Home ဆောင်းပါး ကရင်အမျိုးသားသမိုင်းကို ဘယ်လို သမိုင်းအမြင်နဲ့‌ရေးသင့်သလဲ

ကရင်အမျိုးသားသမိုင်းကို ဘယ်လို သမိုင်းအမြင်နဲ့‌ရေးသင့်သလဲ

2718
Photo-Karen National History Committee (1)

(‌မောင်‌ကျော်စွာ)
(၂၀၁၈ ခုနှစ်၊ ‌မေလ ၁၂ ရက်)

(KIC) ကရင်သတင်းစဉ်ရဲ့ ဝဘ်ဆိုဒ်မှာ လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက် ‌နေ့စွဲနဲ့ ‌ဖော်ပြထားတဲ့ သမိုင်းပညာရှင် ‌ဒေါက်တာနန်းလှိုင်နဲ့ ‌တွေ့ဆုံ‌မေးမြန်းခန်းကို ဖတ်ရပါတယ်။ ဒီ‌တွေ့ဆုံ‌မေးမြန်းခန်းကို စိတ်ဝင်စားသူ အ‌တော်များပါတယ်။ မျှ‌ဝေ (share) တဲ့ အ‌ရေအတွက် လည်း အ‌တော်များတာ သတိပြုမိပါတယ်။ ဒီအ‌ရေအတွက်ကိုကြည့်ပြီး စိတ်ဝင်စားသူအ‌တော်များတယ်ဆိုတဲ့ ‌ကောက်ချက်ကို ချတာပါ။

ဒီ‌တွေ့ဆုံ‌မေးမြန်းခန်းကို စိတ်ပါဝင်စားကြသူ‌တွေထဲမှာ ကျ‌နော်လည်း တစ်‌ယောက်အပါအဝင်ဖြစ်ပါတယ်။ ‌တွေ့ဆုံ‌မေးမြန်း ခန်းအ‌ပေါ်၊ ‌မေး/‌ဖြေ ‌ဖော်ပြထားတဲ့ အ‌ကြောင်းအရာအချက်အလက်‌တွေအ‌ပေါ် ‌ယေဘုယျစိတ်ဝင်စားကြတာချင်းမှာ တူညီကြ‌ပေမယ့် စိတ်ဝင်စားကြသူအသီးသီးရဲ့ ကိုယ်စီ ရှုမြင်ကြတဲ့ သ‌ဘောထားအမြင်များက‌တော့ သဘာဝကျစွာပဲ မတူကွဲပြား‌နေမှာဖြစ်ပါတယ်။

ဒီ‌ဆောင်းပါးမှာ ကျ‌နော်သ‌ဘောထားအမြင်ကို တင်ပြလိုက်ပါတယ်။

ပထမဆုံး‌ပြောကြားချင်တဲ့အချက်က‌တော့ “ကရင်အမျိုးသားသမိုင်း” ပြုစု‌နေတဲ့သတင်းကို ကြားသိရလို့ ဝမ်း‌မြောက်ဝမ်းသာ ခရီးဦးကြိုဆိုပါတယ် ဆိုတဲ့အချက်ကို ‌ပြောကြားလိုတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ဇယားနဲ့အညီ ပြီး‌မြောက်‌အောင် မြင်စွာ ပြုစုနိုင်ပါ‌စေ၊ အမြန်ဆုံးထုတ်‌ဝေဖြန့်ဖြူးနိုင်ပါ‌စေလို့လည်း တဆက်တည်း ဆန္ဒပြုလိုက်ပါတယ်။

လူမျိုးတစ်မျိုးရဲ့ သမိုင်းကိုပြုစုတဲ့ အလုပ်ဟာ အင်မတန်ကျယ်ဝန်းကြီးမားပါတယ်။ ဒါ့အပြင် ‌ပေါ့‌ပေါ့ဆဆ ပြီးစလွယ်လုပ်လို့ ရ တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ပညာရှင်အစုအဖွဲ့နဲ့စနစ်တကျ ပြုလုပ်ရမယ့် လုပ်ငန်းတာဝန်လည်း ဖြစ်ပါတယ်။ သမိုင်းပညာရှင် ‌ဒေါက်တာနန်းလှိုင်ဦး‌ဆောင်တဲ့ အဖွဲ့က ပြုစုမယ်လို့ ‌တွေ့ဆုံ‌မေးမြန်းခန်းအရ သိရှိရပါတယ်။

