Home ဆောင်းပါး “သံသယမြူ – သံသယမှိုင်း” ကို ဘယ်သူ‌တွေ ဖြန့်ဖြူး‌နေသလဲ

“သံသယမြူ – သံသယမှိုင်း” ကို ဘယ်သူ‌တွေ ဖြန့်ဖြူး‌နေသလဲ

2543

(‌မောင်‌ကျော်စွာ)

(၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၁ဝရက်)

“‌တောမီး ‌လောင်ရင် ‌တော‌ကြောင် လက်ခ‌မောင်းခတ်တယ်”ဆိုတဲ့ စကားရှိပါတယ်။ လတ်တ‌လော ဖြစ်ပျက်‌နေတာ‌တွေကို ကြည့်ရတာက‌တော့ လက်ခ‌မောင်းခတ်ချင်လွန်းလို့ ‌တောမီး မ‌လောင်၊ ‌လောင်‌အောင် တမင် ရှို့‌နေကြ‌လေ‌ရော့သလားလို့ ‌တွေး ‌တောစဉ်းစား‌နေမိပါတယ်။

တကယ့်မီးက ‌လောင်စရာ ‌လောင်စာကုန်သွားရင် ဒါမှမဟုတ် စနစ်တကျ ဝိုင်းဝန်းငြိမ်းသတ်နိုင်လိုက်ရင် ငြိမ်းသွား/‌သေသွား တတ်ပါတယ်။ မ‌ပြေနိုင်တဲ့ အငြိုးအာဃာတမီးက‌တော့ အကွက်‌ကောင်းကို‌စောင့်ပြီး ‌တောက်‌လောင်နိုင်ဖို့ ‌လောင်စရာ ‌လောင် စာ‌တွေကို စု‌ဆောင်းပြီး အခွင့်အခါ‌ကောင်းကို ကျားနာ‌ချောင်း‌ချောင်း‌နေမှာ ‌သေချာပါတယ်။

ဒီအထဲမှာ လူမျိုး‌ရေး/ဘာသာ‌ရေးကို ‌လောင်စာခုတုံးအဖြစ်လုပ်ပြီး ရှို့တဲ့မီးဟာ ‌လောင်ကျွမ်းအလွယ်ဆုံး၊ မြိုဝါး‌လောင်မြိုက်နိုင် ဆုံး၊ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိက အမုန်းနဲ့ အငြိုးအ‌တေးဆိုတဲ့ မီး‌မြွေ‌ဟောက်ရဲ့ အဆိပ်မီး‌တောက် ဘယ်‌လောက်ပြင်းထန်သလဲဆိုတာ သိချင်ရင်‌တော့ ဦးပုညရဲ့ဆဒ္ဒန်ဆင်မင်းပြဇာတ်ကို ဖတ်ကြည့်ပါလို့ပဲ ညွန်းရပါလိမ့်မယ်။ “မုန်းပင်စိုက်ပျိုး၊ ‌ပြေချိန်တန်၍မှ၊ မ‌ပြေ နိုင် ငြိုးတတ်သည်”လို့ ဆိုထားတယ် မဟုတ်ပါလား။

‌မြောက်ဖက်ဆုံးက ‌နောင်မွန်းမြို့ဟာ မြန်မာပြည်လားလို့‌မေးရင် မဟုတ်ဘူးလို့‌ဖြေရမှာပါ။ ထိုနည်းပါပဲ။ ‌တောင်ဖက်ဖျားက ‌ကော့ ‌သောင်းနဲ့ ကိုကိုးကျွန်းဟာ မြန်မာပြည်လားလို့‌မေးပြန်ရင်လည်း ‘ဟင့်အင်း’လို့ပဲ‌ဖြေရမှာပါ။ ထို့အတူ အ‌ရှေ့ဘက်ဖျားက တာချီ လိတ်၊ အ‌နောက်ဖက်ဖျားက (အခု‌လော‌လောဆယ် ‘‌ဟော့’‌နေတဲ့ အ‌နေအထားအရ) ‌မောင်‌တောတို့ကို မြန်မာပြည်လားလို့ ‌မေး လာရင် ‌ခေါင်းရမ်း‌ဖြေကြရမှာပါ။

