Home သတင်း အ‌မေရိကန်၊ က‌နေဒါ‌ရောက် ကရင်များဆန္ဒ‌ဖော်ထုတ်၊ တပ်မ‌တော်အား ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အ‌ရေးယူရန် ‌တောင်းဆို

အ‌မေရိကန်၊ က‌နေဒါ‌ရောက် ကရင်များဆန္ဒ‌ဖော်ထုတ်၊ တပ်မ‌တော်အား ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အ‌ရေးယူရန် ‌တောင်းဆို

2703

ဇွန်လ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

အ‌မေရိကန်နှင့် က‌နေဒါနိုင်ငံများသို့ ‌ရောက်ရှိ‌နေကြသည့် ကရင်အမျိုးသားများသည် ဇွန်လ ၁၈ရက်(ယမန်‌နေ့)က ဝါရှင်တန်ဒီစီ မြို့ရှိ လွှတ်‌တော်အ‌ဆောက်အဦး‌ရှေ့နှင့် က‌နေဒါ လွှတ်‌တော်ခန်းမ‌ရှေ့များ၌ လူ‌ပေါင်း‌ထောင်‌သောင်းချီစု‌ဝေး၍ ဆန္ဒထုတ်‌ဖော်ခဲ့ ကြပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ကျူးလွန်‌နေ‌သော မြန်မာ့တပ်မ‌တော်အား ဒဏ်ခတ်ပိတ်ဆို့မှုရန်နှင့် အပြစ်‌ပေးအ‌ရေးယူမှုများ ပြုလုပ်ရန် ‌တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် ကရင်ပြည်နယ် အပါအဝင် ကျန်တိုင်းရင်းသား‌ဒေသများကို မြန်မာအစိုးရ စစ်တပ်မှ စစ်‌ရေးအရ တိုက်ခိုက်မှုများနှင့်အတူ စစ်ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်မှုများအ‌ပေါ် အ‌ရေးယူမှုများ ကင်းလွတ် ‌နေဆဲ အ‌ခြေအ‌နေများကို ‌ဖော်ထုတ်ပြသရန်အတွက် ဆန္ဒ‌ဖော်ထုတ်ခြင်းဖြစ်သည်ဟု စု‌ဝေးဆန္ဒပြပွဲတွင် ပါဝင်သူများက ‌ပြော သည်။

လူဦး‌ရေ နှစ်‌သောင်းဝန်းကျင်ရှိသည့် ဝါရှင်တန်ဒီစီမှ ဆန္ဒထုတ်‌ဖော်ပွဲကို နံနက် ၁ဝနာရီမှ မွန်းလွဲ ၂နာရီအထိ ပြုလုပ်ခဲ့ပြီး မြန်မာ့ တပ်မ‌တော်မှ NCA အား အချိန်တိုအတွင်း လိုက်နာမှု မရှိပါက ဒဏ်ခတ်ပိတ်ဆို့မှုကို တိုးမြှင့်လုပ်‌ဆောင်ရန်၊ မြန်မာ့ထိပ်တန်း စစ်တပ်အကြီးအကဲများ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှု ဆွဲချက်ဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)က အ‌ရေးယူနိုင်ရန် အ‌မေရိကန် အစိုးရအ‌နေဖြင့် တွန်းအား‌ပေး‌ရေး အပါအဝင် အချက် ၅ချက်ကို ‌တောင်းဆိုထားသည်။

ဝါရှင်တန်ဒီစီ ဆန္ဒ‌ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သူ ‌စောဆာ့ကလို့ထူးက “ဒီဆန္ဒထုတ်‌ဖော်မှုက ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြု တဲ့ ဆန္ဒထုတ်‌ဖော်ပွဲပါ။ လူမျိုးကြီးဝါဒ‌အောက်က ကျ‌နော်တို့ကရင်လူမျိုး‌တွေ လွတ်‌မြောက်ဖို့ တစ်‌ထောင့်တစ်‌နေရာက‌နေ ကျ‌နော် ပါဝင်တာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဆန္ဒထုတ်‌ဖော်ပွဲသို့ အိုဟိုင်းအိုးပြည်နယ်မှ လွှတ်‌တော်အမတ်တစ်ဦးက မိန့်ခွန်းလာ‌ရောက်‌ပြောကြားခဲ့ပြီး လွှတ်‌တော်အ တွင်းမှ အမတ်နှစ်ဦးကလည်း ၎င်းတို့အ‌နေဖြင့် မြန်မာစစ်တပ်ကို စီးပွား‌ရေးဒဏ်ခတ်ပိတ်ဆို့မှုကို တိုးမြှင့်လုပ်‌ဆောင်သွားရန် တိုက်တွန်းသွားမည်ဟု ဆန္ဒထုတ်‌ဖော်ကြသူများအား ‌ပြောကြားခဲ့‌ကြောင်း ပါဝင်ခဲ့သူများက ‌ပြောသည်။