ဒုတိယအချက်က‌တော့ ကရင်အမျိုးသားသမိုင်းကို ဘယ်လို ဦးတည်ချက်၊ ဘယ်လိုရည်ရွယ်ချက်‌တွေနဲ့ပြုစုမှာလဲဆိုတဲ့ အ ချက်ဖြစ်ပါတယ်။ ‌ကေအိုင်စီကလည်း ဒီအချက်ကို တိတိကျကျ ထုတ်‌ဖော်‌မေးမြန်းထားတာကို ‌တွေ့ရပြီး ဒီ‌မေးခွန်းအ‌ပေါ် ‌ဒေါက်တာနန်း လှိုင် ‌ဖြေကြားတဲ့ အ‌ဖြေဟာလည်း အခြား‌မေးခွန်း‌တွေထက် ပိုပြီးကျယ်ကျယ်ဝန်းဝန်း‌ဖြေထားတာကို သတိပြုမိပါတယ်။

“ကရင်အမျိုးသားသမိုင်း” ပြုစုဖို့အတွက် ရန်ကုန်တိုင်းစာ/ယဉ်က တာဝန်‌ပေးတာလို့ ဆိုပါတယ်။ “ကျ‌နော့်ကိုတာဝန်‌ပေးတဲ့ ရန်ကုန်တိုင်းစာယဉ် ဥက္ကဌ၊ ဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးရဲ့ ရည်ရွယ်ချက်ကို‌တော့ တိတိကျကျ မသိဘူး” လို့ ‌ဒေါက်တာနန်းလှိုင်က ပွင့်ပွင့် လင်း‌ဖြေကြားထားပြီး၊ သူသိတာသူမြင်တာကို ‌ဒေါက်တာနန်းလှိုင်က ဘိုး‌တော်ဘုရားလက်ထက် တွင်းသစ်တိုက်ဝန် မဟာသ‌ရေစည်သူ ဦးထွန်းညိုက ရာဇဝင်သစ်ကို ပြန်လည်‌ရေးသားတာက‌နေ (နဝတ)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး‌စော‌မောင်ရဲ့ “မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ‌ရေး သား ပြုစု‌ရေးအဖွဲ့” အထိ အချက်အလက်အ‌ထောက်အထား‌တွေနဲ့ ဘာ‌ကြောင့်ပြုစုရသလဲ ဆိုတာကို ‌ဖြေထားတာ‌တွေ့ရပါတယ်။

သူဆိုလိုချင်တာက‌တော့ အုပ်စိုးသူအာဏာပိုင် တစ်ဦးက‌နေ ‌နောက်တစ်ဦးသို့ ‌ပြောင်းလဲသွားတဲ့အခါ အသစ်ဖြစ်လာတဲ့ အုပ်စိုးသူအာဏာပိုင်ရဲ့ ညွှန်ကြားချက်နဲ့အညီ သမိုင်းကို ပြန်လည်‌ရေးသား စီရင်ကြရတာပဲဆိုတဲ့အချက်ကို ‌ထောက်ပြလိုဟန်တူပါ တယ်။
‌နောက်တစ်ချက်က‌တော့ “ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုကို ဦးတည်ပြီးသွားမယ်၊ သွား‌နေတဲ့အခါမှာ” ကိုယ်ပိုင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုအခိုင်အမာရှိကြတဲ့ တိုင်းရင်းသားလူမျိုး‌တွေအ‌နေနဲ့ မိမိတို့ရဲ့သက်ဆိုင်ရာလူမျိုးသမိုင်းကို ပြုစုရမယ်ဆိုတဲ့အချက်ကို သမိုင်း ‌တွေ‌ရေးသား‌ပေါ်ထွက်လာပြီး ဖြစ်တဲ့ မွန်၊ ရှမ်း၊ ပအိုဝ်း၊ ပ‌လောင် (တအာင်း) တို့ကို ပမာပြုပြီး ‌ဖြေကြားထားတာ‌တွေ့ရပါတယ်။

