Home သတင်း ဆိုင်းဘုတ်မဖြုတ်ဘဲ အမျိုး ဘာသာ သာသနာ‌စောင့်‌ရှောက်‌ရေးလုပ်ငန်း ဆက်လုပ်မည်ဟု ပြည်နယ်မဘသအဖွဲ့ ဆုံးဖြတ်

ဆိုင်းဘုတ်မဖြုတ်ဘဲ အမျိုး ဘာသာ သာသနာ‌စောင့်‌ရှောက်‌ရေးလုပ်ငန်း ဆက်လုပ်မည်ဟု ပြည်နယ်မဘသအဖွဲ့ ဆုံးဖြတ်

2561

ဇူလိုင် ၂၄ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာ‌စောင့်‌ရှောက်‌ရေးအဖွဲ့မှ မဘသဆိုင်းဘုတ်နှင့် သာသနာ‌စောင့်ရှာက်‌ရေးလုပ်ငန်း ဆက် လက် လုပ်‌ဆောင်သွားမည်ဟု ဇူလိုင် ၂၃ရက်‌နေ့ ဖားအံမြို့ မဲ‌ဘောင်‌ကျောင်းတိုက်တွင် ပြုလုပ်သည့် မဘသအဖွဲ့ အထူးအစည်း အ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်။

ပြည်နယ် မဘသအဖွဲ့ ဥက္ကဌ ဦးကဝိဓဇက နိုင်ငံ‌တော်သံဃာ့မဟာနာယကအဖွဲ့အ‌နေဖြင့် အမျိုး ဘာသာ သာသနာ ဖွံ့ဖြိုးတိုး တက်‌စေရန် ဦး‌ဆောင်မလုပ်သည့်အတွက် လုပ်‌ဆောင်ရခြင်းဖြစ်‌ကြောင်း ယခုလို မိန့်ကြားခဲ့သည်။

“သူတို့က တရားမဝင် ဖျက်သိမ်းရမယ်ဆို‌တော့ ဖျက်သိမ်းတာကို‌တော့ လုံးဝ လာမ‌ပြောနဲ့။ လုံးဝလည်း မဖျက်ဘူး။ ဆိုင်းဘုတ်ကိုလည်း ဖြုတ်‌ပေးရမယ်ဆို‌တော့ ဆိုင်းဘုတ်လည်း လုံးဝ မဖြုတ်ဘူး။ ‌အေး‌အေး‌ဆေး‌ဆေး ‌နေချင်တယ်။ ဒါ‌တွေကို ဘာမှ‌ပြော စရာ မလိုပါဘူး။ တိုင်းပြည်ကိုလည်း ဒုက္ခ‌ပေးတာ မဟုတ်ဘူး။ မဟနကို ဒုက္ခ‌ပေးတာလည်း မဟုတ်ဘူး။ ကိုယ့်အမျိုး ကိုယ့်ဘာ သာ သာသနာကို ကာကွယ်ဖို့ ဆိုင်းဘုတ်”ဟု မိန့်ကြားခဲ့သည်။

ဇူလိုင်လ ၂ဝရက်‌နေ့က ရန်ကုန်မြို့ ကမာ္ဘ‌အေးကုန်း‌မြေရှိ သာသနာ့ရိပ်သာ‌နေရာတွင် ကျင်းပသည့် သတ္တမအကြိမ်‌မြောက် နိုင်ငံ ‌တော်သံဃာ့ မဟာနာယကအဖွဲ့၏ ၄၇ပါး စုံညီအစည်းအ‌ဝေးတွင် အမျိုးဘာသာ သာသနာ‌စောင့်‌ရှောက်‌ရေးအဖွဲ့-မဘသမှ ‌ပြောင်းလဲဖွဲ့စည်းထားသည့် ဗုဒ္ဓဓမ္မပရဟိတ‌ဖောင်‌ဒေးရှင်းသည် တရားမဝင် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်‌ကြောင်း ၎င်းအဖွဲ့အမည် နှင့် ဆိုင်းဘုတ်များကို ၄၅ရက်အတွင်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

ဦးကဝိဓဇက “မဘသကြီးကို အကုန်ဖျက်ရမယ်ဆိုတုန်းက မခံနိုင်လို့ စိတ်လိုက်မာန်ပါ ပြန်‌ပြောမိပါတယ်။ ‌တောင်းပန်ပါတယ်။ ဝန်ချပါတယ်။ ကန်‌တော့ပါတယ်။ သီးခံ၍ ခွင့်လွှတ်‌တော်မူကြပါလို့ ဒီ‌နေ့လည်း ‌တောင်းပန်ခဲ့တယ်။ အခုတစ်ခါ ဖျက်သိမ်းရမယ် ဆိုတာက‌တော့ ကိုယ်ချင်းမစာရာ ‌ရောက်ပါတယ်။”ဟု ဇူလိုင် ၂၃ရက်‌နေ့ ပြည်နယ် မဘသ အထူးအစည်းအ‌ဝေးတွင် တက် ‌ရောက်လာကြသည့် သံဃာ‌တော်များနှင့် ဒါယိကာအချို့ကို မြွက်ကြားခဲ့သည်။

ကရင်ပြည်နယ် မဘသ အထူးအစည်းအ‌ဝေးတွင် မဘသအဖွဲ့ဗဟို၏ ဒုဥက္ကဌ ဦးကဝိဓဇ၊ ဖားအံ၊ ဖာပွန်၊ မြဝတီ၊ ကြာအင်းဆိပ် ကြီးမြို့နယ်များမှ သံဃာ‌တော်နှင့် လူပဂ္ဂိုလ် ၁ဝဝနီးပါးတက်‌ရောက်ခဲ့ကြပြီး ၂ဝ၁၇ခုနှစ် ‌မေလ ၂၃ရက်‌နေ့ကလည်း မဘသအဖွဲ့ ဆိုင်းဘုတ်များ ဖျက်သိမ်းရန် ညွန်ကြားမှု ရှိခဲ့သည်။