Home သတင်း ဧရာဝတီတိုင်း၊ မြို့နယ်စာယဉ်များ စု‌ပေါင်း‌ဆွေး‌နွေးပွဲတွင် ကရင်စာ‌ပေဆိုင်ရာ ဆုံးဖြတ်ချက် (၈)ရပ် ချမှတ်

ဧရာဝတီတိုင်း၊ မြို့နယ်စာယဉ်များ စု‌ပေါင်း‌ဆွေး‌နွေးပွဲတွင် ကရင်စာ‌ပေဆိုင်ရာ ဆုံးဖြတ်ချက် (၈)ရပ် ချမှတ်

2116

ဇူလိုင် ၂၆ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီများ စု‌ပေါင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ယမန်‌နေ့(ဇူလိုင် ၂၅ရက်)က ‌ညောင်တုန်းမြို့နယ် ‌ဖောင်ရိုး‌ချောင်း ‌ကျေးရွာ၌ ကျင်းပခဲ့ပြီး ‌ဆွေး‌နွေးပွဲအပြီးတွင် ဆုံးဖြတ်ချက် (၈)ချက် ချမှတ်ခဲ့‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို လွှတ်‌တော်တွင် တင်ပြနိုင်‌ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ယင်း‌ဆွေး‌နွေးမှု များမှတဆင့် ၎င်းဆုံးဖြတ်ချက်များ ချမှတ်ရခြင်းနှင့်ပတ်သက်၍ ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ယခုလို ‌ပြောသည်။

၎င်းက “တစ်‌ဒေသနဲ့တစ်‌ဒေသ ‌တွေ့ဆုံပြီး‌တော့ ကရင်စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စ‌တွေမှာ ဖြစ်တည်‌နေတဲ့ အ‌ခြေအ‌နေ‌တွေ၊ ဖြစ်‌ပေါ်‌နေတဲ့ အခက်အခဲ‌တွေကို ဖလှယ်ပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်။ တစ်‌ယောက်နဲ့တစ်‌ယောက် ဘာအကူအညီ ‌ပေးနိုင်မလဲ။ တို့စု‌ပေါင်းပြီး‌တော့ လွှတ်‌တော်ကို ဘယ်လိုတင်မလဲ။ စု‌ပေါင်းပြီး စည်းလုံးညီညွတ်မှုအားနဲ့ တို့လိုချင်တဲ့ အခွင့်အ ‌ရေးကို ဘယ်လို‌တောင်းဆိုမလဲ စတဲ့နည်းလမ်းရှာတာလည်းဖြစ်တယ်။”ဟု ‌ပြောသည်။

ယင်းဆုံးဖြတ်ချက်များမှာ ကရင်စာ‌ပေကို အ‌ခြေခံပညာ‌ကျောင်းများတွင် တစ်ပတ်အတွင်း ၁ရက်မှ ၃ရက်အထိ ထည့်သွင်းသင် ကြားနိုင်ရန်၊ ကရင်စာ‌ပေနှင့်ပတ်သက်၍ သင်‌ထောက်ကူပစ္စည်းများအား ပံ့ပိုး‌ပေးရန်၊ ပိုး/စ‌ကောကရင် KG တန်းသင်ရိုးသစ်ကို အမြန်ဆုံး ထုတ်‌ဝေရန်၊ စာသင်ချိန်တွင် သင်ရိုးညွှန်းတမ်း ထုတ်‌ပေးခြင်းနှင့် လစဉ် မာတိကာများပါ ပူးတွဲထုတ်ပြန်‌ပေးရန်တို့ ပါဝင်သည်။

