင်း လယ်ဧက ၅ဝ,ဝဝဝ ‌ကျော် ‌ရေဖုံးလွှမ်းခံရ

‌ရေကြီးမှု‌ကြောင့် ကရင်ပြည်နယ်အတွင်း လယ်ဧက ၅ဝ,ဝဝဝ ‌ကျော် ‌ရေဖုံးလွှမ်းခံရ

2197
ဖားအံမြို့ရှိ ‌ရေဖုံးလွှမ်းခံရ‌သော မိုးစပါး လယ်ကွင်းတစ်ခု

ဩဂုတ် ၂ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် ဇူလိုင်လ တတိယအပတ်မှ စတင်ကာမိုးအဆက်မပြတ် ရွာသွန်းပြီး သံလွင်မြစ်‌ရေ မြှင့်တက်လာမှု‌ကြောင့် ပြည်နယ်အတွင်း စိုက်ပျိုးထား‌သော မိုးစပါး လယ်ဧက‌ပေါင်း ၅၂,၈၉၇ ဧက ‌ရေဖုံးလွှမ်းသွား‌ကြောင်း ပြည်နယ် စိုက်ပျိုး‌ရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လယ်ဧက‌ပေါင်း ၁၉၅,၄၂၃ ဧကတွင် ‌ရေကြီးမှု‌ကြောင့် လယ် ဧက ၅ဝ,ဝဝဝ(ငါး‌သောင်း)‌ကျော် ‌ရေဖုံးလွှမ်းခံရပြီး လက်ရှိ ‌ရေလွှမ်းဖုံးလွှမ်းခံရသည့် လယ်‌မြေအ‌ခြေအ‌နေများ နှင့်ပတ်သက်၍ ပြည်နယ်စိုက်ပျိုး‌ရေး ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးဝင်းလှိုင်ဦးက ယခုလို ‌ပြောသည်။

၎င်းက “ အခု ၂ ရက်အတွင်း ‌ရေအနည်းငယ်ပြန်ကျ‌တော့ စပါး‌တွေစပြီး‌ပေါ်လာပါပြီ။ ဆက်တိုက် ဧက‌တွေ ‌ပေါ်လာ‌တော့မှာ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ စပါးအများစုက ပျိုးခင်း‌တွေ၊ စိုက်ပြီးခါစ အခင်း‌တွေ၊ သက် တမ်းနုတဲ့ အပင်‌လေး‌တွေ အဲ့ဒီအခင်း‌တွေ ပျက်ပါတယ်။ သက်တမ်းလည်းရှိပြီးဆိုရင် ‌ရေလွှမ်း‌ပေမယ့် ခံနိုင်ရည် ရှိပါတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် လယ်‌မြေဧက‌ပေါင်း ၁၉ ဝ,ဝဝဝ(တစ်သိန်းကိုး‌သောင်း) ‌ကျော်ရှိ သည့်အနက် မြစ်‌ရေအနည်းငယ်ကျဆင်းသွားမှု‌ကြောင့် ယ‌နေ့အထိ စာရင်းအရ ၅,၆၄၃ ဧက ပြန်‌ပေါ်လာပြီး ၁၅၆ ဧက ပျက်စီးသွားသည်ဟု စိုက်ပျိုး‌ရေး ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးဝင်းလှိုင်ဦးက ဆက်လက်‌ပြော သည်။

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများ‌ကြောင့် ‌ရေလွှမ်းမိုးခံရ‌သော မိုးစပါး လယ်ဧကများမှာ ဖားအံမြို့နယ်တွင် ၄၂,၄၈ဝ ဧက၊ လှိုင်းဘွဲမြို့နယ် ၃,၀၉၁ ဧက၊ ဖာပွန်မြို့နယ် ၈၇၉ဧက၊ ‌ကော့ကရိတ်မြို့ နယ် ၅,၈၇၅ ဧက၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၂၇၉ ဧကနှင့် မြဝတီမြို့နယ်တွင် ၂၉၃ဧကတို့ ဖြစ်သည်ဟု ပြည် နယ်စိုက်ပျိုး‌ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ လယ်ယာပျက်စီးဆုံးရှုံးသွား‌သော ‌တောင်သူများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများ ‌ထောက်ပံ့ ‌ပေးခြင်းအပြင် စိုက်ပျိုးရလွယ်ကူ‌စေရန် မျိုး‌စေ့ချစက်များ ၊ မျိုး‌စေ့ကြဲစက်များဖြင့် ကူညီ‌ပေးခြင်း ၊ ‌ရေဖုံးလွှမ်း သွားပြီး ပြန်‌ပေါ်လာ‌သောအခင်းများအား ပိုးမွှားများ မကျ‌စေရန် ကာကွယ်‌ပေးခြင်းများ၊ အထွက်နှုန်းများ မ ထိခိုက်‌စေရန် ‌ဆောင်ရွက်ရမည့် နည်းပညာများအား လက်‌တွေ့‌ဆောင်ရွက်နိုင်‌စေရန် လိုက်လံ‌ဟော‌ပြောြ ခင်းများကို စိုက်ပျိုး‌ရေးဝန်ကြီးဌာနမှ ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အ‌နေဖြင့်လည်း ပဲခူးတိုင်း၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ‌ရေကြီးမှု‌ကြောင့် ထိခိုက်ပျက်စီးသွား‌သော လယ်ယာ‌မြေများအား မျိုးနှင့်သွင်းအားစု ဓာတ်‌မြေဩ ဇာများ ရရှိ‌ရေး ‌ပေါင်းစပ်ကူညီ‌ပေးခြင်းနှင့် ထွန်ယက်‌ရေးအစီအစဉ်များ ဝန်‌ဆောင်မှု‌ပေးခြင်း စသည့် လုပ်ငန်းများကို စွမ်းအားရှိသမျှ ပူး‌ပေါင်းကူညီ‌ဆောင်ရွက်‌ပေးသွားမည်ဟု ဇူလိုင်လ (၃၁)ရက်‌နေ့ သတင်းထုတ်ပြန် ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ကရင်ပြည်နယ်တွင် နှစ်စဉ် မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်‌ရေကြီးမှုများ‌ကြောင့် လယ်‌မြေများတွင် ‌ရေနစ်မြှုပ်မှုများဖြစ်‌ပေါ်‌လေ့ရှိ‌သော်လည်း ယခုနှစ်ကဲ့သို့ ဆိုးရွားသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌လေ့မရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။