Home သတင်း တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်ရန် ဖားအံတွင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ရရုံးဖွင့်

တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်ရန် ဖားအံတွင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ရရုံးဖွင့်

2823

ဇွန် ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တိုင်းရင်းသားများ၏ အခွင့်အ‌ရေးကိုကာကွယ်‌စောင့်‌ရှောက်ရန် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန၊ ကရင်ပြည် နယ် ညွှန်ကြား‌ရေးမှူးရုံး အ‌ဆောက်အဦးသစ်ကို ဇွန်လ ၂၈ ရက်(ယ‌နေ့)တွင် ဖားအံမြို့၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးကို ကရင်ပြည်နယ်အတွင်း ပထမဆုံးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖွင့်လှစ်နိုင်သည့်အတွက် တိုင်း ရင်းသားအ‌ရေးကိစ္စများ လုပ်‌ဆောင်ရာတွင် အားထားရာ‌နေရာတစ်ခုဖြစ်လာမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်းက ဖွင့်ပွဲအခမ်းအနားတွင် ယခုလို‌ပြောကြားသည်။
၎င်းက ̏ အရင်က တိုင်းရင်းသား အ‌ရေးကိစ္စ တကယ်တမ်းလုပ်‌ဆောင်‌တော့မယ်ဆိုရင် ကိုယ်ထူ ကိုယ်ထ လုပ် ‌ဆောင်ခဲ့ရတယ်။ အခုက ရုံးရှိတဲ့ အတွက် အားကိုးအားထားလို့ရပြီ↔ ဟု ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် ထည့် သွင်း‌ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်ထဲတွင် တိုင်းရင်းသားမျိုးနွယ်စုများစွာ ‌နေထိုင်သည့်အတွက် အများစု၊ အနည်းစု ခွဲခြား ခြင်းမပြုဘဲ ၎င်းတို့၏ စာ‌ပေ၊ယဉ်‌ကျေးမှု ဓ‌လေ့စသည့် အခွင့်အ‌ရေးများကို တူညီစွာရရှိရန် ‌ဖော်‌ဆောင်‌ပေးမည့် ရုံးရှိ‌နေခြင်းမှာလည်း တိုင်းရင်းသားများအတွက် အင်အားတစ်ရပ်ဖြစ်‌စေသည်ဟုမွန်ဝန်ကြီးက ဆက်‌ပြော သည်။

ယခုဖွင့်လှစ်လိုက်သည့် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနတွင် တိုင်းရင်းသားစာ‌ပေနှင့်ယဉ်‌ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်‌စောင့်‌ရှောက်‌ရေးဦးစီးဌာန ဟူ၍ ဦးစီးဌာန ၂ ခုဖြင့် ဖွဲ့စည်းထားပြီး မွန်နှင့်ကရင်နီ (ကယား)ပြည်နယ်ပြီး‌နောက် ယခုကရင်ပြည်နယ်ရုံးကို ၃ ‌နေရာ‌မြောက် ဖွင့်လှစ်‌ပေးခြင်းဖြစ် ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းမှီတင်း‌နေထိုင်သည့် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စသည့်အဓိက တိုင်းရင်းသား ၄ မျိုးအား ကိုယ်စားပြုအသိမှတ်ပြုသည့် ကရင်ပြည်နယ်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးရုံးဖြစ်‌ပေါ်လာ‌သော်လည်း ယင်း ရုံးမှာ တိုင်းရင်းသားများအ‌ရေး အမှန်တကယ် ထိ‌ရောက်စွာ လုပ်‌ဆောင်နိုင်ခြင်းရှိမရှိ ‌စောင့်ကြည့်ရမည်ဖြစ် ‌ကြောင်းလည်း တိုင်းရင်းသားများအ‌ရေး လှုပ်ရှားသူများက‌ပြောဆိုသည်။

ထို့အတူ ယ‌နေ့ဖွင့်လှစ်လိုက်သည့် ရုံးဖွင့်ပွဲတွင်လည်း မြန်မာနိုင်ငံ‌တော်အလံအပါအဝင် ပြည်နယ်နှင့်တိုင်း ‌ဒေ သကြီး ကိုယ်စားပြုအလံများကိုသာ လွှင့်တင်ထားသည်ကို‌တွေ့ရပြီး တိုင်းရင်းသားများ၏ အမျိုးသားအလံများ မပါရှိခြင်းအ‌ပေါ် အခမ်းအနားတက်‌ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အကြား အကြံ‌ပေးမှု များနှင့်အတူ ‌ဝေဖန်‌ပြောဆိုမှုများလည်းရှိသည်။

ကရင်ပြည်နယ်လွှတ်‌တော်၊ တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ‌ကော်မတီအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ခွန်စိုးနိုင်က“ ဒီရုံးက ‌ထောင့်စုံတဲ့အထိ‌တော့ မပြည့်စုံ‌သေးဘူး။ ဝန်ထမ်း‌တွေဆိုလည်း သက် ဆိုင်ရာတိုင်းရင်းသား‌တွေ ရှိ‌နေဖို့လိုအပ်တယ်။ တိုင်းရင်းသား‌တွေရဲ့ အမျိုးသားအလံအပါအဝင် အမျိုးသား လက္ခဏာ၊ အ‌ငွေ့အသက်‌တွေ ရုံးမှာရှိ‌နေသင့်တယ်လို့မြင်ပါတယ်။ ဒါမှလည်း တိုင်းရင်းသားအ‌ရေး ‌ဆောင်ရွက် တဲ့အခါ ‌အောင်မြင်မှုရှိမယ်↔ဟု‌ပြောသည်။

ယ‌နေ့ရုံး ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင် ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ကရင်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီးတို့ရှိ သက်ဆိုင်ရာ တိုင်းရင်း သား‌ရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ တိုင်းရင်းသားစာ/ယဉ်အသင်း၊ ‌ကော်မတီများ စုစု ‌ပေါင်း ၂၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့ကြသည်။