Home သတင်း ဝင်း‌ရော်‌ဒေသ ရွာချင်းဆက် ကွန်ကရစ်တံတား ကိုယ်ထူးကိုယ်ထ ဖွင့်လှစ်

ဝင်း‌ရော်‌ဒေသ ရွာချင်းဆက် ကွန်ကရစ်တံတား ကိုယ်ထူးကိုယ်ထ ဖွင့်လှစ်

2149

‌မေ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ‌ဝေါင်ထွန်း(ဝင်း‌ထောင်း)ရွာနှင့် ဝါးမီရပ်ကွက်ကို ဆက်သွယ်ထားသည့် ကွန်ကရစ် တံတားကို ‌ဝေါင်ထွန်းရွာသူ၊ ရွာသားများ စု‌ပေါင်းကာ ကိုယ်ထူကိုယ်ထ တည်‌ဆောက်ပြီး တံတားဖွင့်ပွဲကို ‌မေ ၂၄ ရက်‌နေ့တွင် ကျင်းပ ခဲ့သည်။

အဆိုပါ ‌ဝေါင်ထွန်းရွာမနှင့် ဝါးမီကို ရပ်ကွက်ကို ဆက်သွယ်ထားသည့် တံတားသစ်သည် ဆိုင်ကယ်၊ စက်ဘီးများသာ သွားလာနိုင်ပြီး အကျယ် ၆ ‌ပေ ‌ကျော်သာရှိသည့် တံတားဖြစ်သည်ဟု တံတားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ဆရာ‌တော် အရှင်‌သောဘိတက ယခုလိုမိန့်ကြားသည်။

” ကားသွားနိုင်တဲ့ အကျယ်အဝန်းအထိ တံတား‌ဆောက်မယ်လို့ ဆန္ဒရှိပါတယ်။ ဒါ‌ပေမယ့် ‌ငွေအင်အား အဲ့ ‌လောက် မတတ်နိုင်‌တော့တဲ့ အတွက်‌ကြောင့်ပါ။ သွားလာ‌ရေးအတွက် မ‌ဆောက်မဖြစ်မို့ လိုက်လံစည်းရုံးပြီး တံတားကို တည်‌ဆောက်ခဲ့ပါတယ်↔ဟု ဆရာ‌တော်က ‌ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ တံတားသည် အိမ်‌ခြေ ၂၀ဝ ‌ကျော်ရှိသည့် ‌ဝေါင်ထွန်းရွာသူ/သားများ၏ စု‌ပေါင်းလုပ်အားနှင့် လှူဒါန်း‌ငွေ ကျပ်သိန်း ၅ဝ ‌ကျော်များဖြင့် တံတားတည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး အခြားသူများ၏ အကူအညီမပါဝင်‌ကြောင်း ရွာသားများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝါးမီကိုရပ်ကွက်‌နေ မန်း‌မောင်လှညွှန့်က ̏ မနှစ်က မိုးကြီးလို့ တံတား‌ဟောင်း ‌ရေထဲ‌မျောသွား‌တော့ ကျ‌နော်တု့ိ အပိုင်းက က‌လေး‌တွေ ‌ကျောင်းမတက်လိုက်ရဘူး။ ဟိုဘက်မှာရှိတဲ့ ခြံ‌မြေ၊ ဘုန်းကြီး‌ကျောင်းသွားရင်လည်း ‌ရေကူးသွားရတယ်။ ခုလို တံတားသစ်ဖြစ်လာ‌တော့ အရမ်းဝမ်းသာပါတယ်↔ဟု ‌ပြောသည်။

အဆိုပါ ရွာချင်းဆက် တံတားကို ယခင်က ဝါး၊ သစ်များဖြင့် ၄ ကြိမ်တည်‌ဆောက်ခဲ့ဖူးပြီး ‌ရေကြီးသည့် အခါ ‌ရေစီးနှင့် အတူ‌မျောပါသွားသည့် အတွက် ယခုလို ကွန်ကရစ်တံတားကို ကိုယ်ထူကိုယ်ထ တည်‌ဆောက် ခဲ့ခြင်း ဖြစ်သည်။