Home သတင်း မိုးစပါး စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ ‌သောင်း‌ကျော် ပြည်နယ် စိုက်/ဘဏ် ထုတ်‌ချေးမည်

မိုးစပါး စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ ‌သောင်း‌ကျော် ပြည်နယ် စိုက်/ဘဏ် ထုတ်‌ချေးမည်

2752

‌မေလ ၂၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ ‌သောင်း ‌ကျော်ကို လယ်သမား များအား ထုတ်‌ချေး‌ပေးမည်ဟု ပြည်နယ် စိုက်ပျိုး‌ရေးဘဏ် မန်‌နေဂျာ ဦးဝင်းနိုင်က ‌မေ ၂၄ ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ စိုက်ချိန်ပျိုးချိန်မှာ ‌တောင်သူ‌တွေ လိုအပ်တဲ့‌ငွေ‌ကြေး‌တွေ တစ်ဖက်တလမ်း ကူညီ‌ပေး‌နေ‌တော့ သူတို့ ရဲ့လူမှုစီးပွားဘဝ အတိုင်းအတာတစ်ခုထိ တိုးတက်သွားမှာ‌ပေါ့။ ကျပ်သိန်း ၇၉,၁၁၃ လျာထားတယ်။ တစ်လ မှာ အတိုးနှုန်း ၆၇ ပြား၊ တစ်နှစ်ဆို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ၂၀၁၉ ဧပြီလမှ ပြန်လည်‌ပေးဆပ်ရမယ်” ဟု ‌ပြောသည်။

ယခုနှစ်အတွက် ပြည်နယ်စိုက်ပျိုး‌ရေးဘဏ်က ထုတ်‌ချေးမည့် ကျပ် ၇၄,၁၃ဝ သိန်းကို မြို့နယ် ‌လေးမြို့နယ်ရှိ ‌တောင်သူလယ်သမားများအား ‌မေလ ၁၇ ရက်‌နေ့တွင် စတင်ထုတ်‌ချေး‌ပေး‌နေပြီး လယ်ယာ‌မြေလုပ်ပိုင်ခွင့် ပုံစံ ၇ မူရင်းရှိသူများကို တစ်ဧကလျင် ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် ၁ဝ ဧက အထိ ထုတ်‌ချေး‌ပေးမည်ဖြစ်ပြီး ပုံစံ ၇ မရှိ သူများကို ‌ချေး‌ငွေ ထုတ်‌ပေးမည် မဟုတ်‌ကြောင်း ဘဏ်တာ ဝန်ရှိသူများက ‌ပြောသည်။

“စိုက်ပျိုးရာသီချိန်မှာ စိုက်ခစရိတ်‌တွေ ‌ပေးဖို့ ‌ငွေလိုတာ‌ပေါ့ဗျာ။ အပြင်မှာ ‌ငွေး‌ချေးရင် အတိုးနှုန်းများတယ်‌လေ။ စိုက်ပျိုးစရိတ်အတွက် ‌ငွေထုတ်‌ချေး‌ပေး‌တော့ အဆင်‌ပြေတာ‌ပေါ့” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီ့ဖိုးနိူင်းရွာမှ လယ်သမားတစ်ဦး ဖြစ်သူ ဦး‌ကျော်လိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လယ်‌မြေစိုက်ပျိုးဧက ၅ သိန်း‌ကျော်ရှိပြီး ယခင်နှစ် မိုးသီနှံစိုက်ပျိူးစရိတ် ကျပ် သိန်း‌ပေါင်း ၇၄,၃၁၄ ဒသမ ၅ဝ ကို ပြည်နယ်စိုက်ပျိုး‌ရေးဘဏ်မှ ထုတ်‌ချေး‌ပေးခဲ့ဖူး‌ကြောင်း သိရသည်။