ထို့အတူ က‌နေဒါနိုင်ငံ‌ရောက် က‌နေဒါ ကရင်အသိုက်အဝန်း(KCC)ကလည်း မြို့‌တော် Ottawa ရှိ က‌နေဒါလွှတ်‌တော်ခန်းမ‌ရှေ့ ၌ ဆန္ဒ‌ဖော်ထုတ်မှုအပြီး ယမန်‌နေ့က ထုတ်ပြန်သည့် ‌ကြေညာချက်၌ မြန်မာ အစိုးရ စစ်တပ်အ‌နေဖြင့် ကရင် အပါအဝင် တိုင်း ရင်းသားလူမျိုးစုများအ‌ပေါ် ကျူးလွန်သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ကိုင်တွယ်‌ဖြေရှင်းခဲ့မှုမရှိ‌သေးဘဲ လက်ရှိ အ‌ပြောင်းအလဲကာလတွင် ၎င်းကျူးလွန်သည့် စစ်တပ်‌ခေါင်း‌ဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးသို့ လွှဲ‌ပြောင်း‌ပေးရန် ‌မျှော်လင့်‌ကြောင်း ထုတ်ပြန်‌ပြောဆိုခဲ့သည်။

၎င်းအပြင် မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် အပါအဝင် စစ်တပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေမှုအ‌ပေါ် နှုတ် ဆိတ်‌နေသည့် လက်ရှိ အရပ်သားအစိုးရ ‌ခေါင်း‌ဆောင်များအ‌ပေါ်တွင်လည်း ဒဏ်ခတ်ပိတ်ဆို့အ‌ရေးယူမှုများကို အ‌ကောင်အ ထည်‌ဖော် လုပ်‌ဆောင်‌ပေးရန်အတွက်လည်း က‌နေဒါအစိုးရကို ‌တောင်းဆိုထားသည်။

အလားတူ နယူးဇီလန် ကရင်အဖွဲ့အစည်းကလည်း မြန်မာ့တပ်မ‌တော်လက်‌အောက်တွင် ခံစား‌နေရသည့် တိုင်းရင်းသားအားလုံး အ‌ပေါ်‌ထောက်ခံသည့် အ‌မေရိကန်‌ရောက်ကရင်အမျိုးသားများနှင့်အတူ တစ်သားတည်းရှိ‌နေ‌ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစု အားလုံး မိမိဌာနတွင် အသက်ရှင်‌နေထိုင်ခွင့်အ‌ပေါ် ‌လေးစားရန်နှင့် NCA အ‌ပေါ် ဖိအား‌ပေးခြင်းဖြင့် မှန်ကန်တဲ့ ပဋိပက္ခ ‌ဖြေရှင်း မှုဖြစ်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥ‌ရောပသမဂ္ဂနှင့် အ‌မေရိကန်ပြည်‌ထောင်စုအ‌နေဖြင့် ကြားဝင်ကိုယ် တွယ်‌ဖြေရှင်း‌ပေးရန်တို့ ကိုု ယမန်‌နေ့က သ‌ဘောထားထုတ်ပြန် ‌တောင်းဆိုခဲ့သည်။

‌မေလ ၂၅ရက်ကလည်း ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူမျိုး ၂၄၀‌ကျော်က မြန်မာ့တပ်မ‌တော်၏ တိုင်းရင်းသား‌ဒေသအ တွင်း လုပ်‌ဆောင်‌နေသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများအ‌ပေါ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြပွဲတစ်ခုကို ဩစ‌တြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံရုံး‌ရှေ့၌ ပြုလုပ်ခဲ့‌သေးသည်။

အဆိုပါ နိုင်ငံတကာ‌ရောက် ကရင်လူမျိုးများ ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုပွဲများကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်း တချို့က ‌ထောက်ခံသည့်အ‌နေဖြင့် ယခုရက်ပိုင်းအတွင်း သ‌ဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သလို ‌ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး ဖာပွန်ခရိုင် ထိန်းချုပ်နယ်‌မြေ အီတူးထာ့ ပြည်တွင်းစစ်‌ရှောင်စခန်းရှိ စစ်‌ရှောင်ဒုက္ခသည်များကလည်း ကြို ဆို‌ထောက်ခံပွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ယမန်နှစ် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၆ရက်‌နေ့ကလည်း အ‌မေရိကန်ကရင်အဖွဲ့အစည်း-Karen Organization of the United States of America (KOUSA)က ဦး‌ဆောင်ကာ အ‌မေရိကန်နိုင်ငံ၊ ပြည်နယ် ၃ဝ‌ကျော်မှ ကရင်တိုင်းရင်းသားများ၊ က‌နေဒါနိုင်ငံ ရှိ ကရင်တိုင်းရင်းသားများ အပါအဝင် အခြားမြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးစုများ စုစု‌ပေါင်း တစ်‌သောင်းခန့် စု‌ပေါင်း ဆန္ဒ ‌ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။