Home သတင်း ‌ရေအကျ‌နှေးသဖြင့် ‌ရေ‌ဘေး‌ရှောင်ပြည်သူများ အိမ်ပြန်ရန်ခက်ခဲဆဲ

‌ရေအကျ‌နှေးသဖြင့် ‌ရေ‌ဘေး‌ရှောင်ပြည်သူများ အိမ်ပြန်ရန်ခက်ခဲဆဲ

1922
ဖားအံမြို့ရှိ ‌ရေ‌ဘေးဒုက္ခသည်စခန်းတစ်ခု

ဩဂုတ် ၂ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၂ရက်‌နေ့က စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်‌ရေ ပြည့်လျှံလာမှု‌ကြောင့် အိုးအိမ်စွန့်ခွာပြီး ‌ရေ‌ဘေး‌ရှောင်စခန်းများတွင် ခိုလှုံ‌နေရသည့် ဖားအံ‌နေပြည်သူများအ‌နေဖြင့် လတ်တ‌လော အ‌ခြေအ‌နေထိ အိမ်ပြန်ရန် အခက်အခဲဖြစ်‌ပေါ်‌နေဆဲရှိသည်ဟု သိရသည်။

လက်ရှိတွင် ‌ရေပြန်ကျ‌သော်လည်း သံလွင်မြစ်‌ရေ၏ စိုးရိမ်‌ရေမှတ် ၅ ‌ပေအထက်ရှိ‌နေ‌သေးသလို ‌ရေ‌ဘေး‌ရှောင် ပြည်သူများ၏ ‌နေအိမ်များ နစ်မြှုပ်‌နေ‌သေးသည့်အတွက် ယာယီ ‌ရေ‌ဘေး‌ရှောင် ကယ်ဆယ်‌ရေးစခန်းများတွင် ဆက်လက် ခိုလှုံ‌နေရမည့် အ‌ခြေအ‌နေရှိ‌နေဆဲဖြစ်သည်ဟု ကူညီကယ်ဆယ်‌ရေးလုပ်ငန်းတွင် ပါဝင်သည့် ဖားအံမြို့ခံတစ်ဦးဖြစ်သူ ကိုမြင့်‌အောင်က ယခု လို ‌ပြောသည်။

“‌ရေ‌ဘေး‌ရှောင်‌တွေ အိမ်ပြန်လို့မရ‌သေးဘူး။ ‌ရေကအခုမှ ၁‌ပေ‌ကျော်ဘဲကျ‌သေးတယ်။ ‌ရေပြန်ကျပြီး သူတို့‌တွေ တချို့အိမ်ပြန် နိုင်ဖို့က ကြာအုံးမယ်။ ကယ်ဆယ်‌ရေးစခန်းမရှိတဲ့ ရွာ‌တွေမှာလည်း အခုထဲ အကူအညီ‌တွေ လိုအပ်‌နေတုန်းပါပဲ”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာအရ ယ‌နေ့အထိ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း ၅၃ခု ဖွင့်လှစ်‌ပေးထားရပြီး ‌ရေ‌ဘေး ‌ရှောင် ပြည်သူ ၃၇၀၀၀‌ကျော် ကယ်ဆယ်‌ရေးစခန်းသို့ သွား‌ရောက်ခိုလှှုံရသည့်အပြင် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းမရှိဘဲ ‌ရေနစ် မြှုပ်သည့် ‌ကျေးရွာအ‌မြောက်အများလည်း ရှိ‌နေ‌သေးသည်ဟု သိရသည်။

ကရင်ပြည်နယ် ‌ရေလွှမ်းမိုးမှု‌ကြောင့် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ထားရ‌သော်လည်း လက်ရှိတွင် အဆိုပါ ‌ရေ‌ဘေး ကယ်ဆယ်‌ရေးစခန်းများအား ထပ်တိုးပြီး ဖွင့်လှစ်ရန် အ‌ခြေအ‌နေမရှိ‌သေး‌ကြောင်းလည်း ပြည်နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦးလင်းထွဋ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကရင်ပြည်နယ်မှာ ‌ရေ‌ဘေးသင့်ခံရ အများဆုံးက ဖားအံမြို့နယ်ပဲ ဖားအံက ရွာအပါအဝင် မြို့ထဲမှာ‌ကော တစ်ပြိုင်နက် တည်း ခံ‌နေရတယ်။ ကယ်ဆယ်‌ရေးစခန်းက ထပ်တိုးဖို့‌တော့ အစီအစဉ်မရှိ‌လောက်‌တော့ဘူး။ မိုးဇလက ‌ပြောတာက ‌နောက် လာမယ့် နှစ်ရက်ကျရင် ‌ရေကျ‌တော့မယ်ဆို‌တော့ အ‌ခြေအ‌နေ ‌ကောင်းသွားမှာပါ”ဟု ‌ပြောသည်။

ယ‌နေ့(ဩဂုတ် ၂ရက်) မိုး‌လေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သံလွင်မြစ်‌ရေသည် ဖားအံမြို့၏ စိုးရိမ် ‌ရေမှတ်ထက် ၅‌ပေခန့် ‌ကျော်လွန်လျက်ရှိသလို ‌နောက်ထပ်နှစ်ရက်အတွင်း ၁‌ပေခန့်သာ ကျဆင်းနိုင်‌သေး‌ကြောင်းနှင့် ယင်းမြစ် ‌ရေမှာ ဖားအံမြို့၏ စိုးရိမ်‌ရေမှတ်အထက် ဆက်လက် တည်ရှိ‌နေအုံးမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။