Home သတင်း UNFC နှင့် အစိုးရတို့ ‌ဆွေး‌နွေးပွဲ မပြီးပြတ် နှစ်ဖက်‌ခေါင်း‌ဆောင်များထံ ပြန်တင်ပြရန် တစ်ချက်ကျန်ရှိ

UNFC နှင့် အစိုးရတို့ ‌ဆွေး‌နွေးပွဲ မပြီးပြတ် နှစ်ဖက်‌ခေါင်း‌ဆောင်များထံ ပြန်တင်ပြရန် တစ်ချက်ကျန်ရှိ

1956
ယ‌နေ့ ပြုလုုပ်သည့် DPN နှင့် PC တို့ သတင်းစာရှင်းလင်းပွဲ (Photo_KIC)

နိုဝင်ဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)၏ နိုင်ငံ‌ရေးဆိုုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုုယ်စား လှယ်အဖွဲ့(DPN)နှင့် ငြိမ်းချမ်း‌ရေး ‌ကော်မရှင် (PC)တို့ နိုဝင်ဘာ ၈ မှ ၉ ရက်ထိ ရန်ကုန်မြို့ NRPC ရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ရာ ပြီးပြတ်မှုမရှိဘဲ နှစ်ဖက်‌ခေါင်း‌ဆောင်များထံ ပြန်လည်အတည်ပြုချက်ရယူရန် တစ်ချက်ကျန်ရှိ ‌နေ‌သေးသည်ဟု နှစ် ဖက် တာဝန်ရှိသူများက ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် DPN နှင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်တို့ ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက်စလုံး‌မျှော်မှန်း ထားသည့် အတိုင်း နီးစပ်မှုရှိ‌နေပြီးဖြစ်သလို သီးသန့် ‌ဆွေး‌နွေရန် အချက်တစ်ချက် ကျန်ရှိ‌နေပြီးဆက်‌ဆွေး‌နွေးသွားမည်ဟုငြိမ်းချမ်း‌ရေး‌ကော်မရှင် ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦး‌ဇော်‌ဌေးက နိုဝင်ဘာ ၉ ရက်‌နေ့‌ဆွေး‌နွေးပွဲ အပြီး သတင်း မီဒီယာများနှင့်‌တွေ့ ဆုံစဉ်‌ပြောသည်။

အလားတူ DPN အဖွဲ့‌ခေါင်း‌ဆောင်ခူးဦးရယ်က “‌ဝေါဟာရ‌လေး‌တွေ၊ အသုံးအနှုန်း‌လေး‌တွေနဲ့ ပတ်သက်ပြီး အ‌ကျေအလည်‌ဆွေး‌နွေးပါတယ်။ နှစ်ဖက်သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်‌တွေကိုလည်း အပြန်အလှန် တင်ပြဖို့ ရှိပါတယ်။ အဲ့အခါ ကျမှဘဲ ကျ‌နော်တို့ အ‌နေနဲ့ ‌နောက်ဆုံး အဆုံးသတ်ဖို့ ရှိပါတယ်။ ‌လော‌လောဆယ် ကျ‌နော်တို့ အများကြီး ‌ပြောစရာမရှိပါ ဘူး။ ‌ဆွေး‌နွေးမှုပုံစံက‌တော့ ‌ကောင်း‌ကောင်းမွန်မွန်ရှိပါတယ်။ ကျ‌နော်တို့ တင်ပြတဲ့ အချက် ၈ ချက်နဲ့ ပတ်သက်လို့‌ပေါ့ ‌နော်၊ အခုက ‌နောက်ဆုံးအ‌ခြေအ‌နေကို‌ရောက်ဖို့ နီး‌နေပါပြီးလို့ အဲ့လိုဘဲ ‌ပြောရမှာဖြစ်ပါတယ်” ဟု သတင်းမီဒီယာများသို့ ‌ပြောသည်။

ယခင် ‌တွေ့ဆုံပွဲတွင် UNFC က တင်ပြထားသည့် အချက် ၈တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များပါဝင်သည့် အချက် ၅ကို ‌ဆွေး‌နွေးရန်သာကျန်ရှိသည်ဟု ‌ပြောကြားထား‌သော်လည်း ယ‌နေ့ ‌ဆွေး‌နွေးပွဲ အပြီးတွင် မည်သည့်အချက်ကျန်ရှိသည်ကို ထုတ်‌ဖော်မ‌ပြောလို‌ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ‌ပြောသည်။

ယခုလို ‌ဆွေး‌နွေးရန်ကျန်ရှိသည့် အချက်ကို နှစ်ဖက်‌ခေါင်း‌ဆောင်များထံ အသီးသီးတင်ပြပြီး လာမည့်တစ်ပတ် နှစ်ပတ် အတွင်း အမြန်ဆုံးပြန်လည်‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန် နှစ်ဖက်သ‌ဘောထားရှိသည်ဟု DPN အဖွဲ့‌ခေါင်း‌ဆောင်ခူးဦးရယ်က ဖြည့်စွက် ‌ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ‌ရေးထိုးနိုင်‌ရေးအတွက် အစိုးရနှင့် DPN တို့ ၁၅ လ ‌ကျော်ကြာ‌ဆွေး‌နွေးခဲ့ပြီး ပြီးခဲ့သည့် ‌အောက်တိုဘာလလယ်ပိုင်းတွင်ပြုလုပ်သည့် သတ္တမအကြိမ်‌မြောက် အစည်းအ‌ဝေးအပြီးတွင် အပြီးသတ်သ‌ဘောတူညီမှု ရရှိရန် အ‌တော်နီးစပ်‌နေပြီးဟု နှစ်ဖက်‌ခေါင်း‌ဆောင်များက အသီးသီးထုတ်‌ဖော်‌ပြောဆို ထားသည်။