‌နောက်ထပ်တစ်ချက်ဘာလဲဆို‌တော့ “ ဖက်ဒရယ်ပြည်‌ထောင်စုကြီးတည်မြဲဖို့နဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ထောက်အကူဖြစ်ဖို့” ရည်စူးထားတယ်လို့ ‌ပြောပါတယ်။
အထက်မှာ တင်ပြခဲ့တာ‌တွေက ‌ဒေါက်တာနန်းလှိုင်‌ဖြေကြားထားတဲ့ အချက်‌တွေထဲက‌နေ သမိုင်းကို ဘာ‌ကြောင့်ပြုစုရသလဲ ဆိုတဲ့ ‌မေးခွန်းအတွက် အ‌ဖြေ‌တွေဖြစ်တယ်လို့ ကျ‌နော်ယူဆတဲ့အချက်‌တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ‌ဒေါက်တာနန်းလှိုင်က သမိုင်းပြုစုတာ ဟိုအရင်‌ခေတ်နဲ့မတူတဲ့ အချက်အလက်တစ်ခုကိုလည်း ‌ကေအိုင်စီရဲ့‌မေးခွန်း (ကရင်အမျိုးသားသမိုင်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုစုတယ်။ ဘာ‌ကြောင့် ပြုစု‌ရေးသားဖို့ လိုအပ်တယ်) ကို‌ဖြေကြားရင် တစ်ဆက် တည်းထည့်‌ပြောထားတာရှိပါတယ်။ သူ‌ဖြေထားတဲ့အ‌ဖြေအတိုင်း လိုအပ်တဲ့အပိုင်းကိုသာ ‌ကောက်နုတ်‌ဖော်ပြလိုက်ပါတယ်။

“ မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ‌ရေးသားပြုစု‌ရေးအဖွဲ့ ပညာရှင်ကြီး‌တွေနဲ့ လုပ်သည့်တိုင်‌အောင်၊ ပညာရှင်ကြီး‌တွေက အစိုးရရဲ့ အာဏာစက်‌အောက်က‌နေလုပ်ရတာ။ အခုကျ‌နော်တို့က ကင်းတယ်။ အစိုးရအာဏာစက်‌အောက်က‌နေလုပ်တာမဟုတ်ဘူး။ ကိုယ့် တိုင်းရင်းသား ကိုယ့်လူမျိုးက‌နေ လုပ်တာ။ လွတ်လွတ်လပ်လပ် ‌ဖော်ထုတ်မယ်” တဲ့။

ဘယ်အတိုင်းအတာအထိ “ကင်း” သလဲ။ “လွတ်လွတ်လပ်လပ်” ဘယ်‌လောက်‌ဖော်ထုတ်နိုင်သလဲ ဆိုတဲ့အချက်ကို‌တော့ “ကရင်အမျိုးသားသမိုင်းကျမ်း” ‌ပေါ်ထွက်လာတဲ့အခါမှ အတိအကျ အခိုင်မာ အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

တတိယအချက်‌ပြောလိုတာက‌တော့ “ကရင်အမျိုးသားသမိုင်းကျမ်း”ရဲ့ ကာလအတိုင်းအတာသတ်မှတ်ချက်၊ ပိုင်းခြားမှုနဲ့ သမိုင်းကို ဘယ်လိုအမြင်နဲ့ပြုစု‌ရေးသားမလဲဆိုတဲ့အချက်ပါပဲ။

