Home သတင်း IDPs စခန်း ပိတ်သိမ်းခြင်းထက် အဓိကပြဿနာ အရင်းအမြစ်ကို ကနဦး‌ဖြေရှင်းသင့်ဟု ဆို

IDPs စခန်း ပိတ်သိမ်းခြင်းထက် အဓိကပြဿနာ အရင်းအမြစ်ကို ကနဦး‌ဖြေရှင်းသင့်ဟု ဆို

2678

ဇွန်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ပြည်တွင်း‌နေရပ်စွန့်ခွာရသူ (IDPs)စခန်းများကို ပိတ်သိမ်းခြင်းထက် IDP စခန်းများ ‌ပေါ်‌ပေါက်လာရသည့် အဓိ က အ‌ခြေခံ ပြဿနာများကို ကနဦး ‌ဖြေရှင်း‌ပေးရန် လိုအပ်‌ကြောင်း အီတူးထာ ပြည်တွင်း ‌နေရပ်စွန့်ခွာ လူထု ကူညီပံ့ပိုး‌ရေး‌ကော်မတီက ယ‌နေ့ (ဇွန်လ ၂၅) ရက်စွဲဖြင့် ‌ကြေညာချက် ထုတ်ပြန်၍ ‌ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၊ ပြည်နယ် (၄) ခုရှိ IDPs စခန်းများကို နိုင်ငံ‌တော်အစီအစဉ်ဖြင့် ပိတ်သိမ်းသွားရန် စီစဉ်‌နေ‌ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်‌နေ့တွင် ‌နေပြည်‌တော်မှာ ကျင်းပခဲ့သည့် IDP စခန်းများ ပိတ်သိမ်း‌ရေး မဟာဗျူဟာစီမံ ချက်‌ရေးဆွဲ‌ရေးအလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြတ်‌အေး ‌ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်‌ပေါ်ခြင်း‌ကြောင့် ယခုလို ထုတ်ပြန်‌ပြောဆိုခြင်းဖြစ်သည်ဟု ‌ပြောခွင့်ရသူ ပဒိုမန်း မန်းမန်းက ‌ပြောသည်။

၎င်းက “အဓိက ဒီ IDP စခန်း‌တွေကို ပိတ်မယ်ဆိုတာထက်စာရင် လက်ရှိ အ‌ခြေအ‌နေ‌တွေ ဘယ်လို ဖြစ်ရှိ‌နေ လဲ၊ လက်ရှိ ပြဿနာကို အကူအညီ‌တွေ ဘယ်လို‌ဆောင်ရွက်ရမလဲ ‌နောက်ပြီး တစ်ချိန်ထဲမှာ IDP ဖြစ်လာရတဲ့ အ‌ခြေခံအ‌ကြောင်းအရင်း ပြဿနာကို အရင်ကိုင်တွယ်‌ဖြေရှင်းရမယ်လို့ ဆိုတာကို အစိုးရ တစ်ရပ် အ‌နေနဲ့ အဲ့ဒါကို အဓိက ထည့်သွင်းစဉ်းစားရမှာဖြစ်တယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အစိုးရတစ်ရပ်ဖြစ်လာ‌သော်လည်း IDP ဖြစ်‌ပေါ်လာရသည့် အ‌ခြေခံအ‌ကြောင်းအရင်းများကို မစဉ်း စားဘဲ IDP စခန်းကို ပိတ်သိမ်းမည်ဆိုပြီး ‌ဆောင်ရွက်နိုင်သည့် အာဏာရှိမှုအ‌ပေါ်တွင်လည်း စိုးရိမ်မိ‌ကြောင်း နှင့် IDPဖြစ်‌ပေါ်လာရသည့် အ‌ခြေခံအ‌ကြောင်းအရင်းမှာလည်း လတ်တ‌လောပြည်တွင်းစစ်နှင့် ယခင်နိုင်ငံ‌ရေး ပြဿနာများသာဖြစ်‌ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

လက်ရှိ ကရင်၊ ကချင်၊ ရခိုင်နှင့် သျှမ်း (ရှမ်း)ပြည်နယ်များတွင် စစ်‌ရေးပဋိပက္ခများ၊ တင်းမာမှုနှင့် အဓိကရုဏ်း များ‌ကြောင့် ‌နေရပ်စွန့်ခွာရသူ IDPs တစ်သိန်း‌ကျော် နှင့် ပဋိပက္ခအတွင်းပိတ်မိ‌နေသူ ရာချီတည်ရှိ‌နေပြီး အစား အ‌သောက်၊ ကျန်းမာ‌ရေးနှင့် က‌လေးသူငယ်များ၏ ကျန်းမာ‌ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိ ‌နေ‌သော်လည်း ကူညီ‌ထောက်ပံ့မှုများ ရပ်စဲခံရမှု၊ ပိတ်ပင်ခံရမှုများရှိ‌နေသည်ဟုလည်း IDPsများကို ကူညီ ‌ပေး‌နေသည့် အဖွဲ့အစည်းများက ဆိုသည်။

