Home သတင်း KNU နယ်‌မြေရှိ ကရင်စာသင်‌ကျောင်းများ သင်‌ထောက်ကူပစ္စည်းဆိုင်ရာ ‌ထောက်ပံ့မှုအ‌ရေးတကြီးလိုအပ်‌နေ

KNU နယ်‌မြေရှိ ကရင်စာသင်‌ကျောင်းများ သင်‌ထောက်ကူပစ္စည်းဆိုင်ရာ ‌ထောက်ပံ့မှုအ‌ရေးတကြီးလိုအပ်‌နေ

3097

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေအတွင်းရှိ ကရင်ပညာ‌ရေးဌာန-KED ‌ကျောင်းများ အပါအဝင် ‌ရော‌နှောအုပ်ချုပ်သည့် စာသင်‌ကျောင်းအချို့တွင် ‌ကျောင်းသင်‌ထောက်ကူပစ္စည်းဆိုင်ရာ ‌ထောက်ပံ့မှု အ‌ရေးတကြီး လိုအပ်‌နေ ‌ကြောင်း ကရင်ပညာ‌ရေးဌာနနှင့် ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့-KTWG ၏ ဇန်နဝါရီလ ၂၂ရက်(ယမန်‌နေ့) တွင် အကူအညီ‌တောင်းခံစာ ထုတ်ပြန်ထားသည်။

ယခုနှစ်မှစ၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီ‌ထောက်ပံ့မှု‌လျော့နည်းလာခြင်း‌ကြောင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် လိုအပ်သည့် ‌ကျောင်းသင်‌ထောက်ကူပစ္စည်း အပါအဝင် ‌ကျောင်းဆရာ၊ ဆရာမများကို ‌ထောက်ပံ့သွားရန် အကူအညီ အ‌ထောက်အပံ့ အ‌ရေးတကြီး လိုအပ်ခြင်းဖြစ်‌ကြောင်း KED ၏ အတွင်း‌ရေးမှူး ‌စော‌လောအယ်မူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ‌ကျောင်းသင်‌ထောက်ကူပစ္စည်းအတွက် နှစ်စဉ်က အ‌မေရိကန်‌ဒေါ်လာ ၅သိန်း‌လောက် ကုန်ကျတာ‌ပေါ့။ အခုနှစ်က လက်ရှိ ‌ဒေါ်လာ ၂သိန်း‌ကျော်‌လောက်ပဲ ကျ‌နော်တို့မှာရှိ‌သေးတယ်။ ‌ဒေါ်လာ ၃သိန်း‌လောက် လိုအပ်‌သေးတာ‌ပေါ့။ ‌နောက်ပြီး‌ကျောင်းဆရာ၊ ဆရာမ‌တွေကိုလည်း အရင်က တစ်နှစ်စာအတွက်ထိုင်း ဘတ်‌ငွေ ၇,၅၀ဝ ‌ပေးနိုင်‌ပေမဲ့ ဒီနှစ်ကစပြီး ဘတ်‌ငွေ ၄,၆၀၀‌လောက်ပဲ ‌ပေးနိုင်‌တော့တယ်”ဟု ‌ပြောသည်။

ထိုကဲ့သို့ ‌ထောက်ပံ့မှု ‌လျော့နည်းလာခြင်း‌ကြောင့် ‌ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် ‌ဒေသခံ ‌ခေါင်း‌ဆောင်များမှ အထင်အ မြင် လွဲမှားမှုများရှိ‌နေခြင်း‌ကြောင့် ယခုကဲ့သို့ အကူအညီ‌တောင်းခံစာ ထုတ်ပြန်‌တောင်းခံ၍ မရလျှင် အခြား‌သောနည်းလမ်းများ ဖြင့်လည်း ကြိုးစားရှာ‌ဖွေသွားရမည်ဟု ‌စော‌လောအယ်မူးက ဆက်‌ပြောသည်။

အဆိုပါလိုအပ်သည့် ‌ထောက်ပံ့ကူညီမှုများအတွက် Save the Children၊ ဥ‌ရောပသမဂ္ဂ(EU)၊ Child Dream နှင့် အခြား NGO အဖွဲ့အစည်းတို့မှ အဓိကကူညီ‌ထောက်ပံ့‌ပေး‌နေပြီး ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်အတွင်းရှိ ‌ကျောင်း‌ပေါင်း ၁,၆၁၉‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၇၉,၇၇၈ဦးနှင့် ဆရာ၊ဆရာမ‌ပေါင်း ၁၁,၃၀၉ ဦးကို ကူညီ‌ထောက်ပံ့‌ပေးနိုင်ခဲ့ပြီး ၁ဝနှစ်‌ကျော် ကာလအတွင်း ယခုနှစ်အတွက် ပထမဦးဆုံးအကြိမ်အခက်အခဲ စတင်ကြုံ‌တွေ့‌နေရခြင်း ဖြစ်သည်ဟု KED ကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား‌တော်လှန်‌ရေး လက်နက်ကိုင်အင်အားစုများအကြား အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့်‌နောက် နယ်စပ်ဒုက္ခသည်စခန်းများ အပါအဝင် နယ်စပ်‌ဒေသတစ်‌လျှောက် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စားနပ်ရိက္ခာ ကူညီ‌ထောက်ပံ့မှုများ ယခင်နှစ်မှစ၍ သိသိသာသာကျဆင်းလာပြီး ကူညီ‌ထောက်ပံ့‌ပေးသည့် နိုင်ငံတကာ ကူညီ‌ပေး‌ရေးအဖွဲ့များအ‌နေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့ ဝင်‌ရောက်သွားလာမှု အများအပြားရှိလာခဲ့သည်။

လက်ရှိ ကရင်‌ကျောင်းဆရာပူး‌ပေါင်းလှုပ်ရှားမှု အဖွဲ့-KTWG၏ ထုတ်ပြန်ထားသည့် ၂၀၁၇-၂၀၁၈ စာရင်းအရ ကရင်ပြည်နယ် တွင် ကရင်စာသင်‌ကျောင်း‌ပေါင်း ၁,၅၈၆‌ကျောင်း၊ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၁၈၁,၄၉၃ဦး၊ ‌ကျောင်းဆရာ၊ဆရာမ‌ပေါင်း ၁၁,၂၁၉ဦးရှိသည်ဟု သိရသည်။