Home သတင်း KNU ကိုယ်စားလှယ်များ၏ JMC ဆိုင်ရာ အစည်းအ‌ဝေး စတင်ကျင်းပ

KNU ကိုယ်စားလှယ်များ၏ JMC ဆိုင်ရာ အစည်းအ‌ဝေး စတင်ကျင်းပ

2793

‌ဖေ‌ဖော်ဝါရီ ၆ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

KNU- ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) ဆိုင်ရာ အစည်းအ‌ဝေးကို ဖားအံခရိုင် ၊ ‌လေးဝါး (‌လော်ခီးလာ)၌ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၆ရက်) တွင် စတင်ကျင်းပ‌နေပြီဖြစ်သည်။

အဆိုပါ အစည်းအ‌ဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ JMC–U ဒုဥက္ကဌ (၁) ဗိုလ်ချုပ် ‌စောအိုင်း ဇက်ဖိုး၊ ကာကွယ်‌ရေးဌာန တာဝန်ခံ ဗိုလ်မှူး‌စော‌ရောဂျာခင်၊ KNU အတွင်း‌ရေးမှူးချုပ် ပဒို ‌စောတာဒို မှူးနှင့် သက်ဆိုင်ရာ ‌ဒေသအသီးသီးရှိ KNU ၏ စစ်ဖက်၊ အရပ်ဖက် JMC ကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း ၁ဝဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

‌ဖေ‌ဖော်ဝါရီ ၆ ရက်မှ ၈ ရက်‌နေ့အထိ ကျင်းပမည့် ၎င်းအစည်းအ‌ဝေးတွင် JMC၏ လုပ်ငန်းစဉ်များ ကို ပြန်သုံး သပ်ပြီး ပိုမို‌ကောင်းမွန်သည့် ပူးတွဲအ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်သည့် လုပ်ငန်း များဖြစ်‌ပေါ်လာ‌စေ‌ရေး အပါအဝင် လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် KNU ဝင်း‌ရေးမြို့နယ်ရုံးတွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ရုပ်ထုစိုက်ထူရန် တပ်မ‌တော်ဘက်မှ တားမြစ်ခံရသည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည်ဟု KNU သတင်းရပ်ကွက်အရ သိရသည်။

ယခုကျင်းပ‌နေသည့် KNU-ကိုယ်စားလှယ်များ၏ JMC ဆိုင်ရာ အစည်းအ‌ဝေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်မှ ၂၇ရက်‌နေ့အထိ ဖားအံခရိုင်၊ ‌လော်ခီးလာတွင် ကျင်းပသည့် KNU ၏ ၁၆ ကြိ်မ်‌မြောက် ကွန်ဂရက်အပြီး ဒုတိယအကြိမ် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။