Home သတင်း ဝါးဖြင့်ပြုလုပ်သည့် ထုတ်ကုန်များသင်တန်းသို ့ရန်ကုန်တိုင်း စာ/ယဉ် သင်တန်းသား ‌စေလွှတ်မည်

ဝါးဖြင့်ပြုလုပ်သည့် ထုတ်ကုန်များသင်တန်းသို ့ရန်ကုန်တိုင်း စာ/ယဉ် သင်တန်းသား ‌စေလွှတ်မည်

4218

ဇွန် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီနှင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများ အသင်းတို့ ပူး‌ပေါင်းကာ ဝါးဖြင့် အိမ်နှင့် အ‌ဆောက်အဦး တည်‌ဆောက်ခြင်း၊ အသုံးအ‌ဆောင်ပစ္စည်းများ ပြုလုပ်ခြင်း သင်တန်းသို့ မြို့နယ် စာ/ယဉ်များမှ တစ်မြို့နယ်လျှင် သင်တန်းသား ၂ ဦးစီ‌စေလွှတ်သွားမည်ဟု တိုင်း/စာ ယဉ် ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝန်ကြီးက “ ဝါးနဲ့ အိမ်တို့ အ‌ဆောက်အဦးတို့ တည်‌ဆောက်တဲ့ သင်တန်းက ‌နေပြည်‌တော်မှာ လုပ်မယ်။ ဝါး နဲ့ အသုံး အ‌ဆောင်ပစ္စည်း ပြုလုပ်တဲ့ သင်တန်းက ပဲခူးမှာလုပ်မယ်။ တိုင်းစာယဉ် လက်‌အောက်ခံ မြို့နယ် အလိုက် စာ/ယဉ်က သင်တန်းသား ၂ ဦးစီ‌စေလွှတ်မယ်။ သူတို့က ပြန်လာရင် ပြန်သင်‌ပေးနိုင်ရမယ်။ ကျမတို့ ကရင်ထဲမှာ ဝါးခြံပိုင်ရှင်‌တွေ အများကြီးရှိတယ်။ အခု ဝါးကုန်‌ချောက အိမ်နီးချင်းနိုင်ငံက‌နေ ဝင်‌နေတယ်။ ဒါကို ပြည်တွင်းမှာ ထုတ်နိုင်‌အောင် မြို့နယ် စာ/ယဉ်‌တွေကလည်း လုပ်နိုင်‌အောင် ချိတ်ဆက်စီစဉ်တာပါ”ဟု ‌ကေအိုင်စီသို့ ဇွန်လ ဒုတိယအပတ်တွင်းက ‌ပြောသည်။

‌နေပြည်‌တော်တွင် ဖွင့်လှစ်မည့် ဝါးဖြင့် တည်‌ဆောက်သည့် အ‌ဆောက်အဦးသင်တန်းသည် တစ်လကြာမည်ဖြစ်ပြီး ပဲခူးမြို့တွင် ဖွင့်လှစ်မည့် ဝါးအသုံးအ‌ဆောင်ပစ္စည်းများ ထုတ်လုပ်သည့် သင်တန်းသည် တစ်ပတ်ကြာမည်ဖြစ်ကာ တိုင်း စာ/ယဉ်အ‌နေဖြင့် သင်တန်းသားများကို ဇူလိုင်လအတွင်း ‌စေလွှတ်သွားမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

‌မှော်ဘီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ဌေး‌ဌေးထွန်းက “ကျ‌နော်တို့ ဝါးနဲ့ပတ်သက်တဲ့ ကုန် ထုတ်သင်တန်းကို ‌စေလွှတ်ဖို့အတွက် စိတ်ဝင်စားတဲ့သူ‌တွေကို ရွာအလိုက် ‌ခေါ်ထားတယ်။ အခုလာမယ့် စ‌နေ‌နေ့မှာ အပြီး သတ် ၂ဦး‌ရွေးပြီး ‌စေလွှတ်မယ်”ဟု ‌ကေအိုင်စီသို့ ဇွန် ၁၅ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဝါးဖြင့် ပြုလုပ်သည့် အသုံးအ‌ဆောင်ပစ္စည်များကို စား‌သောက်ဆိုင်များ၊ ဟိုတယ်ကြီးများ စသည်တို့တွင် ဝယ်ယူသုံးစွဲမှုရှိသလို၊ ဝါးဖြင့် အ‌ဆောက်အဦးတည်‌ဆောက်ခြင်း၊ သကြင်္န်မဏ္ဍပ် မုခ်ဦးအလှဆင် ပြုလုပ်ခြင်းများ ‌ခေတ်စားလာ ‌သော်လည်း ပြည်တွင်း၌ စီးပွားဖြစ်ထုတ်ယူမှုနည်းကာ အိမ်နီးချင်းနိုင်ငံများမှသာ ဝါးကုန်‌ချောများ ဝင်‌ရောက်မှုများပြီး ဝါးဆက် တီ(ဝါးဖြင့် ပြုလုပ်ထားသည့် ဧည့်ခန်းခုံ) တစ်စုံလျှင် ကျပ် ၈သိန်းဝန်းကျင် ‌ပေါက်‌ဈေးရှိ‌ကြောင်း ဝါး‌ဈေးကွက်အတွင်းမှ သိရ သည်။