Home သတင်း ၂၁ ရာစု ပင်လုံ တတိယအစည်းအ‌ဝေးအတွက် ကရင်ပြင်ဆင်

၂၁ ရာစု ပင်လုံ တတိယအစည်းအ‌ဝေးအတွက် ကရင်ပြင်ဆင်

2458
ကရင့်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ သ‌ဘောထားများ ပြန်လည်စု စည်းခြင်း နှင့် အတည်ပြုခြင်း အစည်းအ‌ဝေး (Photo_KIC)

ဇွန် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ဇွန်လကုန် (သို့မဟုတ်) ဇူလိုင်လအတွင်းကျင်းပနိုင်‌ခြေရှိသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးအတွက် ပြင်ဆင်သည့်အ‌နေဖြင့် KNU-ကရင်အမျိုးသားအစည်းအရုံးမှ ဦး ‌ဆောင်၍ ကရင်အမျိုးသားနိုင်ငံ‌ရေးဆိုင်ရာညှိနှိုင်‌ဆွေး‌နွေးအတည်ပြုခြင်းအစည်းအ‌ဝေးတစ်ရပ်ကို ဇွန်လ ၁ဝရက်(ယ‌နေ့)မှ ၁၃ ရက်‌နေ့အထိ ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ကျင်းပလျက်ရှိသည်။

လူထု‌တွေ့ဆုံပွဲများမှ တစ်ဆင့် ကဏ္ဍအလိုက် ‌ဆွေး‌နွေးပွဲများမှ ရရှိလာသည့် ‌ဆွေး‌နွေးချက်များကို ပြန်လည် စုစည်းတင်ပြ ညှိနှိုင်း‌ဆွေး‌နွေးပြီး ယခုလာမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးသို့ တင်သွင်းနိုင်ရန်အတွက် အတည်ပြုချက်များရယူညှိနှိုင်း‌ဆွေး‌နွေးသည့် အစည်းအ‌ဝေးဖြစ် သည်ဟု ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကောင်မတီမှ KNU အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက ‌ပြောသည်။

“ကရင့်တစ်မျိုးသားလုံးရဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာအတွက် စုစည်းရမယ့် ကရင့်တစ်မျိုးသားလုံးရဲ့ နိုင်ငံ‌ရေး ဆန္ဒထဲမှာပါဝင်‌နေတဲ့ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနဲ့သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံ‌ရေးကဏ္ဍအသီး သီးတို့ကို လာမဲ့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအ‌ဝေးထဲမှာ ကရင့်တစ်မျိုးသား လုံးရဲ့ ကိုယ်စား တစ်မျိုးသားလုံးရဲ့အမြင်၊ သ‌ဘောထားစုစည်းချက်‌တွေကို ရယူ‌ပေးနိုင်ဖို့ ဒီကရင့်တစ်မျိုးသား လုံးရဲ့ တရားဝင်မှုနဲ့အတည်ပြုမှုအစည်းအ‌ဝေးနဲ့ ပြည်လည်စုစည်းခြင်းအစည်းအ‌ဝေးကို ကျ‌နော်တို့ ကျင်းပရခြင်းဖြစ်တယ်”ဟု အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

လက်ရှိပြုလုပ်‌နေသည့် အစည်းအ‌ဝေးသို့ KNUမှ စစ်ဖက် အရပ်ဖက်‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီအ ကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC )၊ နယ်ခြား‌စောင့်တပ် (BGF)စသည့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ တိုင်း‌ဒေသကြီးအလိုက် ကိုယ်စားလှယ်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်အချို့နှင့်ကရင်လူငယ်များ အပါအဝင် ကိုယ်စားလှယ် (၃၀၀) ခန့် တက်‌ရောက်‌ဆွေး‌နွေးလျက်ရှိသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေများ၊ JMC ဆိုင်ရာနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအ‌ဝေးနှင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ဆိုင်ရာ အ‌ခြေအ‌နေများကို ကနဦး‌ဆွေး‌နွေးတင်ပြကြပြီး ‌ဒေသအလိုက် လူထု‌တွေ့ဆုံပွဲမှ ‌ဆွေး‌နွေးရရှိခဲ့သည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်၊ လုံခြုံ‌ရေးစသည့် ကဏ္ဍအလိုက် စုစည်းရရှိ ထားသည့် စာတမ်းများကို ပြည်လည် အသိ‌ပေး‌ဆွေး‌နွေးပြီး စုစည်းအတည်ပြုချက် ရယူသွားခြင်းအပြင် ၂၁ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးတက်‌ရောက်မည့် ကိုယ်စားလှယ်များကို ‌ရွေးချယ်သတ်မှတ် ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

လာမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအစည်းအ‌ဝေးတွင် ‌နောက်ထပ်‌ဆွေး ‌နွေးရမည့် ပြည်‌ထောင်စုခွဲမထွက်‌ရေးမူနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည် မ ဟုတ်ဘဲ ယခင် ၂၀၁၇ ခုနှစ်၊ ‌မေလက ပြုလုပ်ကျင်းပခဲ့သည့် ၂၁ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေးမှ ကျန် ရှိသည့် ဆက်လက်‌ဆွေး‌နွေးရမည့် ကဏ္ဍ‌လေးခုမှ တိုင်းရင်းသားလူနည်းစုများ၏ ကာကွယ်ခြင်းဆိုင်ရာ အ ‌ခြေခံမူများ၊ အ‌ခြေခံလူ့အခွင့်အ‌ရေးနှင့် ကျား/မဆိုင်ရာတန်းတူ ညီမျှမှု၊ ပြည်‌ထောင်စု ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေဆိုင်ရာ တရားရုံးနှင့် နိုင်ငံသားဖြစ်မှု စသည့်အချက်များကိုသာ ‌ဆွေး‌နွေးသွားကြမည်ဟု သိရသည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအ‌ဝေးကို အစိုးရမှ ယခု ဇွန်လ ၃ဝ ရက်‌နေ့တွင် ကျင်းပရန် အဆိုပြုလျာထားတင်ပြထား‌သော်လည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ဘက်၌ ‌ဆွေး‌နွေးအတည်မပြုနိုင်‌သေးဘဲ လာမည့် ဇွန်လ ၁၁ရက်၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST၏ အစည်းအ‌ဝေးပွဲ၌ ‌ဆွေး‌နွေးအတည်ပြုသွားနိုင်‌ခြေရှိသည် ဟုလည်း တိုင်းရင်းသားအဖွဲ့ဘက်က ဆိုသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအ‌ဝေးကို အရပ်သားအစိုးရလက်ထက်၌ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ၂၁ ရာစုပင်လုံအဖြစ် ပထမအကြိမ်စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ‌မေလ(၂၉)တွင် ကျင်းပခဲ့ ပြီးစီးခဲ့သည့် ၂၁ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေး၌ ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ချုပ်ဆိုခဲ့ရာ ကဏ္ဍကြီး (၅)ခုမှ လုံခြုံ‌ရေး ကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍ(၄)ခုမှ မူဝါဒသ‌ဘောတူညီချက် ၃၇ ချက်ကို ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်အစိတ်အပိုင်း (၁)အဖြစ် အဖွဲ့အစည်းအသီးသီး၏‌ခေါင်း‌ဆောင်များ နှင့် အသိသက်‌သေများက သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။