Home သတင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ဆက်လက်တည်‌ဆောက်ရန်လို‌သေး‌ကြောင်း KNU ဥက္ကဌဆို

အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ဆက်လက်တည်‌ဆောက်ရန်လို‌သေး‌ကြောင်း KNU ဥက္ကဌဆို

2148

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အပစ်ရပ်လက်မှတ်‌ရေးထိုးခဲ့ပြီး နိုင်ငံ‌ရေးအရ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို တစ်ဆင့်ပြီး တစ်ဆင့် ခင်းကျင်း‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း KNU-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ရည်မှန်း ချက်ကို ‌ရောက်နိုင်ရန် နှစ်ဖက်အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကို ဆက်လက်တည်‌ဆောက်ရန် လို‌သေး‌ကြောင်း ယ‌နေ့ ကျ‌ရောက်သည့် (၇၁)နှစ်‌မြောက် KNU ဖွဲ့စည်းတည်‌ထောင်ခြင်း‌နေ့အတွက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းသဝဏ်လွှာ၌ ‌ပြောဆိုလိုက်သည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက “KNU၏ အဓိကရည်မှန်းချက်သည် မိမိတို့ကရင်အမျိုးသားများ ၏ နိုင်ငံ‌ရေး ရည်မှန်းချက်နှင့် အမျိုးသားတန်းတူ‌ရေးအပြင် လူမျိုးတိုင်း တန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ ချက်‌ပေးနိုင်‌သော ဒီမိုက‌ရေစီဖက်ဒရယ် နိုင်ငံ‌တော်ကြီးကို တည်‌ဆောက်ရန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကို ဆက်လက်တည်‌ဆောက်ကြရန်လိုပါသည်။ နှစ်‌ပေါင်းများ စွာအမြစ်စွဲ တည်ရှိ‌နေ‌သော ပဋိပက္ခ‌ကြောင့် အပြန်အလှန်မယုံကြည်မှုနှင့်အ‌ကြောက်တရားသည် နှစ်ဖက်စလုံးတွင် နက်နက်နဲနဲ တည်ရှိ‌နေကြပါသည်”ဟု ဆိုထားသည်။

ထို့အပြင် လက်ရှိတွင် ကရင်အမျိုးသားများ၊ အခြားတိုင်းရင်းသားများအပြင် အစိုးရအတွက် ‌သွေးထွက်သံယိုမှု ကင်း‌သော နည်းဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ရန် အချိန်အခါ‌ကောင်းဖြစ်ပြီး ကရင်အမျိုးသားအ ဖွဲ့အစည်းအသီးသီး အ‌နေဖြင့်လည်း မိမိတို့၏ ကျရာကဏ္ဍတွင် လက်တွဲလုပ်‌ဆောင်ကြရန်အ‌ရေးကြီးသည်ဟုလည်း KNU ဥက္ကဌက ‌ပြောသည်။

KNU သည် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှစ၍ ပြည်နယ်အဆင့် ပဏာမအပစ် ရပ်လက်မှတ်‌ရေးထိုးနိုင်ခဲ့ချိန်မှစ၍ ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေးသ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးခဲ့သည်။ ထို့‌နောက် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအ‌ဝေးကို ဒုတိယအကြိမ် အထိ တက်‌ရောက်ခဲ့ပြီး ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးစာချုပ်အတွက် အချက်‌ပေါင်း ၃၇ ချက်ကို သ‌ဘောတူညီလက်မှတ်‌ရေးထိုးခဲ့ကြသည်။

သို့‌သော် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁)ရာစု ပင်လုံ( တတိယအကြိမ်)‌အောင်မြင်စွာကျင်းပနိုင်ရန် NCA လက်မှတ်‌ရေးထိုးထား‌သော ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)နှင့် သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ(RCSS)တို့၏ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့် လူထု‌တွေ့ဆုံပွဲများကို အစိုးရ တပ်မ‌တော် ဘက်မှ ကန့်သတ်ပိတ်ပင်တားမြစ်မှုများရှိခဲ့သည့်အ‌ပေါ် ‌ထောက်ပြ‌ဝေဖန်မှုများစွာ‌ပေါ်ထွက်ခဲ့ပြီး အခြား‌သော အပစ်ရပ် လက်မှတ် မ‌ရေးထိုးနိုင်‌သေးသည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများအတွက် အစိုးရနှင့် တပ်မ‌တော် အ‌ပေါ်ယုံကြည်မှုကို ‌လျော့နည်း‌စေ‌ကြောင်းလည်း တိုင်းရင်းသားဘက်က ဆိုသည်။

လက်ရှိသွား‌နေသည့် အပစ်ရပ်စာချုပ် -NCA လမ်း‌ကြောင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်၏ မူ ၆ ချက်အရ သွားသည့်လမ်းစဉ်သာဖြစ်၍ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိမည် မဟုတ်သည့်အတွက် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအ‌နေဖြင့် NCA စာချုပ်ကို ပြန်လည်သုံးသပ်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ကို အ‌ခြေခံ‌သော မူလ ကရင်အမျိုး သားများ၏ ‌တောင်းဆိုချက်ကို ရရှိရန် စစ်မှန်သည့် ‌တော်လှန်‌ရေး လမ်း‌ကြောင်း‌ပေါ် ပြန်လည်‌လျှောက် လှမ်းသင့်‌ကြောင်းလည်း နိုင်ငံတကာ ကရင်အဖွဲ့အစည်းများမှ ဇန်နဝရီလ ၃၁ ရက်‌နေ့က သ‌ဘောထား ထုတ်ပြန်၍ ‌ဝေဖန်‌ထောက်ပြခဲ့‌သေးသည်။

KNU အ‌နေဖြင့် ယ‌နေ့လက်ရှိကာလတွင် ၎င်းတို့၏ နိုင်ငံ‌ရေးရည်မှန်းချက်သို့ မ‌ရောက်ရှိနိုင်‌သေး‌သော်လည်း ကရင်အမျိုးသား‌ရေးအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်‌နေ‌ကြောင်း၊ KNUအ‌နေဖြင့် ဖြစ်‌ပေါ် တိုးတက်လာ‌သော နိုင်ငံ‌ရေး နှင့်အညီ နိုင်ငံ‌ရေးဆိုင်ရာ အခင်းအကျင်းနှင့် အစီအစဉ်များကို အချိန်နှင့် တ‌ပြေးညီ ချမှတ်လျက်ရှိ‌နေ‌ကြောင်းကိုလည်း ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ KNU ‌နေ့ မိန့်ခွန်း သဝဏ်လွှာ၌ ထည့်သွင်း‌ပြောဆိုထားသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးကို ကရင်အမျိုးသားများ၏ အမျိုးသား‌ရေးလှုပ်ရှားမှု ပိုမိုအား‌ကောင်းလာ‌စေရန် ကရင် ‌ဒေါကလူအသင်း-KNA၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ်-KCO နှင့် ကရင်လူငယ်အစည်း အရုံး-KYO စသည့် ကရင်အမျိုးသားအဖွဲ့အစည်းများ ပူး‌ပေါင်း၍ ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့သည်။