Home ဆောင်းပါး အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

3388

မန်း‌အောင်ပြည်စိုး
(‌မေ ၂၀၁၈)

ကရင်တိုင်းရင်းသားတို့၏ အမျိုးသား‌ရေး၊ နိုင်ငံ‌ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ၁၈၈၁ခုနှစ်တွင် ကရင်တို့၏ အဦးဆုံး‌သော အမျိုးသားအသင်းဖြစ်သည့် “‌ဒေါကလု” အသင်းကြီးကို စတင်တည်‌ထောင်ခဲ့ကြသည်။ (Karen National Association – KNA) ဟု အဂင်္လိပ်ဘာသာဖြင့် ‌ခေါ်ဆိုသည်။ ထိုအသင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များဝင်‌ရောက်လာသည့် ၁၉၄၂ခုနှစ် ဝန်းကျင်အထိ တရားဝင် သက်ဝင်လှုပ်ရှားခဲ့ပြီး ဂျပန်များ ဝင်‌ရောက်လာချိန်၌ ၎င်းတို့၏ အရှိန်အဝါ ‌မှေးမှိန်လာခဲ့သည်။

“‌ဒေါကလု” အသင်းကြီးပြီး‌နောက် သစ္စာရှိ ကရင်အသင်း(The loyal Karen Association –LKA)၊ မြန်မာနိုင်ငံ ကရင်အမျိုးသား အသင်း (Burma Karen National Association- BKNA)၊ ကရင်ဗဟိုအကြံ‌ပေးအဖွဲ့ (Karen Central Advisory Board- KCAB)၊ ကရင်ဗဟိုအဖွဲ့ (Karen Central Organization –KCO)၊ ကရင်လူငယ်အဖွဲ့ (Karen Youth Organization-KYO) စသည်ဖြင့် ကရင်အမျိုးသား‌ရေးအတွက် အသင်းအဖွဲ့များ အလျှိုလျှို ဖွဲ့စည်း‌ပေါ်‌ပေါက်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် ထိုအဖွဲ့များ အားလုံး ပူး‌ပေါင်းပြီး ယ‌နေ့သမိုင်းစာမျက်နှာထက် ကြံ့ကြံ့ခံ ရပ်တည်‌နေခဲ့‌သော ကရင်အမျိုးသားအစည်းအရုံး Karen National Union-KNU ကို ၁၉၄၇ခုနှစ် နှစ်ဦးပိုင်း၌ ဖွဲ့စည်းထူ‌ထောင်ခဲ့ကြသည်။

KNU ကရင်အမျိုးသားအစည်းအရုံးကို အဂင်္လိပ်အစိုးရနှင့် ဖဆပလအဖွဲ့ချုပ်တို့က အသိအမှတ်ပြုခဲ့ကြသည်။ သို့ရာတွင် လွတ် လပ်‌ရေးရရှိပြီး‌နောက် တစ်နိုင်ငံလုံး ‌ရောင်စုံသူပုန် ထကြ‌သောအခါ ဝန်ကြီးချုပ်ဦးနုက ( ၃၀-၁-၁၉၄၉)ခုနှစ်တွင် KNU ကို ဥပ ‌ဒေ ပုဒ်မ-၁၇အရ မတရားအသင်း ထုတ်ပြန်‌ကြေညာခဲ့ခြင်းဖြင့် KNU သည် (၃၁-၁-၁၉၄၉)ရက်‌နေ့တွင် မလွှဲမ‌ရှောင်သာ‌သော သမိုင်းဝင်‌တော်လှန်‌ရေး စတင်ခဲ့ရပါသည်။