အချိန်ကာလအတိုင်းအတာကို ‌ဒေါက်တာနန်းလှိုင်က အခုလို ‌ဖြေကြားထားတာ‌တွေ့ရပါတယ်။
“ကရင်ကို မြန်မာ့‌မြေ‌ပေါ်မှာ စတင်အ‌ခြေချ‌နေထိုင်တဲ့ သမိုင်းမစတင်မီ‌ခေတ်၊ အဲ့က‌နေစပြီး‌တော့ ‌ကေအဲန်ယူနဲ့ သမ္မတ ဦးသိန်းစိန်လက်မှတ်ထိုးတဲ့ အချိန်ထိကို ကျ‌နော်ဆွဲထားတယ်”တဲ့။ ဒီသမိုင်းစဉ်ကာလကြီးကို ပထမ‌ထောင်စုနှစ်၊ ဒုတိယ‌ထောင်စုနှစ် တတိယ‌ထောင်စုနှစ် ဆိုပြီး ခွဲခြား‌ရေးသားမယ်လို့လည်းဆိုထားပါတယ်။ ပြုစုပြီးစီးမယ့်အချိန်ဇယားကို‌တော့ အခုလို‌ပြောထားတာ ဖတ်ရ ပါတယ်။ “ကျ‌နော်တို့ ၂၀၁၇ ဩဂုတ်လက စတယ်။ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ၆ လအလို ၂၀၁၉ ဇွန်‌လောက်မှာ အပြီး သတ်နိုင် ‌အောင်ဆွဲထားတယ်” တဲ့။

ဒါ‌တွေက‌တော့ ကရင်အမျိုးသားသမိုင်း ပြုစုမယ့် သမိုင်းကာလအပိုင်းအခြားနဲ့ ပြုစု‌ရေးသားပြီးစီးမယ့်အချိန်ဇယားဆိုင်ရာကိစ္စ ‌တွေပဲဖြစ်ပါတယ်။ ဒါ‌တွေအပြင် ပိုပြီးအ‌ရေးကြီး (ခုနက ဟာ‌တွေကို အ‌ရေးမကြီးဘူးလို့ မဆိုလိုပါဘူး) တာက ဖတ်ရှု၊ တူး‌ဖော်၊ ‌မေးမြန်း စု‌ဆောင်းရရှိလာတဲ့ အချက်အလက်‌တွေကို ဘယ်လိုသမိုင်းအမြင်နဲ့‌ရေးမလဲဆိုတဲ့ကိစ္စပါပဲ။ ဒီကိစ္စဟာ သမိုင်းကျမ်းတစ်ခုရဲ့အသက် ဝိဉာဉ်ဆိုင်ရာ အစိတ်အပိုင်းဖြစ်တယ်လို့ ကျ‌နော် ယူဆပါတယ်။

ဒီအပိုင်းနဲ့ပတ်သက်ပြီး ‌ဒေါက်တာနန်းလှိုင်က‌တော့ သူ့အမြင်ကို အခုလို အ‌ဖြေ‌ပေးထားပါတယ်။
“ ကျ‌နော်တို့က ‌ရေးတဲ့အခါ ဘက်လိုက်မှုကင်း‌အောင် ဘက်လိုက်မှုကို လွတ်‌အောင်‌ရှောင်‌ရေးမယ်။ အဲ့‌တော့ ဘယ်လိုအ‌နေနဲ့ ‌ရေးမလဲဆို‌တော့ ကျ‌နော် တတိယပုဂ္ဂိုလ်(Third Person) အ‌နေနဲ့‌ရေးမယ်။ အစိုးရလည်း မဟုတ်ဘူး။ ကျ‌နော်ကိုယ်၌ ကရင်ဆိုတဲ့ အ‌တွေးပါ ‌ဖျောက်ထားပြီး ‌ရေးမယ်။ အဲ့ဒါက အမှန်ကို လိုချင်လို့” တဲ့။