သူတို့ဟာ မြန်မာပြည်ထဲက‌နေ ဘယ်လိုမှ ခွဲစိတ်ဖယ်ထုတ်ပစ်လို့မရတဲ့ အစိတ်အပိုင်း‌တွေ ဖြစ်တာမှန်‌သော်လည်း သူတို့တစ်ခု ချင်းစီရဲ့ ပကတိတည်ရှိ‌နေမှုကို ကွက်ကြည့်ပြီး မြန်မာပြည်ဖြစ်ပါတယ်လို့‌တော့ ဘယ်လိုမှ ‌ပြောလို့မရပါဘူး။ ထို့အတူ မြန်မာ ပြည်လို့ ‌ပြောမယ်ဆိုရင်လည်း ‌နောင်မွန်း၊ ‌ကော့‌သောင်း၊ ကိုကိုးကျွန်း၊ တာချီလိတ်၊ ‌မောင်‌တော တို့ မပါဘဲ၊ ခွဲခြားပြီး၊ ခြွင်းချန်ပြီး ‌ပြောလို့‌တော့ ဘယ်လိုမှ မရပါဘူး၊ မဖြစ်နိုင်ပါဘူး။ သူတို့တင်မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ တခြား‌သော ဘယ်အစိတ်အပိုင်းမဆို မပါရှိဘဲ သီးခြားခြွင်းချန် ခွဲစိတ်ပြီး ‌ပြောလို့မဖြစ်ပါဘူး။ ဒါဟာ မြန်မာပြည်ရဲ့ နယ်‌မြေတည်တံ့ပြည့်စုံမှုကို အစဉ် အ‌လေးထားရ မယ့် အချက်ဖြစ်ပါတယ်။

‌နောက်တစ်ချက်က‌တော့ မြန်မာပြည်ဆိုတဲ့ ပထဝီအပိုင်းအခြား‌ဒေသထဲမှာ လူမျိုး‌ပေါင်းစုံပြည်သူများ စု‌ပေါင်း‌နေထိုင်ကြပြီး မြန် မာပြည်ကို လူမျိုး‌ပေါင်းစုံပြည်သူများက စု‌ပေါင်းပိုင်ဆိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် လူမျိုး‌ပေါင်းစုံပြည်သူများမှာ တသီးတခြားဖြစ်ပြီး ကိုယ်ပိုင် ဝိ‌သေသလက္ခဏာ‌တွေရှိတဲ့ ဓ‌လေ့ထုံးစံနဲ့ ကိုးကွယ်ယုံကြည်မှု‌တွေ ကိုယ်စီရှိ‌နေပြန်ပါတယ်။ ဒီလို ပကတိတည်ရှိ‌နေတဲ့ အချက်အလက်‌တွေကို ပြည်သူ‌တွေအချင်းချင်း အပြန်အလှန် ‌လေးစားနားလည်ကြရမှာဖြစ်ပါတယ်။

ဒီလို လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘာသာစကား၊ ဓ‌လေ့နဲ့ ကိုးကွယ်ယုံကြည်မှု‌တွေ မတူညီဘဲ သီးခြားစီ ကိုယ်ပိုင်ရှိ‌နေတာဟာ တစ် မျိုးနွယ်နဲ့ တစ်မျိုးနွယ် (မျိုးနွယ်တစ်ခုနဲ့တစ်ခု) ရန်စမီးပွားဖို့၊ အပြန်အလှန်တိုက်ခိုက် ‌ချေဖျက်ပစ်ကြပြီး ငါသာလျှင် ကြီးမြတ်သူ ဖြစ်တယ်ဆိုပြီး ဂုဏ်တုဂုဏ်ပြိုင်လုပ်ဖို့ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်‌တွေရဲ့ ‌ပေါင်းစည်းမှုထဲက‌နေ အင်အားအသစ်၊ အလှတရား သစ်၊ ယဉ်‌ကျေးမှုအသစ်၊ တိုင်းသစ်ပြည်သစ်ကို အတူတကွ တည်‌ထောင်ကြဖို့ဖြစ်ပါတယ်။ ဒီလို လှပသင်းပျံ့‌သော ပန်း‌ပေါင်းမျိုး စုံ ဖူးပွင့်သီးတဲ့ ပန်းတိုင်ကို ‌ရောက်ဖို့ဆိုတာ‌တော့ ‌တော်‌တော့်ကို လိုပါ‌သေးတယ်။ စိတ်ကူးယဉ်သလို‌တောင် ဖြစ်‌နေနိုင်ပါတယ်။

ဒါ‌ပေမယ့် တန်းတူပြီး ညီညွတ် ငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုက‌ရေစီပြည်‌ထောင်စုအသစ်ကို လူမျိုး‌ပေါင်းစုံပြည်သူများက အူလှိုက်သည်းလှိုက် နှစ်သက်လိုလားကြတယ် ဆိုတဲ့အချက်ကို‌တော့ နည်းနည်း‌လေးမှ သံသယဖြစ်စရာ အ‌ကြောင်း မရှိပါဘူး။

