Home သတင်း ရန်ကုန်တိုင်း လက်ချည်ပွဲကျင်းပ‌ရေး‌ကော်မတီကို လူငယ်များဖြင့် ဖွဲ့စည်း

ရန်ကုန်တိုင်း လက်ချည်ပွဲကျင်းပ‌ရေး‌ကော်မတီကို လူငယ်များဖြင့် ဖွဲ့စည်း

2557

ဇွန် ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကျင်းပမည့် တိုင်း‌ဒေသကြီး အဆင့် ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားအတွက် ကျင်းပ‌ရေး‌ကော်မတီဖွဲ့စည်း‌ရေးအစည်းအ‌ဝေးကို ဇွန် ၁ဝ ရက်‌နေ့တွင် ‌အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၅၂၄၊ ၉ လွှာ၌ ကျင်းပခဲ့ပြီး ‌ကော်မတီကို ကရင်လူငယ်များဖြင့်ဖွဲ့စည်း လိုက်သည်။

အဆိုပါ ‌ကော်မတီ ဖွဲ့စည်း‌ရေး အစည်းအ‌ဝေးသို့ ရန်ကုန်တိုင်း‌ဒေသကြီး ခရိုင်အလိုက် စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများမှ ကရင်လူငယ်ကိုယ်စားလှယ် ၇ဝ ဦးခန့်တက်‌ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုဥက္ကဌ ‌လေးဦးနှင့် အတွင်း‌ရေးမှူး ‌လေးဦးကို ကနဦး‌ရွေးချယ်ခဲ့သည်။

၎င်း ၈ ဦးထဲမှ ကရင်စကား‌ပြောဆိုနိုင်သူ၊ အမျိုးသား‌ရေးနှင့် ပတ်သက်သည့် ခံယူချက်၊ ပညာအရည် အချင်းတို့ကို ကြည့်ပြီး ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ‌ရေ‌ပေါ်‌သောင်‌ကျေးရွာမှ ကရင်လူငယ် ‌စော‌ဂေါ်‌ဂေါ်ကို ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌအဖြစ် ပွင့်လင်းမြင်သာစွာ‌ရွေးချယ်တာဝန်‌ပေးခဲ့သည်ဟု တိုင်းစာယဉ်တွဲဖက် အတွင်း‌ရေးမှူး-၁ ‌စောဘိုဘို‌ဝေ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ အဓိကရည်ရွယ်ချက်က လူငယ်‌တွေကို လုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ စွမ်းရည်ကို အပြည့်အဝ ထုတ်‌ဖော်ခွင့် ‌ပေးလိုက်တဲ့သ‌ဘောပဲ။ ‌နောက်တစ်ခုက အ‌ရှေ့အ‌နောက်၊ ‌တောင်‌မြောက် ခရိုင်အလိုက် လူငယ်‌တွေ လက်တွဲ ပြီး‌တော့ လုပ်တဲ့အကျင့်‌ပေါ့‌နော်၊ တစ်‌ယောက်နဲ ့တစ်‌ယောက်နားလည်နိုင်ပြီး ရင်းနှီး သိကျွမ်းလာဖို့ အခွင့်အ ‌ရေး‌လေး‌တွေကို ‌ဖော်‌ဆောင်‌ပေးတာဖြစ်ပါတယ်”ဟု တိုင်းစာယဉ် အတွင်း‌ရေးမှူး-၁ ‌စောဘိုဘို‌ဝေ‌မောင်က ဇွန်လ ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုင်းအဆင့် ချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားကို လာမည့် ဝါ‌ခေါင်လ(ဩဂုတ်)အတွင်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသွားရန် တိုင်းစာ ယဉ်အဖွဲ့က လျာထားပြီး ကျင်းပ‌ရေး‌ကော်မတီကို မျိုးဆက်သစ်လူငယ်များဖြင့် ဖွဲ့စည်းရန် တိုင်းစာယဉ် ဥက္ကဌ၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက လမ်းညွှန်ထားပြီး ယခုလို ကရင်လူငယ်များဖြင့် ‌ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ အဖြစ် ‌ရွေးချယ်တာဝန်‌ပေးခြင်းခံရသူ ‌စော‌ဂေါ်‌ဂေါ်က “ကျ‌နော်တို့ ‌ကော်မ တီဝင်‌တွေ လာမယ့်ရက်ပိုင်းမှာ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ‌ရှေ့လုပ်ငန်းစဉ်‌တွေချမှတ်မယ်။ ‌နောက် တိုင်းအဆင့် လုပ်မယ့်လက်ချည်ပွဲ အခမ်းအနား ‌အောင်‌အောင် မြင်မြင် ဖြစ်‌အောင် တိုင်းစာယဉ်တာဝန်ရှိသူ‌တွေ၊ ‌နောက် ကရင့်‌ရေးရာဝန်ကြီးနဲ့ ချိတ်ဆက်ပြီး‌တော့ အ‌ကောင်း ဆုံး ကြိုးစားလုပ်‌ဆောင်သွားမယ်” ဟု ဇွန် ၁ဝ ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုဖွဲ့စည်းလိုက်သည့် ‌ကော်မတီရှိ လူငယ်များအ‌နေဖြင့် ပထမဦးဆုံးတိုင်းအဆင့် လက်ချည်ပွဲကို ဦး‌ဆောင်ကျင်းပမည်ဖြစ်‌သော်လည်း အခြားလိုအပ်သည့် ကိစ္စရပ်များကို တိုင်းစာယဉ်ရှိလူကြီးများက ဝန်းရံ ကူညီလုပ်‌ဆောင်‌ပေးသွားမည်ဟု တိုင်းစာယဉ် တာဝန်ရှိသူများက ‌ကေအိုစီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်အာဇာနည်‌နေ့၊ ကရင်အမျိုးသား‌နေ့ အစရှိသည့် ‌နေ့ထူး‌နေ့မြတ်များကို ရန်ကုန်မြို့အနီးတဝိုက်ရှိ ကရင်လူငယ်များက ဦး‌ဆောင်ကျင်းပခဲ့ဖူးပြီး ယခုဖွဲ့စည်းလိုက်သည့် တိုင်းအဆင့် လက်ချည်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ကရင်လူငယ်များသည် အခမ်းအနားများကို ဦး‌ဆောင်ကျင်းပဖူးခြင်း မရှိသည့် မျက်နှာသစ် လူငယ်များဖြစ်ကာ ပူး‌ပေါင်းဝန်းရံလုပ်‌ဆောင်သွားမည်ဟု ရန်ကုန်မြို့ခံ ကရင်လူငယ် အသိုင်းအဝိုင်းက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင့်ရိုးရာ လက်ချည်ပွဲကို ‌ခြောက်ထပ်ကြီးဘုရားရှိ ပြည်နယ်ကျက်သ‌ရေ ‌ဆောင်‌ကျောင်းတိုက်နှင့် လှိုင်မြို့နယ်၊ ဗဟိုလမ်း‌ဘေးရှိ ဘုံ‌ကျော်ဘုန်း‌တော်ကြီး‌ကျောင်းနှင့် ‌ကော့မှူး၊ ကွမ်းခြံ ကုန်း စသည့်တို့တွင် ကျင်းပ‌လေ့ရှိပြီး တိုင်းအဆင့်လက်ချည်ပွဲကိုမူ ပထမဦးဆုံးအကြိမ် ကျင်းပမည်ဖြစ်‌ကြောင်း တိုင်း စာယဉ်ထံမှ သိရသည်။