ကရင်အမျိုးသားလှုပ်ရှားမှု သမိုင်းအကျဉ်းကို ပြန်လည်အစ ‌ဖော်တင်ပြရခြင်းမှာ တိုင်းရင်းသားတို့၏ အမျိုးသားတန်းတူ‌ရေုးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး ‌တောင်းဆိုချက်များကို ‌ပေါ်လွင်‌စေလို၍ ဖြစ်ပါသည်။ ၁၉၄၇ခု၊ ဇန်နဝါရီလမှ ၁၉၄၉၊ ဇန်နဝါရီလအ ထိ (၂)ခန့်မျှသာတရားဝင် အဖွဲ့အစည်းဖြစ်ခဲ့ပြီး‌နောက် ၁၉၄၉ခု၊ ဇန်နဝါရီလမှ NCA လက်မှတ်‌ရေးထိုးသည့် (၁၅-၁၀-၂၀၁၅) ရက်‌နေ့အထိ (၆၈)နှစ်၊ (၈)လနှင့်(၁၄)ရက်ခန့်မျှ မ‌ရေရာသည့် သံသယကမ္ဘာထဲတွင် KNU သည် ‌ဝေဝါးစွာ ရုန်းကန်‌လျှောက် လှမ်းခဲ့ရသည်။

ယခု NCA လက်မှတ်‌ရေးထိုးပြီး၍ မတရားအသင်းမှ ‌ဖြေလွှတ်‌ပေးလိုက်‌သော်လည်း (၃)နှစ် နီးပါးကြာလာသည်အထိ ကန့်သတ် တားဆီး ပိတ်ပင်မှုများနှင့် ကြုံ‌တွေ့‌နေရဆဲဖြစ်ပါသည်။ အတိတ်ကို ပြန်‌ပြောင်းနှိုင်းယှဉ်တင်ပြရလျှင် ဗိုလ်ချုပ်‌အောင်ဆန်းနှင့် ကရင်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးတို့သည် မြန်မာ့လွတ်လပ်‌ရေးတိုက်ပွဲတွင် အတူလက်တွဲဆင်နွှဲခဲ့ကြသည်။ ကရင်-ဗမာ အဓိက ရုဏ်းများကို အတူဝိုင်းဝန်း‌ဖြေရှင်းခဲ့ကြပြီး ကရင်-ဗမာ ချစ်ကြည်‌ရေးအတွက် ပူး‌ပေါင်း‌ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပါသည်။ ဆိုရ ပါလျှင် လုပ်‌ဖော်ကိုင်ဖက် မိတ်‌ဆွေရင်းချာများသာ ဖြစ်ပါသည်။

သို့ရာတွင် ထို‌ခေါင်း‌ဆောင်နှစ်ဦးနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသည်။ အဂင်္လိပ်အစိုးရအဖို့ ဗိုလ်ချုပ်‌အောင်ဆန်းသည် ဆူး ‌ငြောင့်ခလုတ် အတားအဆီးဟု ခံယူ‌သော်လည်း ဖဆပလအဖို့ ဗိုလ်ချုပ်‌အောင်ဆန်းသည် သူရဲ‌ကောင်းဖြစ်ပါသည်။ ထို့အတူ ကရင်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးအ‌ပေါ် ဦးနု၏ ဖဆပလ အစိုးရက ‌သောင်းကျန်းသူ အဖျက်သမားသစ္စာ‌ဖောက်ဟု ကင်ပွန်း တပ်မည်ဖြစ်‌သော်လည်း ကရင်ပြည်သူလူထုကမူ ‌စောဘဦးကြီးသည် ကရင်တို့၏ သူရဲ‌ကောင်း၊ ကရင့်အခွင့်အ‌ရေးအတွက် ခုခံ စစ်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် ‌တော်လှန်‌ရေးသမားဟု သတ်မှတ်ကြမည်ဖြစ်ပါသည်။

ထိုသို့ဖြင့် ‌ခေါင်း‌ဆောင်ကြီးနှစ်ဦး၏ ဘဝကို ရှုမြင်ကြပုံချင်း ကွာခြားလှပါသည်။ ဗိုလ်ချုပ်‌အောင်ဆန်းမှာ လွတ်လပ်‌ရေး၏ ဖခင်၊ နိုင်ငံ့အာဇာနည်အဖြစ် သတ်မှတ် မှတ်‌ကျောက်တင်ခံခဲ့ရ‌သော်လည်း ‌စောဘဦးကြီးမူကား ‌သောင်းကျန်းသူ အဖျက်သမား သူပုန် သူကန်အဖြစ်သာ ယူဆခဲ့ကြသည်။ ဤအ‌ခြေအ‌နေအ‌ပေါ် ကရင်တိုင်းရင်းသားများမှာ လွန်စွာ စိတ်မ‌ကောင်း စိတ်ပျက် ဝမ်းနည်းခဲ့ရပါသည်။