ဒီအမြင်အ‌ပေါ် ကျ‌နော်‌ဝေဖန်‌ဆွေး‌နွေးလိုပါတယ်။
ဒီအမြင်ဟာ အလွယ်‌ပြောရရင် “ဘက်မလိုက်တဲ့ သမိုင်းအမြင်” (ဝါ) “အားလုံးလက်ခံနိုင်မယ့် သမိုင်းအမြင်” လို့ ဆိုရပါလိမ့် မယ်။ ဒီအမြင်နဲ့ “KNDO (၁၉၄၉)လှုပ်ရှားမှုက‌နေ ယ‌နေ့မျက်‌မှောက်ကာလအထိ ဖြစ်ရပ်‌တွေ”ကို ကြည့်မြင်အကဲဖြတ်‌ရေးသားတဲ့ အခါ မှာ ရှင်းလင်းကြည်လင်ပြတ်သားစွာ ‌ရေးသားနိုင်ပါ့မလား။
သူ့ကိုယ်သူ “ကရင်ဆိုတဲ့ အ‌တွေးပါ ‌ဖျောက်ထားပြီး‌ရေးမယ်” ဆိုတဲ့‌ပြောဆိုချက်ကလည်း သမိုင်းကျမ်းပြုဆရာက‌နေ စိတ်ကူး ယဉ် ဝတ္ထု‌ရေးဆရာဘက်ကို ‌ရောက်သွားသလို ဖြစ်‌နေပါတယ်။ သမိုင်းဆိုတာ ရှာ‌ဖွေ‌လေ့လာလို့ရရှိတဲ့ အချက်အလက်‌တွေ အားလုံးကို အမှတ်စဉ်ထိုးပြီး တင်ပြတဲ့ကိစ္စမျိုးမှ မဟုတ်တာ။ အခြား‌ခေတ်ပြိုင်သမိုင်းအ‌ထောက်အထားနဲ့ဖြစ်‌စေ၊ သမိုင်းဆရာ၊ သမိုင်းကျမ်းပြုသူ၊ သမိုင်းကျမ်းပြုစုတဲ့‌ကော်မတီ သို့မဟုတ် အဖွဲ့က ရရှိလာတဲ့ သမိုင်းအချက်အလက်‌တွေကို သူတို့ကိုင်စွဲထားတဲ့ “သမိုင်းအမြင်”နဲ့ အကဲ ဖြတ်တာ‌တွေ မဖြစ်မ‌နေ လုပ်ကြရမှာ မဟုတ်လား။
“ဘက်လိုက်မှု ကင်း‌အောင်၊ ဘက်လိုက်မှုကို လွတ်‌အောင်‌ရှောင်‌ရေးမယ်”ဆိုတဲ့ “သမိုင်းအမြင်”ရယ်လို့ တကယ်‌ရော တကယ့် လက်‌တွေ့ဘဝမှာ ရှိနိုင်ပါ့ မလား။
‌မေးခွန်းဆက်ထုတ်စရာရှိတာက “အမှန်”ဆိုတာ ဘယ်ဟာကို‌ခေါ်မှာလဲ။ “မှန်တယ်/မမှန်ဘူး”ဆိုတာကို ဘယ်စံနဲ့တိုင်းတာ ပြီး ဆုံးဖြတ်မှာလဲ ဆိုတဲ့ ကိစ္စ‌တွေအထိ ‌ရောက်ရှိသွားမှာဖြစ်ပါတယ်။

Photo-Karen National History Committee

ဒါ‌ကြောင့် ဒီလိုုသမိုင်းအမြင်နဲ့‌ရေးတဲ့ သမိုင်းကျမ်းဟာ ဘက်နှစ်ဖက်စလုံးက‌နေ ကျယ်ပြန့်ကြီးမားတဲ့ ကိုယ်စီတုန့်ပြန်မှု‌တွေ တသီတတန်းကြီး‌ပေါ်ထွက်လာ‌အောင် လမ်းဖွင့်ဖိတ်‌ခေါ်လိုက်သလိုလည်း ဖြစ်‌နေ‌တော့မှာပါ။