လူမျိုး‌ပေါင်းစုံပြည်သူများအကြားက လူမျိုး‌ရေး၊ဘာသာ‌ရေး၊ဓ‌လေ့စရိုက်မတူကွဲပြားတဲ့အချက်အလက်‌တွေဟာ နယ်ချဲ့သမားနဲ့ အုပ်စိုးသူအဆက်ဆက်အဖို့‌တော့ သူတို့အုပ်စိုးမှု၊ သူတို့အာဏာ ဆက်ရှည်ကြာခိုင်မြဲ‌စေဖို့အတွက် မှိုင်းတိုက်စရာ၊ လှည့်စားစရာ၊ အသုံးချစရာ၊ စ‌တေးပစ်စရာ လက်နက်ကိရိယာ‌တွေအဖြစ်သာ အသုံးချတာ ခံခဲ့ရပါတယ်။ ပ‌ဒေသရာဇ်‌ခေတ်၊ ကိုလိုနီနယ်ချဲ့ ‌ခေတ်၊ လွတ်လပ်‌ရေး ရပြီး‌ခေတ်မှ ယ‌နေ့အထိ ဒီလို အသုံးချတာ၊ စ‌တေးတာကို ခံခဲ့ကြရပါတယ်။ ဆက်ပြီးလည်း ခံ‌နေရဆဲ ဖြစ် ပါတယ်။

“လူမျိုး‌ရေး၊ ဘာသာ‌ရေး ‌သွေးခွဲရန်တိုက်မှု” ဆိုတာ နယ်ချဲ့သမားနဲ့ ‌ဖောက်ပြန်တဲ့အုပ်စိုးသူများရဲ့ အဓိကလက်နက်‌တွေထဲက လက်နက်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ လူမျိုး‌ပေါင်းစုံပြည်သူ‌တွေ နိုးကြားလာတဲ့အခါ၊ သူတို့အုပ်စိုးမှုကို အကြီးအကျယ် ခြိမ်း‌ခြောက်လာတဲ့အခါမျိုး‌တွေမှာ ထုတ်သုံးတတ်‌လေ့ရှိပါတယ်။ ပြည်သူ‌တွေရဲ့ လည်‌ချောင်း‌သွေးနဲ့ သူတို့ရဲ့ စုတ်ပြတ်ညစ် ‌ထေးလှတဲ့ သရုပ်သကန်ကို ယာယီ ‌ဆေး‌ကြောလှည့်စားဖို့ ပြည်သူ‌တွေအချင်းချင်း ‌သွေး‌ချောင်းစီး သတ်ဖြတ်ခိုင်းတဲ့ အင်မတန် ယုတ်မာရိုင်းစိုင်းတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သူတို့အုပ်စိုးမှုအာဏာကို အသက်ဆက် ရှည်ကြာ‌စေဖို့ နယ်ချဲ့သ မားနဲ့ ‌ဖောက်ပြန်တဲ့အုပ်စိုးသူ‌တွေက ကျင့်သုံး‌လေ့ရှိပါတယ်။

ဗမာလူမျိုးနဲ့ အခြားလူမျိုး‌တွေအကြားမှာ၊ အခြားလူမျိုး‌တွေ အချင်းချင်းအကြား၊ လူမျိုးစုတစ်စုနဲ့တစ်စုအကြား၊ လူမျိုးစုတစ်စုထဲ အတွင်း ဟိုဂိုဏ်းနဲ့ဒီဂိုဏ်း၊ ဟိုဘာသာနဲ့ ဒီဘာသာအကြား လူမျိုး‌ရေး၊ဘာသာ‌ရေး ခုံတုံးလုပ်ပြီး လက်ရဲဇက်ရဲ သပ်လျှို‌သွေးခွဲ ‌လေ့ရှိပါတယ်။ ဆင်းရဲမွဲ‌တေပြီး ပညာ‌ရေချိန် နိမ့်ကျလွန်းတဲ့အတွက်လည်း ဒီလက်နက်ဟာ ထင်တာထက်ပိုပြီးလည်း ထိ‌ရောက် ‌လေ့ရှိပါတယ်။

လက်‌တွေ့ အကျိုးဆက်က‌တော့ လူမျိုး‌ပေါင်းစုံပြည်သူ‌တွေ အထိနာကြရပြီး၊ ‌ဖောက်ပြန်တဲ့အုပ်စိုးမှု အာဏာသက် ဆက်လက် ရှည်ကြာလာကာ ပြည်သူ့‌တော်လှန်‌ရေးခရီးစဉ် ‌ကွေ့‌ကောက်သွားရပါတယ်။

‌ဖောက်ပြန်တဲ့ အုပ်စိုးမှုရှည်ကြာတဲ့အတွက် လူမျိုး‌ပေါင်းစုံပြည်သူ‌တွေဟာ ဖိနှိပ်‌သွေးစုပ်မှုကို တာရှည်ခံရပြန်ပါတယ်။ ဒီလိုခံရတဲ့ အတွက်လည်း ဆင်းရဲမှု၊ အသိပညာ‌ရေချိန် နိမ့်ကျမှုနွံထဲ နစ်သထက် နစ်ကျွံကျရပြန်ပါတယ်။

