Home သတင်း ကရင်‌ဒေသ ဘိတ်မြို့နယ်ခွဲတွင် ပထမဆုံးအကြိမ် က‌လေးကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ သင်တန်း‌ပေး

ကရင်‌ဒေသ ဘိတ်မြို့နယ်ခွဲတွင် ပထမဆုံးအကြိမ် က‌လေးကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ သင်တန်း‌ပေး

2262

နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်‌ကျောင်းဆရာများသမဂ္ဂအဖွဲ့(KTWG) လက်‌အောက်ခံ Mobile Teacher Trainer(MTT)မှ ဦးစီး၍ တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်းရှိ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ တ‌နောတရိမြို့နယ်(ဘိတ်မြို့နယ်ခွဲအတွင်း)၊ ဝါးလို‌ကျေးရွာ၌ က‌လေးကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ သင်တန်းတစ်ခုကို ပထမအကြိမ်အဖြစ် သင်ကြားပို့ချခဲ့သည်။

က‌လေးများအား စာသင်ကြားသည့်အခါ လိုအပ်သည့် ကာကွယ်‌စောင့်‌ရှောက်မှုနှင့် ထိန်း‌ကျောင်း‌ပေးရမည့် နည်းလမ်းများကို သိရှိနိုင်ရန် အဆိုပါ‌ဒေသရှိ ‌ကျေးရွာ ၆ ရွာမှ ‌ကျောင်းဆရာ၊ ဆရာမနှင့် ‌ကျောင်း‌ကော်မတီ ဝင် စုစု‌ပေါင်း ၄ဝ ‌ကျော်ကို နိုဝင်ဘာ ၆ရက်မှ ၁ဝ ရက်‌နေ့အထိ သင်တန်းပို့ချခဲ့ခြင်းဖြစ်သည်ဟု KTWG မှ သင်တန်း‌ပေးခဲ့သူ ‌စောအဲ့ထူးက ‌ပြောသည်။

“ကျ‌နော်တို့ ‌ကျောင်းဆရာ‌တွေအ‌နေနဲ့ အနာဂတ် က‌လေး‌တွေ အရည်အ‌သွေးမြင့်မားလာ‌အောင် ဘယ်လိုမျိုး သွန်သင်ဆုံးမမလဲဆိုတာ ပိုမိုနားလည်ဖို့ ဒီသင်တန်းကို ‌ပေးတာပါ။ ဒီသင်တန်း‌ပေးတဲ့အ‌ပေါ် တိုးတက်‌ပြောင်းလဲမှု ရှိမရှိ သိဖို့ လာမယ့် ‌နွေရာသီမှာ ဒီ‌ဒေသကို ပြန်လာပြီး သင်တန်းထပ်‌ပေးဖို့ ရှိပါတယ်”ဟု ၎င်းက ‌ပြောသည်။

ဝါးလို၊ လက်ဝဲပင်၊ ရစ်‌မြေကြီး၊ ကသင်း‌ချောင်း၊ ‌ရေတွင်း‌ကျေးရွာတို့မှ ‌ကျောင်းဆရာ၊ ဆရာမနှင့် ‌ကျောင်း‌ကော်မတီဝင်များ တက်‌ရောက်သည့် ၎င်းသင်တန်းတွင် က‌လေးများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း၊ လျစ်လျှူရှုခြင်းနှင့် အမြတ်ထုတ်ခြင်း စသည့် အ‌ကြောင်းအရာများကို ပို့ချ‌ပေးခဲ့သည်ဟု ‌စောအဲထူးက ဆိုသည်။

KTWG သည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်အတွင်းရှိ ခရိုင် (၇)ခုဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင်များအတွင်းရှိ မြို့နယ်များတွင် ‌ကျောင်းဆရာ/မ အရည်အ‌သွေးမြှင့်တင်ခြင်း သင်တန်း၊ ‌ကျောင်းသားမိဘနှင့် ဆရာ/မ ပူး‌ပေါင်း‌ဆောင်ရွက်ခြင်း သင်တန်းနှင့် က‌လေးကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ သင်တန်းများကို ပို့ချ‌ပေးလျှက်ရှိသည်။