Home သတင်း ဓ‌လေ့ထုံးတမ်းနှင့်အညီ ‌မြေယာစီမံခန့်ခွဲမှုပြုနိုင်‌ကြောင်း ပြသသည့် နှီး‌နှောဖလှယ်ပွဲပြုလုပ်

ဓ‌လေ့ထုံးတမ်းနှင့်အညီ ‌မြေယာစီမံခန့်ခွဲမှုပြုနိုင်‌ကြောင်း ပြသသည့် နှီး‌နှောဖလှယ်ပွဲပြုလုပ်

2232

ဇွန်လ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ဌာ‌နေကရင်လူထုများအ‌နေဖြင့် ၎င်းတို့၏ ‌မြေယာများကို ရိုးရာဓ‌လေ့ထုံးတမ်းများနှင့်အညီ စီမံခန့်ခွဲနိုင်‌ကြောင်း ပြလိုသည့်အ‌နေဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတ‌ရော် (ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၊ တ‌မေထ ‌ကျေးရွာ၌် ဓ‌လေ့ထုံးတမ်းအရ ‌မြေယာစီမံခန့်ခွဲမှုဆိုင်ရာ နှီး‌နှော ဖလှယ်ပွဲကို ‌ကေအဲန်ယူ၊ ဗဟို‌မြေယာ ‌ကော်မတီက ဦး‌ဆောင်ကာ ဇွန်လ ၂၅ မှ ၂၇ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲ ပြုလုပ်ရခြင်းသည် အစိုးရ၏ ‌မြေယာမူဝါဒနှင့် ‌မြေယာပြုပြင်‌ပြောင်းလဲမှု အခင်းအကျင်း များသည် ‌ဒေသခံဌာ‌နေတိုင်းရင်း သားတို့၏ ‌မြေယာစီမံခန့်ခွဲမှုကို စိန်‌ခေါ်မှု ဖြစ်လာခြင်း‌ကြောင့် KNU ထိန်းချုပ် နယ်‌မြေအတွင်းရှိ ဌာ‌နေကရင်တိုင်းရင်းသားများအ‌နေဖြင့် ‌မြေယာ၊သစ်‌တောများကို ရိုးရာဓ‌လေ့ထုံးတမ်း များအညီ စီမံခန့်ခွဲမှုပြုနိုင်‌ကြောင်းကို ပြသလိုခြင်းရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပွဲ၏ ‌ပြောခွင့်ရသူ ‌စောအဲလက်စ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ တိုင်းရင်းသား‌တွေသွား‌နေတာ ‌တောင်း‌နေတာက ဖက်ဒရယ်ဖြစ်တယ်။ တခါတစ်‌လေကျ ‌တော့ ကျ‌နော်တို့ ‌မေးခွန်ထုတ်ခံရတယ်။ ခင်ဗျာတို့က ဖက်ဒရယ်‌တောင်း‌ပေမဲ့ ဘယ်‌လောက်ထိ ကိုယ်‌ဒေသကို စီမံခန့်ခွဲနိုင်သလဲ‌ပေါ့။ ကျ‌နော်တို့ စီမံခန့်ခွဲမှု လုပ်နိုင်တယ်၊ အထူးသဖြင့် ကိုယ့်‌ဒေသမှာရှိ‌နေတဲ့ ‌မြေ၊ သစ်‌တော၊ သယံဇာတအားလုံးကို စီမံခန့်ခွဲနိုင်တယ်။ ကိုယ်တိုင်စီမံခန့်ခွဲမှုလည်း လုပ်‌နေတယ်။ ဆက်ပြီး လုပ်သွားမယ် ဆိုတာကို ပြသခြင်း ဖြစ်တယ်” ဟ ု‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ၏ ‌မြေယာ၊သစ်‌တောနှင့် သယံဇာဆိုင်ရာ ဥပ‌ဒေ ပြုပြင်‌ပြောင်း လဲမှုများသည် တိုင်းရင်းသား‌ဒေသရှိ ဌာ‌နေ‌ဒေသခံတို့၏ ‌မြေယာ စီမံခန့်ခွဲမှုနှင့် ကိုက်ညီမှုမရှိဘဲ ၎င်းတို့၏ငြိမ်းချမ်းသည့် ‌နေထိုင်မှုဘဝများကို ခြိမ်း‌ခြောက်လျက်ရှိကာ ထိုဥပ‌ဒေများကိုလည်း လက်မခံနိုင်‌ကြောင်း ‌စောအဲလက်စ်က ဆက်‌ပြောသည်။

KNU ဗဟို‌မြေယာ‌ကော်မတီမှ ဦး‌ဆောင်၍ သုံးရက်ကြာပြုလုပ်သည့် နှီး‌နှောဖလှယ်ပွဲတွင် ‌ဒေသခံပြည်သူုများ၏ ‌မြေယာ၊ သစ်‌တော စီမံခန့်ခွဲမှုများ၊ တစ်သီးပုဂ္ဂလ‌မြေယာစီမံခန့်ခွဲမှု၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ‌မြေ၊ သစ်‌တော၊ သယံဇာတဆိုင်ရာ အခင်းအကျင်းများ၊ လက်ရှိ နိုင်ငံ‌ရေး အခင်းအကျင်းများနှင့် KNU၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနှင့် ‌ဒေသခံ လူထုများ‌ရှေ့ဆက် ပူး‌ပေါင်း လုပ်‌ဆောင်ရမည့် ‌မြေယာ၊ သစ်‌တောနှင့် သယံဇာတ စီမံခန့်ခွဲမှုကိစ္စရပ်များကို KNU ခရိုင်(၇)ခုမှ ‌ဒေသခံ ၂၄၁ ဦး တို့တက်‌ရောက် ‌ဆွေး‌နွေးခဲ့သည်။

ထို့အပြင် ‌မြေယာ၊ သစ်‌တော၊ သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာပူး‌ပေါင်းလုပ် ‌ဆောင်ရမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး ‌ဆွေး‌နွေးပွဲ‌နောက်ဆုံး‌နေ့တွင် ဌာ‌နေကရင်လူထုများ၏ ‌တောင်းဆိုချက် (၆)ချက်ပါ ထုတ်ပြန်ချက် တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

‌ကေအဲန်ယူ၊ ဖာပွန်ခရိုင် ကရင်သစ်‌တောဌာန၊ ‌ဒေသခံများနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေး ဆိုင်ရာ လုပ်ရှားမှု ကွန်ရက် (KESAN) တို့ပူး‌ပေါင်း၍ အကျယ်အဝန်း ၂၀၀၉ စတုရန်းမိုင်ရှိသည့် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် ဖွဲ့စည်းရန် ၂၀၁၆ ခုနှစ် ‌မေလတွင်စတင် လုပ်‌ဆောင်ခဲ့‌သော်လည်း ယ‌နေ့အချိန်ထိ အသိအမှတ် ပြုခြင်း မခံရ‌သေး‌ကြောင်း ဦး‌ဆောင်စီစဉ်ခဲ့သူများထံမှ သိရသည်။