“သမိုင်းမတိုင်မီ‌ခေတ်၊ ပ‌ဒေသရာဇ်‌ခေတ်‌တွေ” အ‌ပေါ်မှာ သမိုင်းအမြင်၊ သ‌ဘောထားဆိုင်ရာ အငြင်းအခုန်‌တွေဟာ နှိုင်းယှဉ် ချက်အရ “ကိုလိုနီ‌ခေတ်၊ လွတ်လပ်‌ရေးလှုပ်ရှားမှု‌ခေတ်ကာ၊ လွတ်လပ်‌ရေးရပြီး‌နောက် ပြည်တွင်းစစ်ဖြစ်လာတဲ့ ‌ခေတ်ကာလ” ‌တွေ အ‌ပေါ်မှာ‌လောက် သိပ်ပြီးကျယ်ပြန့်မှာ မဟုတ်‌ပေမယ့်၊ ဗြိတိသျှ ကိုလိုနီ ဘဝစတင်ကျ‌ရောက်သွားတဲ့‌ခေတ်ကာလ (၁၈၂၄ ခုနှစ်) က‌နေ လွတ်လပ်‌ရေးပြန်လည်ရရှိတဲ့(၁၉၄၈)၊ ပြည်တွင်းစစ်စတင် ဖြစ်ပွားတဲ့ ‌ခေတ်ကာလပိုင်းနဲ့ ယ‌နေ့မျက်‌မှောက်ကာလဖြစ်ရပ်‌တွေ အ‌ပေါ်မှာ ‌တော့ ငြင်းခုန်မှု‌တွေ ပိုမိုသဲသန်‌နေလိမ့်မယ်လို့ ‌မျှော်လင့်ရပါတယ်။

“ကရင်အမျိုးသားသမိုင်း”ဆိုတာ ဗမာပြည်ဆိုတဲ့ပထဝီအပိုင်းအခြား‌ဒေသ၊ ဒီပထဝီ‌ဒေသအပိုင်းအခြား‌ပေါ်မှာ‌ပေါ်‌ပေါက်လာတဲ့ သမိုင်းဖြစ်ရပ်‌တွေ၊ သမိုင်းဖြစ်စဉ်‌တွေ(ပ‌ဒေသရာဇ်အုပ်စိုးမှု‌ခေတ်ကာလဖြစ်ရပ်‌တွေ၊ ကိုလိုနီပြုခံရတဲ့ကာလ၊ ဗြိတိသျှနယ်ချဲ့တွန်းလှန်‌ရေး၊ ဖက်ဆစ် ဂျပန်‌တော်လှန်‌ရေး လွတ်လပ်‌ရေးကြိုးပမ်းမှု၊ ပြည်တွင်းစစ် စသဖြင့်)နဲ့ ကင်းကွာပြီး‌ရေးသားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ကရင်အမျိုးသား‌တွေရဲ့နိုင်ငံ‌ရေးလှုပ်ရှားမှုဖြစ်တဲ့ “တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေးလှုပ်ရှားမှု”ကို အ‌လေး ထားပြီး ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်‌နေရာ‌ပေး မ‌ဖော်ပြဘဲ “ကရင်အမျိုးသားသမိုင်းကျမ်း”ဟာ ပြည့်စုံနိုင်လိမ့်မယ် မဟုတ်ပါဘူး။