မတရားအသင်းအဖြစ် သတ်မှတ်ခံရသည့် ကာလတစ်‌လျှောက်လုံး ‌စောဘဦးကြီးကျဆုံးခဲ့သည့် ဩဂုတ်လ (၁၂)ရက်‌နေ့ကို ကရင်အာဇာနည်‌နေ့အဖြစ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများက ‌အောက်‌မေ့ဘွယ် အခမ်းအနားများ ကျင်းပ‌ဆောင်ရွက်ခဲ့ကြ ‌သော်လည်း ပြည်တွင်းရှိ ကရင်များမှာ မတရားအသင်းမှ ပယ်ဖျက်လိုက်သည့်တိုင်‌အောင် ‌စောဘဦးကြီး ကျဆုံးခဲ့သည့် ဩဂုတ် လ (၁၂)ရက်‌နေ့ကို ကရင်အာဇာနည်‌နေ့အဖြစ် အခမ်းအနားများကျင်းပရန် မဝံ့မရဲဖြစ်‌နေကြဆဲ ဖြစ်ပါသည်။

ကျင်းပလျှင်လည်းပုန်းလျှိုးကွယ်လျှိုးသာဖြစ်သည်။ ကြီးမားစွာ‌သော ခြားနားမှုများပင် ဖြစ်သည်။ ဗိုလ်ချုပ်‌အောင်ဆန်း၏ အာဇာ နည်‌နေ့ကို တခမ်းတနားကျင်းပ‌နေချိန်တွင် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် ကရင်တို့၏ ‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ကျဆုံး သည့်‌နေ့ကို အဘယ်‌ကြောင့် ကရင်အာဇာနည်‌နေ့အဖြစ် မကျင်းပဝံ့ရသနည်း …
ဗိုလ်ချုပ်‌အောင်ဆန်းသည် အဂင်္လိပ်တို့၏ ဒလျှို ဒလံ အသားထဲ ‌လောက်ထွက်သည့် ဦး‌စော၏လုပ်ကြံမှုဖြင့် ကျဆုံးခဲ့ရသကဲ့သို့ ‌စောဘဦးကြီးသည်လည်း ကရင်အမျိုးသား ‌စော‌မောင်အဲ၏ သတင်း‌ပေးဇာတ်တူသားစားခြင်းဖြင့် ကျဆုံးခဲ့ရသည်ပဲ မဟုတ်ပါ လား …

ဤသို့ နှိုုင်းယှဉ်တင်ပြခြင်းအ‌ပေါ် အပြစ်မမြင်‌စေလိုပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်ရပ်မှန်ကို မြင်‌စေလိုခြင်းသာဖြစ်ပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ကရင်နှစ်သစ်ကူးတွင် ‌စောဘဦးကြီး၏ ကိုယ်အ‌ပေါ်ပိုင်း ပုံတူရုပ်တုကို စိုက်ထူရန် စီစဉ်ကြ‌သောအခါ၌ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်မှ တားမြစ်ထား‌ကြောင်း၊ ‌စောဘဦးကြီး၏ရုပ်ထုကို စိုက်ထူလိုပါက ကရင် လက်နက်ကိုင်တပ်များထိန်းချုပ်ရာ နယ်‌မြေတွင် စိုက်ထူရန်ဖြစ်‌ကြောင်း အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်စား စစ်ဦး စီးမှူး(ပထမတန်း) က KNU ၏ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီး) ဥက္ကဌ ( သို့မဟုတ်) တပ်မဟာ(၆)မှူးထံ အ‌ကြောင်းကြားခဲ့‌ကြောင်း လွန်ခဲ့သည့် လအနည်းငယ်က ‌ဖေ့စ်ဘွတ်တွင် တင်ထားသည်ကို ဖတ်ရှုခဲ့ရပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းတို့ မည်သို့‌ဖြေရှင်း‌ဆောင်ရွက်ခဲ့ကြသည် မသိရပါ။ ဘုရားသုံး ဆူတွင် ‌စောဘဦးကြီး၏ ကိုယ်တစ်ပိုင်းရုပ်တုစိုက်ထူခွင့် မရရှိခဲ့‌ကြောင်း ‌လေ့လာ‌တွေ့ရှိရပါသည်။

