Home သတင်း ဘုရားသုံးဆူ ‌မြေစာရင်းဦးစီးမှူး ‌မြေကွက်ကိစ္စ စစ်‌ဆေးခံထားရ

ဘုရားသုံးဆူ ‌မြေစာရင်းဦးစီးမှူး ‌မြေကွက်ကိစ္စ စစ်‌ဆေးခံထားရ

2623
အငြင်းပွားမှု ရှိသည့် ‌မြေ‌နေရာ

ဇူလိုင် ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးကို ‌မြေကွက်ကိစ္စ အရှုပ်အရှင်းများနှင့် ပတ်သက်၍ ခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနက ဦး‌ဆောင်ကာ ဌာနအတွင်း စစ်‌ဆေးမှုများ ပြုလုပ်ထားသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်စိုးဦးက ဇူလိုင် ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသိုု့ ‌ပြောသည်။

“ဇူလိုင်လထဲမှာပဲ သွားစစ်‌ဆေးတယ်။ စိစစ်ပြီး တင်ပြထားတဲ့ အချိန်ပဲရှိ‌သေးတယ်။ တင်ပြ‌တော့ခရိုင်‌ရောက်မယ်၊ ခရိုင်က‌နေ ပြည်နယ်ကို ‌ရောက်မယ်၊ ပြည်နယ်က‌နေ ဝန်ကြီးချုပ်ဆီဖတ်ပြီး သူတို့ဆုံးဖြတ်မှာ‌ပေါ့ဗျာ။ ရုံး လုပ်ငန်းကိစ္စဖြစ်တဲ့အတွက် ‌ပြောလို့မရဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်စိုးဦးက ‌ပြော သည်။

ယခုလို ‌မြေစာရင်းဦးစီးမှူးကို စစ်‌ဆေးရခြင်းမှာ ဘုရားသုံးဆူမြို့ အမှတ် ၄ ရက်ကွက် ‌ရွှေသာ‌လျောင်း ဘုရား ဝန်းကျင် ရဟန္တာရုပ်ပွား‌တော် တည်ရှိရာ‌နေရာအနီးတစ်ဝိုက် ယခင်သာသနာ့‌မြေ‌ပေါ်တွင် အိမ်‌ခြေ ၂ဝ ခန့်နှစ် ၃ဝ နီးပါး ‌နေထိုင်သူများကို ဖယ်ရှားခိုင်းရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့သလို ‌နေအိမ် အနီးရှိ‌မြေကွက်များကို အကွက်‌ဖော် ‌ရောင်းချခဲ့သည့်အတွက်ဖြစ်သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁၊ ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်အ‌ပေါ် လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူးဦး‌ဇော်‌ဇော်က “‌ဒေသခံ‌တွေ က‌တော့ ‌မြေလွတ်ဆိုပြီး ‌ပြောတယ်‌ပေါ့‌နော်။ ကျ‌နော်တို့မှာ စာရင်းဇယားအရ‌တော့ မူလပိုင်ရှင်‌တွေ ရှိထားပါ တယ်။ ၃၉ လည်း ကျထားပါတယ်။ သူတို့‌ပြောသလို မတရားလုပ်ထားတယ်၊ လုပ်ထုံးလုပ်နည်း အလွဲသုံးစား လုပ်တယ်ဆိုတာ အထက်က စစ်‌ဆေးဆုံးဖြတ်ပြီး ‌ပေါ်ရင် ခံရမှာ‌ပေါ့။ ဟုတ်တယ်ဆို‌တော့လည်း ဆက်တာဝန် ထမ်း‌ဆောင် တယ်‌ပေါ့။ အိမ်‌တွေ ‌ရွှေ့တာ ပြုတာ ‌မောင်းထုတ်တာ ဘာမှမရှိဘူး။ မဟုတ်ပဲနဲ့ ဟို‌လေးတစ်‌ကျော် ‌ပြောခံရ‌တော့ ရှက်တယ်” ဟု ဇူလိုင် ၂၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အဆိုပါ‌နေရာတွင် နှစ် ၃ဝ ‌နေထိုင်ခဲ့သူများကို မြို့နယ် ‌မြေစာရင်း ဦးစီးမှူး ဖြစ်သူက နှင်ထုတ်ခြင်းများ ရှိပြီး ဆရာ‌တော်ကလည်း စွန့်လွှတ်‌မြေ ဖြစ်သည့်အတွက် သက်ဆိုင်ခြင်းမရှိ‌တော့‌ကြောင်း မိန့်ကြားထားသလို လက်လုပ်လက်စားများဖြစ်သည့် အတွက် ‌ပြောင်း‌ရွှေ့‌ပေး‌ရေး အဆင်မ‌ပြေ‌ကြောင်း လက်ရှိ ‌နေထိုင်‌နေသူ နန်း ညွန့်စိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ဘုရားသုံးဆူမြို့၊ ‌မြေစာရင်းဦးစီးမှူးကို ဌာနတွင်း စုံစမ်း စစ်‌ဆေးမှုပြုလုပ်ပြီး ‌တွေ့ရှိချက်များနှင့် ပတ်သက်၍ ခရိုင်အဆင့်မှ ပြည်နယ်အဆင့် တာဝန်ရှိသူများထံ တင်ပြထားပြီး တစုံတရာ ဆုံးဖြတ်ချက်ချ အ‌ရေးယူမှု ပြုလုပ်ထားခြင်းမရှိ‌သေး‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။