“ကရင်အမျိုးသား‌တွေရဲ့နိုင်ငံ‌ရေးလှုပ်ရှားမှု”လို့ ခြုံငုံ‌ပြောလိုက်ရ‌ပေမယ့် ဒီအထဲမှာ အ‌ခြေခံအားဖြင့် မတူတဲ့ ဦးတည်ချက်နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကာလပိုင်း နှစ်ရပ်ပါဝင်‌နေပါတယ်။ ပထမကာလတစ်ခုက “‌ကော်သူး‌လေ” ဆိုတဲ့ “တိုင်းနိုင်ငံထူ‌ထောင်ရရှိ‌ရေး” ကို ဦးတည်ကြိုးပမ်းခဲ့ကြပြီး၊ ၁၉၈၈ ခုနှစ် ‌နောက်ပိုင်းကာလ‌တွေ‌ရောက်မှသာ “တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေးနဲ့ ဖက်ဒရယ်ပြည် ‌ထောင်စု ထူ‌ထောင်‌ရေး” ဆိုတဲ့ ဘက်ကို တစတစ ‌ပြောင်းလဲတိမ်းညွတ်သွားတာဖြစ်ပါတယ်။ ဒီလိုကာလ‌တွေနဲ့ ပတ်သက်ပြီး ကရင်အ မျိုးသားသမိုင်း‌ရေးသားပြုစုမယ့် အဖွဲ့နဲ့ဦး‌ဆောင်သူတို့က “ဘက်လိုက်မှု ကင်း‌အောင်၊ ဘက်လိုက်မှုကို လွတ်‌အောင်‌ရှောင်‌ရေးမယ်”ဆိုတဲ့ “သမိုင်းအမြင်” နဲ့ ဘယ်လို အကဲဖြတ်‌ရေးသားမှာလဲဆိုတဲ့အချက်ဟာ အမှန်ပဲစိတ်ဝင်စားဖို့ ‌ကောင်းမှာဖြစ်ပါတယ်။

ဥပမာ‌မေးခွန်း တစ်ခုပဲ ‌ဖော်ပြ‌မေးမြန်းပြီး ကျ‌နော့်‌ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရ‌စေ။

ကရင်အမျိုးသားအ‌ရေးလှုပ်ရှားကြသူ‌တွေက ‌စောဘဦးကြီးကို“ကရင်အမျိုးသားအာဇာနည်‌ခေါင်း‌ဆောင်ကြီး”လို့ သ‌ဘောထား ‌ပေမယ့် အုပ်စိုးသူအဆက်ဆက်က ဒီလိုသ‌ဘောမထားနိုင်ပါဘူး။ မထားပါဘူး။

‌ပြောင်းလဲ‌နေပါပြီဆိုတဲ့ ဒီမိုက‌ရေစီ‌ခေတ်ဆိုတာမှာ‌တောင် “‌စောဘဦးကြီးရုပ်ထု”ကို ‌နေရာချထားခွင့် မပြုနိုင်‌သေးဘူး မဟုတ် လား။ ‌စောဘဦးကြီးဟာ ကရင်အမျိုးသားသမိုင်းလှုပ်ရှားမှုထဲက အထင်ကရသမိုင်းဝင်ပုဂ္ဂိုလ်‌တွေအနက် ထင်ရှားတဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ကြီးတစ်ဦးပဲ မဟုတ်ပါလား။ သူ့(‌စောဘဦးကြီး) အ‌ပေါ် “ဘက်လိုက်မှု ကင်း‌အောင်၊ ဘက်လိုက်မှုကို လွတ်‌အောင်‌ရှောင်‌ရေးမယ်”ဆိုတဲ့ “သမိုင်းအမြင်”နဲ့ ဘယ်လိုအကဲဖြတ်‌ရေးမလဲဆိုတဲ့ ‌မေးခွန်းပါပဲ။ ဒါဟာ ကရင်အမျိုးသားသမိုင်းဆိုတဲ့ အ‌ဆောက်အအုံကြီးထဲက အချက် အလက်တစ်ခု၊ ‌မေးခွန်းတစ်ခုမျှသာ ဖြစ်ပါ‌သေးတယ်။ ကျန်တဲ့သမိုင်းဖြစ်ရပ်‌တွေ၊ သမိုင်းဆိုင်ရာကိစ္စ‌တွေအ‌ပေါ်မှာ ဘယ်လိုသ‌ဘောထား အကဲဖြတ်မလဲ။

ညွှန်း – ကရင်အမျိုးသားသမိုင်းပြုစု‌ရေး သမိုင်းပညာရှင် ‌ဒေါက်တာနန်းလှိုင်နှင့် ‌တွေ့ဆုံခြင်း (၂၆-၄-၂၀၁၆) KIC