Home သတင်း ပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှု တာဆီးစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်း

ပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှု တာဆီးစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်း

2709

ဇွန် ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တာဆီးထိန်းချုပ်နိုင်‌ရေးအတွက် ပြည်နယ်အဆင့် ဌာနစုံ ပါဝင်သည့် ‘ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်‌ရေးအဖွဲ့’ ကို ဇွန်လ ၁၃ ရက်‌နေ့တွင် စတင်ဖွဲ့စည်းလိုက် သည်ဟု အဖွဲ့‌ခေါင်း‌ဆောင် ပြည်နယ်ရဲမှူးကြီးကြည်လင်းက ဇွန် ၁၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ပြည်ပက‌နေ တရားမဝင်ကုန်စည်စီးဝင်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံ‌တော်က အခွန်ထုပ်‌တွေ အများကြီးဆုံးရှုံး တယ်‌ပေါ့‌နော်။ ပြည်နယ်၊ တိုင်းအလိုက် တရားမဝင်တဲ့ကုန်စည်‌တွေ မဝင်နိုင်‌အောင် ပြည်နယ်အဆင့်အ‌နေနဲ့ တားဆီးနိုင် ဖို့ အဖွဲ့ ဖွဲ့တာ‌ပေါ့။ တရားမဝင်တဲ့ကုန်‌တွေကို တရားဝင်လမ်း‌ကြောင်း‌ပေါ် ‌ရောက်လာ‌အောင်ရည်ရွယ်တယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ အဖွဲ့တွင် ပြည်နယ် အ‌ကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ ့အင်အားဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ သစ် ‌တော၊ စားသုံးသူ‌ရေးရာဦးစီးဌာန စသည့်တို့အပါအဝင် ဌာန ၁၂ ခုမှ တာဝန်ရှိသူများပါဝင်ပြီး ခရိုင်အဆင့် အဖွဲ့များ ထပ်မံ ဖွဲ့စည်းသွားမည်ဖြစ်သလို အဖွဲ့အ‌နေဖြင့် စစ်‌ဆေး‌တွေ့ရှိသည့် ပစ္စည်း‌ပေါ်မှုတည်ပြီးဆိုင်ရာဌာနသို့ လွှဲ‌ပြောင်း‌ပေးသွား မည်ဟု အဖွဲ့‌ခေါင်း‌ဆောင် ရဲမှူးကြီးကြည်လင်းက ‌ပြောသည်။

ပြည်နယ်အတွင်းသို့ တစ်ဖက်နိုင်ငံမှ စား‌သောက်ကုန်များ၊ ကြက်၊ ဝက်၊ သားငါးများ နည်းမျိုးစုံဖြင့် ဝင်‌ရောက် လာပြီး ‌ဒေသခံ ‌မွေးမြူ‌ရေးလုပ်ငန်းရှင်များ ‌ဈေးကွက်ထိခိုက်မှုများရှိ‌နေသလို ယခင်နှစ်က သံပုရာသီးများ ‌ဈေး‌ပေါ‌ပေါဖြင့် ဝင် ‌ရောက်လာသည့် အတွက် ကြာအင်းဆိပ်ကြီးရှိ သံပုရာခြံပိုင်ရှင်များ ‌ဈေးကွက်ထိခိုက်သည့်အတွက် တရားမဝင် ကုန်ပစ္စည်းများကို တားမြစ်‌ပေးရန် လိုလားသည်ဟု ‌ဒေသခံ လုပ်ငန်းရှင်များက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စား‌သောက်ကုန်နှင့် စိုက်ပျိုး‌ရေးလုပ်ငန်းရှင် ဦးနိုင်က “ တရားမဝင်ကုန်ပစ္စည်း တားဆီးတာက ‌ကောင်းတာ‌ပေါ့။ နိုင်ငံ‌တော်အတွက် ဘတ်ဂျက်တိုးလာမယ်။ တစ်ဖက်နိုင်ငံက ဝင်လာတဲ့ စားသုံးကုန်ပစ္စည်း‌တွေရဲ့ ကျန်း မာ‌ရေး အာမခံချက် ရှိလာမယ်။ စိုက်ပျိုး‌မွေးမြု‌ရေးနဲ့ ပတ်သက်တဲ့ ကုန်‌တွေ တဖက် နိုင်ငံက လိမ့်ဝင်လာတဲ့အ‌ပေါ် ကျ‌နော် တို့ ယှဉ်လို့မရဘူး။ ကုန်သွယ်မှု မူဝါဒနဲ့ တာဝန်ရှိသူ‌တွေ ထိန်းချုပ်‌ပေး‌စေချင်တယ်။ တစ်ဖက်နိုင်ငံက စားသုံးမသင့်တဲ့ ပစ္စည်း‌တွေ ‌ဒေသအတွင်း ဝင်လာတဲ့အ‌ပေါ် တားဆီး ‌ပေး‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဖွဲ့အ‌နေဖြင့် ကုန်သွယ်သူများကို တရားဝင်စာရွက်စာတမ်း၊ ID/ED များ ကိုက်ညီမှုရှိမရှိ စစ်‌ဆေးမည်ဖြစ် သလို စာရွက်စာတမ်းများ တရားဝင် မတင်ပြနိုင်သည့် ကုန်ကားများကို ကွပ်ကဲနယ်‌မြေရှိ မြို့နယ် အခွန်ဦးစီး ဌာနသို့ ဖမ်းဆီးစာရွက်စာတမ်းများနှင့် အတူ စနစ်တကျ လွှဲ‌ပြောင်းသွားမည်ဖြစ်ကာ ကုန်ပစ္စည်းများအပြင် လက်နက်ခဲယမ်း၊ မူးယစ်‌ဆေးဝါးများကိုလည်း စိစစ်မည်ဖြစ်ကာ ဖမ်းဆီးရမိသည်များကို ဥပ‌ဒေနှင့် အညီ အ‌ရေး ယူသွားမည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC-Individual Trading Card) ကတ်ပြု လုပ်ထားသူ ၇ ဦးရှိပြီး ယခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လ ၈ ရက်အထိ မြဝတီနယ်စပ် ကုန်သွယ်‌ရေး စခန်းမှ ပို့ကုန် အ‌မေရိ ကန်‌ဒေါ်လာ ၁၄ ဒသမ ၅၉၆ သန်း ၊ သွင်းကုန် အ‌မေရိကန်‌ဒေါ်လာ ၁၅၁ ဒသမ ၆၇၄ သန်း၊ ကုန်သွယ်မှုပမာဏ စုစု‌ပေါင်း အ‌မေရိကန်‌ဒေါ်လာ ၁၆၆ ဒသမ ၂၇ဝ ရှိသည်ဟု စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်း ဝယ်‌ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စား ရင်းများတွင် ‌ဖော်ပြထားသည်။