Home သတင်း နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ကို ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ကျင်းပမည်

နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ကို ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ကျင်းပမည်

2799

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့်နှစ် ကရင်အမျိုးသား‌နေ့ အခမ်းအနားများကို ဧရာဝတီ နှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ကျင်းပသွားမည်ဟု သက်ဆိုင်ရာ ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ကေအိုင်စီသို့ အသီးသီး‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် တိုင်းအဆင့် နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ပုသိမ်မြို့၊ ပုသိမ်-‌မြောင်းမြ သာသနာနယ် ကိုသာဖြူခန်းမ၌ ပြုလုပ်သွားမည်ဖြစ်သလို ‌မြောင်းမြ၊ ‌ကျောင်းကုန်း၊ ကန်ကြီး‌ထောင့်၊ ပန်းတ‌နော် စသည့်မြို့နယ်များတွင် ကျင်းပသွားမည်ဟု ‌ကေအိုင်စီက ကနဦးသတင်းရရှိထားသည်။

“ဧရာဝတီတိုင်းအဆင့် ကရင်အမျိုးသား‌နေ့ကို ပုသိမ်မှာပဲလုပ်မယ်။ တမြို့နယ်ကို ကိုယ်စားလှယ် ၂ ဦးစီတက်ဖို့ ‌ပြောထား တယ်။ ‌နောက် ဧရာဝတီတိုင်းဝန်ကြီးချုပ် အသစ်နဲ ့ အရင်အ‌ဟောင်းကိုလည်း ဖိတ်ထားတယ်။ ကရင့်‌ရေးရာဝန်ကြီးက ‌တော့ ‌နေပြည်‌တော် ပြည်‌ထောင်စု‌နေ့ တက်ဖို့ရှိ‌တော့ ရှိမရှိမ‌သေချာဘူး။ ကျ‌နော်တို့ ပန်းတ ‌နော်မြို့နယ်လုံးဆိုင်ရာ ကရင် အမျိုးသား‌နေ့ကို လက်ပံကုန်းရွာမှာလုပ်မယ်။ ‌ညောင်တုန်းမြို့နယ်ကလည်း လာပါဝင်မယ်” ဟု ပန်းတ‌နော် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ‌ပြောသည်။

အလားတူ ‌မြောင်းမြမြို့နယ်လုံးဆိုင်ရာ နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ‌မြောင်းမြမြို့နယ်၊ မ‌ဒေါင့်‌ချောင်း ‌ကျေးရွာ၌ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့၊ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ‌ဟော‌ပြောပွဲများ၊ ယဉ်‌ကျေးမှုပြခန်းများ၊ စာအုပ် အ‌ရောင်းဆိုင်များ ပြခန်းများကို ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့ကတည်းက စတင်ဖွင့်လှစ် မည်ဟု ကျင်းပ‌ရေး‌ကော်မတီဝင် မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ‌ဖေ‌ဖော်ဝါရီ ၇ ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင် နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို အင်းစိန်မြို့နယ်၊ စိန့်ပီတာ-စိန်‌ပေါလ်ဘုရား ‌ကျောင်းဝင်း၊ ဖားစည်ခန်းမ၌ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ခံ ကရင်လူငယ်များက ဦး‌ဆောင်ကျင်းပ သွားမည်ဟု စီစဉ်‌နေသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ကို သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်နံ နက် ၉ နာရီတွင်ပြုလုပ်သွားမည်ဟု ကျင်းပ‌ရေးတာဝန်ခံ မွန်ပြည်နယ်လွှတ်‌တော်၊ တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ ‌ကော်မတီဝင် ‌စော‌ကျော်မိုးက ‌ပြောသည်။

၎င်းက “ နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ကို ကျ‌နော်တို့ ကရင်လူမျိုးများ အမျိုးသားစိတ်ဓါတ်ရှင်သန်ထက်မြက်‌ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အဓွန့်ရှည်‌ဖော် ‌ဆောင်နိုင်‌ရေး စတဲ့ရည်ရွယ်ချက်‌တွေနဲ့ ကျင်းပမှာပါ။ တိုင်းရင်းသားညီအစ်ကို‌သွေးချင်းများ ကရင်တိုင်းရင်း သားများ ကြွ‌ရောက်ဖို့ချစ် ကြည်စွာဖြင့် ဖိတ်ကြားလိုတယ်” ဟု ‌ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် တစ်နိုင်ငံလုံးရှိ ကရင်အမျိုးသား ၄၅၄,၁၀ဝ ဦးတို့က တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက်ဆန္ဒပြပွဲ ကျင်းပခဲ့သည်။

ထို‌နေ့သည် ကရင်တစ်မျိုးသားလုံး မျိုးချစ်၊ ပြည်ချစ်စိတ်၊ စည်းလုံးညီညွတ်မှုနှင့် ဇာတိ‌သွေး၊ ဇာတိမာန်ကို ရဲရဲ‌တောက် ထုတ်‌ဖော်ခဲ့ခြင်းဖြစ်သည့်အတွက် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃-၂၄ ရက်‌နေ့ထိ ဖာပွန်မြို့တွင် ကျင်းပသည့် ‌ကော်သူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ကို ကရင်အမျိုးသား‌နေ့ အဖြစ်သတ်မှတ်ရန် မြစ်ဝကျွန်း‌ပေါ် အမှတ် ၁ ခရိုင်ဥက္ကဌ မန်း‌ကျော်‌အေးက အဆိုပြုခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ရာမှ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အခမ်းအနားများကို ဧရာဝတီ၊ ရန်ကုန်တိုင်း ‌ဒေသကြီး၊ မွန်ပြည်နယ်တို့တွင် စည်စည်ကားကား ကျင်းပခဲ့သလို ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်‌မြေ အသီးသီးတွင် ကရင်အမျိုးသား‌နေ့ အခမ်းအနားများ ကျင်းပခဲ့‌ကြောင်း သိရသည်။