Home သတင်း မယ်လ ဒုက္ခသည်စခန်း‌ရေကြီးမှု လူ‌နေအိမ် ၁ဝဝ‌ကျော် နစ်မြှုပ်၊ ထိခိုက်ပျက်စီးမှုရှိ

မယ်လ ဒုက္ခသည်စခန်း‌ရေကြီးမှု လူ‌နေအိမ် ၁ဝဝ‌ကျော် နစ်မြှုပ်၊ ထိခိုက်ပျက်စီးမှုရှိ

2689

ဇွန်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ ‌မြောက်ဘက် ၆ဝ ကီလိုမီတာ အကွာအ‌ဝေးရှိ မယ်လဒုက္ခသည် စခန်း၏ ဇုန် (C-1) A နှင့် (C-1) B တို့တွင် ယမန်‌နေ့ ‌နေ့လည်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ‌တောင်ကျ‌ချောင်း‌ရေများ လျှံကျစီး ဆင်းမှုတို့‌ကြောင့် နာရီ အနည်းငယ်ကြာ ‌ရေကြီး‌ရေလျှံမှုဖြစ်ပွားခဲ့ရာတွင် လူ‌နေအိမ် (၁ဝဝ)‌ကျော် ‌ရေနစ်မြှုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်ဟု စခန်း တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ‌ရေကြီးမှု‌ကြောင့် လူ‌နေအိမ် (၁၀၁)လုံးအပါအဝင် ‌ဘော်ဒါ‌ဆောင်တစ်လုံး ‌ရေနစ်မြှုပ်ခဲ့ပြီး ဒုက္ခသည်များ၏ စားနပ် ရိက္ခာများ အိမ်သုံးပစ္စည်းများနှင့် အိမ်‌မွေးတိရိစ္ဆာန်အချို့ ‌ရေထဲ‌မျှောပါသွားခဲ့သလို ‌နေအိမ်ရှိ လူများနှင့် ကျန်ရှိသည့် အိမ်‌မွေးတိရိစ္ဆာန်များကိုလည်း နီးစပ်ရာ အိမ်များနှင့် အ‌ဆောင်များသို့ ‌နေရာ‌ပြောင်း‌ရွှေ့‌ပေးခဲ့ရသည်ဟု စခန်းဥက္ကဌ ‌စော ‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီ‌နေ့ ကျ‌နော်တို့ စာရင်းပြုစုလိုက်တာ အိမ်‌ခြေ ၁၀၁ လုံး ‌ဘော်ဒါတစ်လုံးနဲ့ဆိုရင် ၁၀၂ လုံး‌ပေါ့‌နော် ‌ရေမြှုပ် သွားတယ်။ ‌နောက်ပြီး အချို့လည်း ပြိုသွားတယ်။ ကျ‌နော်တို့ NGO အဖွဲ့‌တွေနဲ့ ဒီ‌နေ့‌ဆွေး‌နွေးပြီး‌တော့ မနက်ဖြန်ကျရင် လိုအပ်တဲ့‌နေရာ‌တွေကို ကွင်းဆင်းပြီး လိုအပ်တာ‌တွေကို ပြန်ကူညီ‌ပေးဖို့စီစဉ်‌ပေးမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ရေကြီးမှု‌ကြောင့် လူသူ ထိခိုက်‌သေဆုံးမှု မရှိသလို လက်ရှိတွင်လည်း မြင့်တက်လာသည့် ‌ရေများမှာ ကျသွားပြီး စိုးရိမ်စရာ အ‌ခြေအ‌နေမဟုတ်‌တော့‌ကြောင်း စခန်းဥက္ကဌ ‌စော‌အောနက်က ဆက်‌ပြောသည်။

အလားတူ ယမန်‌နေ့က မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် မွန်ပြည်နယ်၊ ‌မော်လမြို့အပါအဝင် ကျန်မြို့နယ်အချို့တို့တွင် ‌ရေကြီး‌ရေလျှံမှုများဖြစ်‌ပေါ်‌နေပြီး ခရီးသွားလာသည့် လမ်းများကို ‌ခေတ္တပိတ်ထားရကာ ‌နေအိမ် အများအပြား‌ရေနစ်မြှုပ်ခဲ့မှု တို့‌ကြောင့် မြို့ခံလူထုများ ‌ဘေးလွတ်ရာသို့ ယာယီ‌ပြောင်း‌ရွှေ့ခိုလှုံ‌နေကြရသည်။