နှိုင်းယှဉ်သုံးသပ်ရမည်ဆိုပါက တစ်နိုင်ငံလုံး၌ ဗိုလ်ချုပ်‌အောင်ဆန်း၏ ရုပ်တု ဘယ်နှစ်ခုစိုက်ထူထားသည်ကို မ‌ပြောနှင့်ဦး။ ဗိုလ် ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ဥယျာဉ်၊ ဗိုလ်ချုပ်ကစားကွင်း၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်စာကြည့်တိုက်၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်‌ဈေး၊ ဗိုလ် ချုပ် တံတား စသည်ဖြင့် ‌ရေတွက်၍ မကုန်နိုင်ရှိ‌နေသည်။ ဤအ‌ခြေအ‌နေတွင် သံလွင်တံတား(‌ချောင်းဆုံ)အမည်ဖြင့် ‌မော်လ မြိုင်နှင့် ဘီလူးကျွန်းကိုု ဆက်သွယ်မည့် တံတားကြီး၏အမည်ကို ‌ပေးထားပြီ လုပ်ငန်း‌ဆောင်ရွက်ခဲ့ရာမှ လုပ်ငန်းပြီးစီး‌သောအခါ စီမံကိန်းအရ ချထားသည့်အမည်နှင့်မဟုတ်ဘဲ “ဗိုလ်ချုပ်‌အောင်ဆန်းတံတား”ဟု အမည်မှည့်လို‌ကြောင်း NLD ပါတီဝင်တစ်ဦး၏ တင်ပြချက်အ‌ပေါ် မွန်တိုင်းရင်းသားများ၊ မွန်နိုင်ငံ‌ရေးပါတီများနှင့် မွန်လူမျိုးအဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်ခဲ့ကြ ‌သော်လည်း လွှတ်‌တော်၏ အတည်ပြုချက်ဖြင့် ‌နောက်ဆုံးတံတားကြီးဖွင့်‌သောအခါ၌ “ ဗိုလ်ချုပ်‌အောင်ဆန်းတံတား”ဟူ‌သော အမည်ဖြင့်သာ ဖွင့်ခဲ့ပါသည်။

ဆိုခဲ့သည့်အတိုင်း ဗိုလ်ချုပ်အမည်ဖြင့် လမ်းတံတား၊ ‌ဈေး၊ ပန်းခြံ အမျိုးစုံမှည့်ခဲ့ပြီးဖြစ်‌သော်လည်း မွန်ပြည်နယ်ရှိ ဤတံတားကို မွန်တိုင်းရင်းသားများက သူတို့အတွက် အမှတ်တရဖြစ်‌သော အမည်တစ်ခုခု‌ပေးချင်ပါလိမ့်မည်။ မဟုတ်လျှင်‌သော်မှ မူလအ တိုင်း သံလွင်တံတား(‌ချောင်းဆုံ) ဟုပင် ‌ခေါ်တွင်‌စေချင်‌ကြောင်း ‌လေ့လာကြားသိရပါသည်။

