Home သတင်း KNU/KNLA-PC မှ ၎င်းတို့နယ်‌မြေအတွင်းရှိ ပညာ‌ရေး ‌ထောက်ပံ့မှု‌ပေးနိုင်‌ရေး PEF ‌ဖောင်‌ဒေးရှင်းထူ‌ထောင်

KNU/KNLA-PC မှ ၎င်းတို့နယ်‌မြေအတွင်းရှိ ပညာ‌ရေး ‌ထောက်ပံ့မှု‌ပေးနိုင်‌ရေး PEF ‌ဖောင်‌ဒေးရှင်းထူ‌ထောင်

3177

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU/KNLA-PC ထိန်းချုပ်နယ်‌မြေအတွင်းရှိသည့် ပညာ‌ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ‌ရေရှည်ကူညီ‌ထောက် ပံ့နိုင်ရန်ရည်ရွယ်ပြီး ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ (KNU/KNLA-PC )မှ Peace Education Foundation တစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ရက်‌နေ့တွင် စတင် ထူ‌ထောင်လိုက်သည်ဟု သိရသည်။

အဆိုပါ ‌ဖောင်‌ဒေးရှင်းကို ၎င်းတို့နယ်‌မြေအတွင်းရှိ ကိုယ်ထူကိုယ်ထ ကရင်စာသင်‌ကျောင်းများအတွက် လိုအပ်သည့် အ ‌ဆောက်အဦးနှင့် အ‌ထောက်အကူပြုပစ္စည်း၊ စာ‌ရေးကိရိယာ၊ ‌ကျောင်းဝတ်စုံများနှင့် ‌ကျောင်းဆရာ လစာများကို ‌ထောက်ပံ့နိုင်ရန် ရည်ရွယ်ရွယ်ကာ KNU/KNLA-PC မှ ‌ဒေါက်တာ ‌နော်က‌ပေါ်ထူးက စတင်ထူ‌ထောင်ခြင်းဖြစ်သည်ဟု PEF ‌ဖောင်‌ဒေးရှင်း အတွင်း‌ရေးမှူး ‌စောဝင့်ဖြိုး‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ KNU/KNLA-PC ထိန်းချုပ်နယ်‌မြေထဲမှာ ပညာ‌ရေးအတွက် လိုအပ်ချက်‌တွေအများကြီးရှိတယ်။ ကိုယ် ထူကိုယ်ထဆို‌တော့ ‌ကျောင်းဆရာမ‌တွေက လခမရှိဘူး ။ အခုလည်း တာဝန်ရှိသူ‌တွေက နိုင်သ‌လောက် ‌တော့ကူညီ ထားတယ်။ ငြိမ်းချမ်း‌ရေးကာလမှာ ပညာ‌ရေးအတွက် အ‌ထောက်အကူပြုဖြစ်သွား‌အောင် ကျ‌နော်တို့က Peace Education Foundation ဆိုပြီး ကျ‌နော်တို့ PC တာဝန်ရှိသူ‌တွေက ထူ‌ထောင်တာဖြစ်တယ်”ဟု ‌ပြောသည်။

မကြာ‌သေးခင်က ထူ‌ထောင်လိုက်သည့် ယင်း‌ဖောင်‌ဒေးရှင်းမှာ KNU/KNLA-PC နယ်‌မြေအတွင်းရှိ ထို့‌ကော်ကိုးနှင့် မဲ့ပ‌လေ့‌ဒေသများအတွင်း မူလတန်းမှအထက်တန်းအထိ စာသင် ‌ကျောင်း‌ပေါင်း ၃၈ ‌ကျောင်းနှင့် ထို‌ကျောင်းများတွင် ပညာသင်ကြား‌နေသည့် ‌ကျောင်းသား ၊ ‌ကျောင်းသူ‌ပေါင်း ၃,၀၀ဝ ‌ကျော်အတွက် လိုအပ်သည့် သင်‌ထောက်ကူပစ္စည်းများကို ကူညီ‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

၂၀၀၇ ခုနှစ် ငြိမ်းချမ်း‌ရေးယူပြီး KNU/KNLA-PC စတင်ထူ‌ထောင်သည့် ‌နောက်ပိုင်းတွင် ပညာ‌ရေးအတွက် လိုအပ်သည် များကို ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိရာတွင် အခက်အခဲအချို့ရှိခဲ့‌သော်လည်း လက်ရှိအချိန်တွင် ၎င်းနယ်‌မြေရှိ ‌ကျောင်းဆရာ ၂၀၀‌ကျော်ကို တစ်ဦးလျှင် တစ်လစာအတွက် ၈ဝ,ဝဝဝ(၈‌သောင်း)ကျပ် နှုန်းဖြင့် KNU/KNLA-PC မှ‌ထောက်ပံ့‌ပေးထား‌ကြောင်း ၎င်း‌ဖောင်‌ဒေးရှင်း အတွင်း‌ရေးမှူး ‌စောဝင့်ဖြိုး‌ရွှေက ‌ပြောဆိုသည်။

ထို့အပြင် အဆိုပါ ထိန်းချုပ်နယ်‌မြေရှိ စာသင်‌ကျောင်းများအ‌နေဖြင့် KNU/KNLA-PC မှ ချမှတ်ထားသည့် သင်ရိုးညွှန်း တမ်းများကို သင်ကြား‌ပေးသည့်အပြင် အချို့‌ကျောင်းတွင်လည်း KED ပညာ‌ရေး သင်ရိုးညွန်း တမ်းများနှင့် တွဲဖက် ကာ သင်ကြား‌ပေး‌နေမှုများလည်းရှိသည်ဟု သိရသည်။

KNU/KNLA-PC အ‌နေဖြင့် ယခု ကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်း ၂ ‌ကျောင်းရှိ‌နေပြီဖြစ်ပြီး အစိုးရ တရားဝင်‌ကျောင်းမဟုတ်သည့်အတွက် ယင်း‌ကျောင်းများတွင် ပညာသင်ကြားပြီးစီး‌သော ‌ကျောင်းသူ၊ ‌ကျောင်းသားများ အ‌နေဖြင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ခက်ခဲ‌နေဆဲဖြစ်‌ကြောင်းလည်း KNU/KNLA-PC ၏ ပညာ‌ရေးဆိုင်ရာတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် KNU/KNLA (PC)ကို ယခင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)၏ တပ်မဟာ မှူး‌ဟောင်း ဗိုလ်မှူးချုပ် ‌စောထိန်‌မောင် (ခ) ‌စော‌ဌေး‌မောင် ဦး‌ဆောင်ကာ လွန်ခဲ့သည့်၂၀၀၇ ခုနှစ်က KNU မှ ခွဲထွက်ကာ နိုင်ငံ‌တော် ‌အေးချမ်းသာ ယာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး ‌ကောင်စီ (နအဖ) စစ်အစိုးရ လက်ထက်တွင် ငြိမ်းချမ်း‌ရေး ရယူခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။