Home သတင်း အလုပ်‌လျှောက်သူထံ ‌ငွေ‌တောင်းခြင်းမရှိဟု လက်‌ထောက်မီးသတ်ဦးစီး‌ပြော

အလုပ်‌လျှောက်သူထံ ‌ငွေ‌တောင်းခြင်းမရှိဟု လက်‌ထောက်မီးသတ်ဦးစီး‌ပြော

3920
ခလယ်-တံခွန်တိုင် တိုက်နယ် မီးသတ်စခန်း လက်‌ထောက်ဦးစီးမှူး ဦး​‌အောင်​မျိုးဦး-Photo_KIC

ဩဂုတ် ၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ် မီးသတ်စခန်းတွင် မီးသတ်အလုပ် လာ‌လျှောက်ထား သူများကို ‌ငွေကျပ် နှစ်သိန်းစီ‌တောင်းယူသည်ဟု ကျိုက်မ‌ရော-မုံဒုံ သတင်းစုံ ‌ဖေ့ဘွတ်စာ မျက်နှာတွင် အမည်မ ‌ဖော်ထားသူက ‌ရေးသားထားခြင်းသည် မှန်ကန်ခြင်းမရှိဟု ယင်းမီးသတ်စခန်းမှ လက်‌ထောက်ဦးစီးမှူး ဦး​‌အောင်​မျိုးဦး ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုက်မ‌ရော-မုံဒုံ သတင်းစုံ ‌ဖေ့ဘွတ်စာမျက်နှာတွင် တံခွန်တိုင် တိုက်နယ် မီးသတ် စခန်းမှ လက်‌ထောက်မီးသတ်ဦးစီးမှူး ဦး​‌အောင်​မျိုးဦးသည် အလုပ်လာ‌လျှောက်ထားသူများထံတွင် ‌ဖောင်ဖြည့် ချိန် ‌ငွေ ၈ဝ,ဝဝဝ ကျပ် ‌တောင်းပြီး အလုပ်ကျမည်ဟု ထပ်မံ‌ပြောဆိုကာ ‌ငွေ နှစ်သိန်း ထပ်မံ ‌တောင်းသည်ဟု ဇူလိုင် ၃၁ ရက်‌နေ့ တွင် ပြည်သူ့‌ပေးစာ‌ခေါင်းစဉ်ဖြင့် ‌ဖော်ပြထားခြင်းအ‌ပေါ် ၎င်းက ယခုလို ‌ပြောသည်။

၎င်းက “မီးသတ်တပ်ဖွဲ့ဝင် ‌လျှောက်ချင်လို့ ကူညီ‌ပေးတာပဲ ရှိတယ်။ ခလယ်ရွာ‌လေးက တစ်‌ယောက်ဆို သွား လာဖို့ ပိုက်ဆံမရှိလို့ ကျ‌နော်ဆိုင်ကယ်နဲ့ ဆီထည့်ပြီး မိတ္တူကူး‌ပေးတာကအစ မြို့နယ်ကိုသွားဖို့အထိ ကျ‌နော် ကူညီ ‌ပေးတယ်။ တစ်ပြားမှ ‌တောင်းယူတာ မရှိဘူး။ ဆိုင်ရာ မိဘ‌တွေကို ‌မေးကြည့်လို့ ရပါတယ်။ ရွာက‌နေ ပြင်ဦးလွင် မီးသတ်သင်တန်း‌ကျောင်းကို သွားတက်ဖို့ မင်းတို့ ‌ငွေ နှစ်သိန်း‌လောက်‌တော့ ယူသွားပါ။ သင်တန်း ကိစ္စ‌တွေ ယူနီ‌ဖောင်း‌တွေ ဝယ်ရမယ် အဲ့လို‌ပြောခဲ့တယ်။ အခုလို ‌ရေးသားစွပ်စွဲ‌ပြောဆိုတာ‌တော့ အရှက်ရ ‌စေ တာ‌ပေါ့ဗျာ။ ဂုဏ်သိက္ခာလည်း ထိခိုက်တယ် ” ဟု ဩဂုတ်လ ၂ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ခလယ်ရွာမှ ပြင်ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့ သင်တန်း‌ကျောင်းသို့ သွားတက်‌နေသူ ‌စောလပြည့်ထွန်း၏ မိခင် ဖြစ်သူကလည်း အဆိုပါ လက်‌ထောက် မီးသတ်ဦးစီးမှူးကို ‌ငွေ‌ပေးရခြင်းမရှိသလို မိမိတို့အတွက် ဂုဏ်သိက္ခာထိ ခိုက်မှုအ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိ‌ကြောင်း ‌ကေအိုင်စီသို့ ရှင်းလင်း‌ပြောဆိုသည်။

‌ဒေါ်မူသယ်က “ ဆရာဆီမှာ ကျမပိုက်ဆံ နှစ်သိန်းအပ်ထားတယ်ဆိုတာက က‌လေးခရီးစရိတ် သွားလာဖို့ အတွက်ပါ။ လက်ထဲမှာထားရင် ကုန်သွားမှာလည်း ‌ကြောက်တယ်။ ကျမတို့က မသွားလာတတ်ဘူး။ ဆရာကိုပဲ အားကိုးရတယ်။ အင်တာဗျူးလားမသိဘူး ဖားအံမြို့ နှစ်‌ခေါက်၊ ကြာအင်းဆိပ်ကြီး သုံး‌ခေါက်၊ ဆရာပဲ ကူညီ ပို့‌ဆောင်‌ပေးတာပါ။ ကိုယ့်အတွက်နဲ့ ဆရာနာမည်ပျက်ရတာ စိတ်မ‌ကောင်းပါဘူး” ဟု ဩဂုတ်လ ၂ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ရာဌာနက စစ်‌ဆေးမှုပြုလုပ်သွားမည် ဖြစ်ပြီး မည်သူတစ်ဦးတစ် ‌ယောက်ကိုမှ ထိခိုက်နှစ်နာ‌စေရန် မရည်ရွယ်‌သော်လည်း အများအမြင်ရှင်း‌အောင် ပြန်လည်ရှင်းလင်းမှု ပြုလုပ်သွားမည်ဟု လက်‌ထောက်ဦးစီးမှူး ဦး​‌အောင်​မျိုးဦးက ‌ပြောသည်။