တိုင်းရင်းသားတို့၏ ဤလိုလားချက်ကို နိုင်ငံ‌တော်အတိုင်ပင်ခံက အဘယ်‌ကြောင့် မလိုက်‌လျောနိုင်သနည်း… မလိုက်‌လျောချင် ရသနည်း…။ မင်းတို့- မွန်တိုင်းရင်းသား‌တွေရဲ့ဆန္ဒအတိုင်းပဲ ဖြစ်ပါ‌စေကွာ”ဟု တစ်ခွန်းဟလိုက်ရုံနှင့် ပွဲပြီးနိုင်ပါလျက် ဒီမိုက‌ရေစီ အနိုင်ကျင့်နည်း၊ ဒီမိုက‌ရေစီဗိုလ်ကျနည်း( Tyranny of Democracy)ဖြင့် လွှတ်‌တော်မှတဆင့် အဆုံးအဖြတ်‌ပေး‌စေခြင်းမှာ တရားနည်းလမ်းကျပါ၏‌လော…

တိုင်းရင်းသားတို့၏ မျက်နှာကို မ‌ထောက်ထား၊ မညှာတာချင်‌တော့သ‌လော….ဟူသည့် ‌မေးခွန်းက ထွက်‌ပေါ်လာပါသည်။ တံတားအမည်ကို “ရာမညတံတား” ဟု ‌ခေါ်မည်ဆိုပါလျှင် မည်သို့‌သော ထိခိုက်နစ်နာမှုများရှိနိုင်ပါသနည်း….
ပြည်တွင်းတွင် ကရင်တို့၏ ‌ခေါင်း‌ဆောင်‌စောဘဦးကြီးရုပ်တုတစ်ခုကို စိုက်ထူခြင်းအားဖြင့် စိတ်ဓာတ်‌ရေးရာအရ အဘယ်မျှ ထိခိုက်နစ်နာနိုင်သနည်း။ တဖက်တွင် တိုင်းရင်းသားတို့၏ ဆန္ဒအနည်းငယ်မျှ က‌လေးကို မလိုက်‌လျောသင့်ပါသ‌လော… ‌ငွေစက္ကူများ‌ပေါ်တွင် ခြ‌သေင့်္ပုံ၊ ဆင်ပုံတို့အစား ဗိုလ်ချုပ်ပုံဖြင့် ပြန်လည် ပုံနှိပ်မည်ဟုကြားရ‌သောအခါ တိုင်းရင်းသားတစ်ဦးတစ် ‌ယောက်မျှ ကန့်ကွက်သံမကြားရ။ လှိုက်လှဲပျူငှာစွာ ကြိုဆိုကြလျက်သာဖြစ်သည်။

၉-၄-၂၀၁၈ ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာရှိ KNU/KNLA(PC)ဌာနချုပ်၌် ကရင်ပြည်နယ်လူထု‌တွေ့ဆုံပွဲ (Public Consultation) တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး‌နောက် မွန်းလွဲ (၄းဝ၀)နာရီတွင် ‌စောဘဦးကြီး၏ အုတ်ဂူရှိရာ ရွာအ‌ရှေ့ ဘက်သို့ ‌လေ့လာ‌ရေးခရီးသွား‌ရောက်ခဲ့ပါသည်။ ‌စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်း‌ခေ အပါအဝင် အခြား(၉)ဦး၏ အုတ်ဂူတို့ကို ပြု လုပ်ထားပါသည်။ စင်စစ် ‌စောဘဦးကြီး၏ ရုပ်အ‌လောင်း ထို့‌ကော်ကိုးရွာတွင် မကျန်ခဲ့ပါ။ ၁၉၅ဝခုနှစ်၊ ဩဂုတ်လ (၁၂)ရက်‌နေ့ တွင် ပစ်ခတ်သတ်ဖြတ်ခြင်းခံရပြီး‌နောက် ‌စောဘဦးကြီး၏ အ‌လောင်းအား ‌မော်လမြိုင်သို့ သယ်‌ဆောင်သွားပြီး ၎င်းမှတဆင့် ကျိုက္ခမီပင်လယ်ပြင်တွင် ပစ်ချမြှုပ်ခဲ့‌ကြောင်း အားလုံး သိကြပြီးဖြစ်ပါသည်။