ထို့အပြင် ‌နွေရာသီ ကရင်စာ‌ပေ သင်ကြားရာတွင် လက်ရှိပညာ‌ရေးဌာနမှ ထိ‌ရောက်သည့် ညွှန်ကြားချက်များ မရရှိသည့်အ တွက် တိုင်းစာယဉ်အဖွဲ့မှ ကူညီ‌ပေးရန်၊ ကရင်စာ‌ပေ သင်ကြား‌ပေးမည့် ဆရာ/ဆရာမများ၏ အရည်အ‌သွေးကို စီစစ်ရန်နှင့် သင် ကြားမည့် ဆရာ/မများအား ခန့်အပ်ရာတွင် မြို့နယ်စာယဉ်မှ ‌ထောက်ခံ‌ပေးရန်၊ ကရင်စာ‌ပေ ခိုင်မာ‌စေ‌ရေးအတွက် ဥပ‌ဒေတစ်ခု ပြဌာန်း‌ပေးနိုင်ရန် ပြည်‌ထောင်စုလွှတ်‌တော်တွင် ဥပ‌ဒေကို အတည်ပြုပြဌာန်းနိုင်ရန် စသည့်အချက်များ ပါဝင်သည်ဟု ‌ညောင် တုန်းမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်း‌အောင်မျိုးဦးက ‌ပြောသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ အဖွင့်အမှာစကား‌ပြောကြားပြီး တိုင်း‌ဒေသကြီး လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး လွှတ်‌တော်ကိုယ်စားလှယ် မန်း‌ကျော်ဆန်းမှ ‌ကော်မတီ၏ လုပ်ပိုင် ခွင့်များအား ရှင်းလင်းတင်ပြခြင်းများ၊ မြို့နယ်အသီးသီးမှ ကရင့်‌ရေးရာကိစ္စများကို စု‌ပေါင်း‌ဆွေး‌နွေးခြင်းနှင့် ရရှိလာသည့် ရလဒ်များကို တိုင်းရင်းသား‌ရေးရာဝန်ကြီးအား တင်ပြခြင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးနှင့် တိုင်းရင်းသား‌ရေးရာ‌ကော်မတီအား ‌မေးမြန်းခြင်းနှင့် ပြန်လည် ‌ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကန်ကြီး‌ဒေါင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းစန်းဝင်းက “‌ကျောင်းချိန်ပြင်ပထက် ‌ကျောင်းတွင်းပညာ ‌ရေးဖြစ်ဖို့ကို နိုင်ငံ‌တော်အစိုးရက‌နေပြီး‌တော့ အမှန်တကယ် အသိအမှတ်ပြုပြီး လုပ်‌ဆောင်‌ပေးခြင်းအားဖြင့် တိုင်းရင်းသား စည်း လုံးညီညွတ်‌ရေးကို ပိုပြီး‌တော့ အကျိုးပြု‌စေတယ်။ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရဲ့ သ‌ဘောတူညီ ချက်နဲ့လုပ်ရင်‌တော့ ပိုပြီး‌တော့ သွက်လက်မြန်ဆန်တာ‌ပေါ့‌နော်။ အဲဒီလို နားလည်မှုယူပြီး‌တော့ လုပ်‌ဆောင်ရင်‌တော့ ပြည် ‌ထောင်စုဝန်ကြီး အဆင့်အထိဆို ပိုမြန်တာ‌ပေါ့‌နော်။ ဒါက‌တော့ တိုင်း‌ဒေသကြီးအစိုးရရဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုအ‌ပေါ် မူတည် တယ်”ဟု အကြံ‌ပေး‌ပြောဆိုသည်။

၎င်းအပြင် ယခုလို‌ဆွေး‌နွေးပွဲများတွင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီးနှင့် မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများသာမ က စာ‌ပေသင်ကြား‌ရေးနှင့် ပတ်သက်သည့် ပညာ‌ရေးဝန်ကြီးဌာနအပြင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စသည့် သက်ဆိုင်ရာ ဌာနများ ပါဝင်လာပါက ပို၍ ထိ‌ရောက်မှု ရနိုင်မည်ဖြစ်‌ကြောင်း အကြံ‌ပေး‌ဆွေး‌နွေးမှုများလည်းရှိ‌ကြောင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်သူများ၏ ‌ပြောပြချက်များအရ သိရသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို ‌ညောင်တုန်းမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင် ကျင်းပပြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ အပါအဝင် မြို့နယ် ၂၂မြို့နယ်ရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများမှ ဥက္ကဌများနှင့် အဖွဲ့ဝင်များ စုစု‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။