Home သတင်း ‌ရေ‌ဘေးသင့် ‌ဒေသများတွင် MPT အချင်းချင်း မိနစ် ၃ဝ အခမဲ့ ‌ခေါ်ဆိုခွင့်ပြု

‌ရေ‌ဘေးသင့် ‌ဒေသများတွင် MPT အချင်းချင်း မိနစ် ၃ဝ အခမဲ့ ‌ခေါ်ဆိုခွင့်ပြု

1773
ကရင်ပြည်နယ်ရှိ ‌ရေ‌ဘေး‌ရှောင်များ

ဩဂုတ် ၃ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော ‌ရေ‌ဘေးဒဏ် ကြုံ‌တွေ့‌နေရသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအ‌ရှေ့ခြမ်း‌ဒေသရှိ မြို့နယ် ၁၈မြို့ နယ်တွင် MPT ဖုန်းအချင်းချင်း မိနစ်သုံးဆယ် အခမဲ့ ဖုန်း‌ခေါ်ဆိုခွင့်ပြုသွားမည်ဟု ဩဂုတ် ၃ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပေးပို့လာ သည့် MPT ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ အစီအစဉ်ကို ဩဂုတ် ၃ရက်‌နေ့မှ စတင်ကာ ရက် ၃ဝအတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သီးခြား‌လျှောက်ထားရန် မလိုဘဲ MPT က မက်‌ဆေ့(SMS) ‌ပေးပို့သွားမည်ဟု ၎င်းသတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အခမဲ့ ဖုန်း‌ခေါ်ဆိုခွင့်ရရှိမည့် မြို့နယ်များမှာ ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်နှင့် ကြာအင်းဆိပ် ကြီးမြို့နယ်တို့ ပါဝင်ပြီး မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ကျိုက်မ‌ရောမြို့နယ်တို့ ပါဝင်သလို ပဲခူးတိုင်း‌ဒေသကြီး အ‌ရှေ့ခြမ်းရှိ မြို့နယ်များဖြစ်‌သော ‌ညောင်‌လေးပင်၊ ပဲခူး၊ ‌ရွှေကျင်၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ ‌တောင်ငူနှင့် ‌ကျောက်ကြီးမြို့နယ်တို့ ပါဝင်‌ကြောင်း MPT ထံမှ သိရသည်။