ယခုအုတ်ဂူထားရှိ‌သော ‌နေရာမှာ ‌စောဘဦးကြီး ‌သွေးကျ‌ပေကျံခဲ့‌သော ‌နေရာသာဖြစ်ပါသည်။ သူ၏အရိုး၊ အရိုးအိုးတို့ကို ထည့် သွင်းသဂြင်္ိုလ်ထားခြင်း မရှိပါ။
“ကျ‌နော်တို့ပြန်ဝင်လာ‌တော့ ဒီ‌နေရာမှာ ‌ကျောက်ခဲတုံးအပုံ ‌တွေ့ရတယ်။ ကရင်‌တွေဟာ သူတို့‌ခေါင်း‌ဆောင် ကျဆုံးလို့ ‌သွေး‌မြေ ကျတဲ့‌နေရာမှာ ‌ကျောက်တုံး‌လေး‌တွေနဲ့ ပစ်ချပုံထားပြီး အမှတ်အသားထားတာ‌တွေ့ရ‌တော့ ကျ‌နော်တို့အခုလို အုတ်ဂူလုပ်လိုက် တယ်” KNU/KNLA(PC)၏ စစ်ဦးစီး ဗိုလ်မှူးကြီး‌စော‌ကျော်ညွန့်က ရှင်းပြပါသည်။

“ဥက္ကဌကြီးနဲ့အတူပါတဲ့ ဗိုလ်ချုပ်‌စောစိုင်း‌ခေက‌တော့ ချက်ချင်း မ‌သေတဲ့အတွက် ကွင်း‌ပြောင်ကိုဖြတ်‌ပြေးပြီး တစ်ဖက်‌တောစပ် မှာ ‌သွေး‌မြေကျ ကျဆုံးခဲ့ပါတယ်။ အဲဒီ‌သွေး‌မြေကျတဲ့ ‌နေရာမှာ ကရင်‌တွေက ‌ကျောက်ခဲ‌တွေပုံထားတာ ခုထိရှိ‌သေးတယ်။ သွား ကြည့်ချင် သွားကြည့်နိုင်တယ်။ အုတ်ဂူက‌တော့ ဥက္ကဌကြီးနားမှာပဲ တည်ထား‌ပေးတယ်”ဟု ‌စော‌ကျော်ညွန့်က ရှည်ရှည်‌ဝေး‌ဝေး ရှင်းပြပါသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ပြန်ဝင်လာပြီး‌နောက် ၂၀၁ဝခုနှစ်တွင် နယ်ခြား‌စောင့်တပ်အဖြစ် အသွင် ‌ပြောင်းရန် ဗိုလ်ချုပ်ကြီးထိန်‌မောင်(‌ဌေး‌မောင်)တို့ကို ‌ပြော‌သောအခါ ဗိုလ်ချုပ်ကြီးထိန်‌မောင်က “ကျ‌နော်တို့ပြန်လာတာ ‌အေး ‌အေးချမ်းချမ်း‌နေချင်လို့ပြန်လာတာ၊ ငြိမ်းချမ်းချင်လို့လာတာ၊ ရဲလုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့၊ နယ်ခြား‌စောင့်တပ်လုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ‌အေး‌အေး‌ဆေး‌ဆေးပဲ ‌နေမယ်။ ဘယ်သူ့ကိုမှ အ‌နှောက်အယှက်‌ပေးမှာ မဟုတ်ဘူး။ တစ်ခု‌တော့ရှိတယ်။ ခင်ဗျားတို့က အ‌နှောက်အယှက်‌ပေးရင်‌တော့ ကျုပ်တို့ကလည်း ရှိတာနဲ့ခုခံရမှာပဲ။ ဒီ‌နေရာက‌နေ တစ်ဖဝါးမှမခွာဘူး။ လက်နက် လည်း မချဘူး”ဟု တုံ့ပြန်‌ပြောကြားခဲ့ပြီး ယခုအချိန်အထိ ‌စောဘဦးကြီး ကျဆုံးခဲ့သည့် ဘူမိနက်သန် ထို့‌ကော်ကိုး‌မြေတွင် ဆက် လက်‌နေထိုင်လျက် ယခုအခါ ဂျပန် JICA ‌ဖောင်‌ဒေးရှင်းက လုံးချင်းအိမ်ယာအလုံးတစ်ရာ‌ကျော် ‌ဆောက်လုပ်‌ပေး‌နေ‌ကြောင်း ‌တွေ့ရှိရပါသည်။