ထိုအ‌ရေးကိစ္စများအ‌ပေါ် ကိုင်တွယ်‌ဖြေရှင်း‌ပေးရာ၌ အစိုးရအ‌နေဖြင့် စခန်းပိတ်သိမ်း‌ရေးအစီအစဉ်များထက် ပိုမို လက်‌တွေ့ဆန်ပြီး အ‌ခြေခံကျသည့် အစီအစဉ်များကို လုပ်‌ဆောင်နိုင်ရန်အတွက်လည်း အီတူးထာ IDP ကူညီပံ့ပိုး‌ရေး‌ကော်မတီ၏ ထုတ်ပြန်ချက်၌ အစိုးရနှင့် တပ်မ‌တော်ကို အချက် (၇)ချက်ပါ အကြံပြု‌တောင်း ဆိုလိုက်သည်။

ယင်း‌တောင်းဆိုချက်များမှာ အစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသ၌ IDPs စခန်းပိတ်သိမ်း‌ရေး အစီအစဉ်များကို ချက်ချင်းရပ်တန့်ရန်၊ ပြန်လည် ‌နေရာချထား‌ရေးနှင့် စီမံခန့်ခွဲမှု အစီအစဉ်အားလုံးတွင် IDPs များ၏ အပြည့်အဝ ပါဝင်မှုနှင့် ညှိနှိုင်းတိုင်ပင်မှုများ လုပ်‌ဆောင်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အ‌ထောက်အပံ့များအား နိုင်ငံတ ကာလူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေအတိုင်းရရှိနိုင်‌ရေး၊ ကူညီ‌ထောက်ပံ့မှုများ လုပ်‌ဆောင်‌နေ‌သော အဖွဲ့အစည်းများအားလုံး သွားလာခွင့် မရ‌သော‌နေရာများသို့ သွား‌ရောက်နိုင်‌ရေးနှင့် ‌ဒေသခံတိုင်းရင်း သားအဖွဲ့ အစည်းများ၏ လုပ်ငန်း‌ဆောင်တာ များနှင့် ၎င်းတို့၏‌ဒေသအတွင်း ပြည်တွင်း‌နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အ‌ထောက်အပံ့များ‌ပေး‌ဝေသည့် အခန်းကဏ္ဍများကို ‌လေးစားအသိအမှတ်ပြု‌ရေးနှင့် ‌သေချာစွာခွင့်ပြုလုပ်‌ဆောင်‌ပေးသင့်‌ကြောင်းပါဝင်သည်။

ထို့အပြင် အစိုးရ တပ်မ‌တော်အ‌နေဖြင့် တိုင်းရင်းသား‌ဒေသများအတွင်း ထိုးစစ်ဆင်‌နေမှုများအားလုံးကို ချက် ချင်းရပ်တန့်ရန်နှင့်တပ်များအား ပြန်လည် ရုပ်သိမ်းရန်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် သ‌ဘောထားအမှန်ဖြင့် ပါဝင် ခြင်းဖြင့်ယုံကြည်မှုကို တည်‌ဆောက်ရန်နှင့် ပြည်တွင်း‌နေရပ်စွန့်ခွာရသူများ လူသားချင်းစာနာမှုဆိုင်ရာ အ ‌ထောက်အပံ့များအား နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေများအတိုင်းရရှိနိုင်ရန် လုပ်‌ဆောင် ‌ပေးခြင်း နှင့် ကူညီ‌ထောက်ပံ့မှုများ လုပ်‌ဆောင်‌နေ‌သောအဖွဲ့အစည်းများအားလုံးကို သွားလာခွင့်‌ပေး‌ရေး စသည်ဖြင့် အကြံပြု‌တောင်းဆိုထားသည်။

လက်ရှိ အီတူးထာ ပြည်တွင်း ‌နေရပ်စွန့်ခွာ လူထု ကူညီပံ့ပိုး‌ရေး‌ကော်မတီ၏ ထုတ်ပြန်ချက်နှင့် ‌တောင်းဆိုအကြံ ပြုချက်များအ‌ပေါ် ပြည်တွင်း၊ နယ်စပ်အရပ်ဖက်နှင့် လူမှုအဖွဲ့ အစည်း‌ပေါင်း (၁၀၈) ဖွဲ့ခန့်က ပါဝင်‌ထောက်ခံ လက်မှတ်‌ရေးထိုးထားပြီး လက်ရှိတွင် အစိုးရ၏ နိုင်ငံတကာနှင့် ပူး‌ပေါင်း၍ လုပ်‌ဆောင်မည့် အဆိုပါ IDPs စခန်းပိတ်သိမ်း‌ရေး အစီးအစဉ်များအ‌ပေါ်တွင် စိုးရိမ်မှုများရှိ‌ကြောင်းလည်း အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။