ကရင်လက်နက်ကိုင်အဖွဲ့များကလည်း ကရင်အာဇာနည်‌နေ့အခမ်းအနားများ ပီပြင်စွာ ကျင်းပနိုင်‌ရေး၊ ကရင်အာဇာနည်ဗိမာန် ခန့်ညားထည်ဝါစွာ တည်‌ဆောက်နိုင်‌ရေး ညှိနှိုင်းစီစဉ်‌နေ‌ကြောင်း သိရှိရပါသည်။
လတ်တ‌လောအ‌ခြေအ‌နေတွင် ကရင်‌ဒေသများ၌ ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေးအကြို‌ဆွေး‌နွေးပွဲများကို တပ်မ‌တော်က ကန့် ကွက်ဟန့်တား‌နေ‌ကြောင်း သိရှိရပါသည်။ ကရင်တို့သည် သမိုင်း‌ကြောင်းအရ ကရင်ပြည်နယ်တစ်ခုတည်း၌သာမဟုတ်။ မွန် ပြည်နယ်၊ ကယားပြည်နယ်၊တနသင်္ာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စသည်တို့၌လည်း ကရင်လူထုအများအပြား ပြန့်ကျဲ‌နေထိုင်ကြပါသည်။

‌ဒေသအသီးသီးရှိ ကရင်လူမျိုးတို့၏ ဆန္ဒသ‌ဘောထားကို သူတို့‌နေထိုင်ရာ ‌ဒေသတွင် ရယူ‌ဆွေး‌နွေးနိုင်မှ၊ ‌ဒေသအလိုက် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ ပြုလုပ်နိုင်ပါမှ အမှန်တရား‌ပေါ်လာမည်ဖြစ်ပါသည်။ ဟို‌နေရာမလုပ်ရ၊ သည်လူမပါရဆိုလျှင် လူထု၏ဆန္ဒအမှန် ကို မည်သို့ရနိုင်ပါအံ့နည်း…။

NCA လက်မှတ်‌ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ များ တည်ရှိ‌နေရာများ၌သာ ‌ဆွေး‌နွေးပွဲပြုလုပ်သွားမည်ဟု စီစဉ် လာကြပြန်သည်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက် KNU ဒူးပလာယာခရိုင်(ကြာအင်းဆိပ်ကြီး ပါဝင်)၌လည်း‌ကောင်း၊ တနသင်္ာရီတိုင်းအတွက် KNU တပ်မဟာ(၄)၌လည်း‌ကောင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းများအတွက် KNU ‌တောင်ငူခရိုင်ဌာနချုပ်၌၎င်း ‌ဆောင်ရွက်မည်ဟုသိရှိရပါသည်။ ဖြစ်‌မြောက်လာမည့်လား မ‌ပြောနိုင်‌သေးပါ၊ (၂၁) ပင်လုံ တတိယအစည်းအ‌ဝေး‌ကော ဘယ်လဲ….ဘယ်‌တော့လဲ….စိုးရိမ်ပူပန်မိပါသည်။

ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီများ တစ်ပါတီတည်းအဖြစ် ပူး‌ပေါင်းဖွဲ့စည်းလိုက်သည့် “ကရင်အမျိုးသား ဒီမိုက ရက်တစ်ပါတီ” ၏ ပထမဆုံး‌သော နိုင်ငံ‌ရေးဦးတည်ချက်မှာ “အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိ‌ရေး ကို အာမခံ‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်‌ရေး” ဖြစ်‌ပေရာ နိုင်ငံ‌တော်အစိုးရနှင့် တပ်မ‌တော်တို့ကလည်း တိုင်း ရင်းသားတို့၏ ဆန္ဒအမှန်ကို လက်ခံနိုင်‌ရေး အ‌လေးအနက်ထား စဉ်းစားကြ‌စေလိုပါသည်။