ဒီဆင်းရဲမွဲ‌တေမှု နွံအိုင်ထဲက လူမျိုး‌ပေါင်းစုံပြည်သူ‌တွေကို ‌ဖောက်ပြန်တဲ့အုပ်စိုးသူ‌တွေက “လူမျိုး‌ရေး၊ ဘာသာ‌ရေး” မှိုင်းတိုက် ‌သွေးခွဲပြီး အချင်းချင်း ‌သွေး‌ချောင်းစီး သတ်ဖြတ်ခိုင်းပြန်‌တော့ မိ‌အေး နာရတာ နှစ်ကြိမ် နှစ်ခါမကဘဲ လွတ်လပ်‌ရေးသက်တမ်း နှစ်‌ပေါင်း ၇ဝအတွင်းမှာ အကြိမ်ကြိမ် အခါခါ နာ‌နေရ‌တော့တာပါပဲ။

“လူမျိုးကြီးဝါဒနဲ့ ဘာသာကြီးဝါဒ တင်းပုတ်”ဟာ လူမျိုး‌ပေါင်းစုံပြည်သူများ မနိုးကြားသ‌ရွေ့‌တော့ အုပ်စိုးသူ‌တွေအဖို့ မရိုးနိုင်တဲ့ ဖိနှိပ်‌ရေးကိရိယာ ဖြစ်မြဲဖြစ်‌နေပါလိမ့်မယ်။ မီးဟာ “မီးခဲ”အသွင်မှာပဲဖြစ်ဖြစ်၊ “မီး‌တောက်” အ‌နေအထားမှာပဲဖြစ်ဖြစ် အလွယ်တ ကူ ‌တွေ့နိုင်မြင်နိုင်ပါတယ်။ ဒါ‌ကြောင့် ကွင်းနိုင်‌ရှောင်နိုင် ငြိမ်းနိုင်သတ်နိုင်ပါတယ်။

မြူတို့၊ မှိုင်းတို့ဆိုတာက‌တော့ အမြင်ကို ‌ဝေဝါး‌စေတာမို့ အန္တရာယ်ကို ‌ရှောင်ဖို့တိမ်းဖို့ အင်မတန်ခက်ခဲပါတယ်။ အင်မတန်မှ သတိဝီရိယရှိကြရပါတယ်။ ပိုဆိုးတာက လူမျိုး‌ပေါင်းစုံပြည်သူများရဲ့ မျက်‌စေ့၊ နားနဲ့ အသိတရားထဲကို “သံသယမြူ၊ သံသယ မှိုင်း”ဆိုတဲ့ အဆိပ်အ‌တောက်‌တွေကို ထူထူထပ်ထပ်ကြီး ဖြန့်‌နေဖြူး‌နေကြတဲ့ ကိစ္စပါပဲ။

ကျ‌နော်တို့ ချစ်လှတဲ့ မြန်မာပြည်ကို လူတစ်‌ယောက်အဖြစ် စဉ်းစားကြည့်မယ်ဆိုရင် (AKRS) အကြမ်းဖက်သမားတိုက်ခိုက်မှု ဆို တာဟာ နဖူးမှာ လာကိုက်တဲ့ “ခြင်‌ကောင်” ဒါမှမဟုတ် ဝမ်းဗိုက်‌ပေါ်လာနား‌နေတဲ့ “ယင်‌ကောင်”မျှသာ ဖြစ်ပါတယ်။
ခြင်နဲ့ယင်ကို နှိမ်နင်းတယ်ဆိုတာ လက်က‌လေးနဲ့ “ဖျတ်ကနဲ” ပီပီပြင်ပြင် ထိထိမိမိ ရိုက်တတ်ဖို့သာ လိုအပ်ပါတယ်။ အခု‌တော့ ‌မောင်မင်းကြီးသားများက ‌ပေါက်ဆိန်နဲ့ထု၊ တင့်ကားနဲ့ကြိတ်၊ ၁၂ဝ မမ နဲ့ပစ်ဖို့ အတင်းကာ‌ရော လုပ်‌နေကြပါတယ်။

တိုင်းပြည်နဲ့ ပြည်သူကြုံရတဲ့ ဘယ်လိုအန္တရာယ်ကိုမဆို ရင်ဆိုင်တိုက်ပွဲဝင်တဲ့အခါမှာ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးစီးပွားကို ထိ ခိုက်နစ်နာမှု အနည်းဆုံးဖြစ်‌အောင် (တိုင်းပြည်နဲ့ပြည်သူ အ‌ကောင်းပကတိအတိုင်း ကျန်‌နေ‌စေဖို့) နည်းလမ်း‌ရွေးချယ် သတ် မှတ်ပြီး တိုက်ခိုက်တတ်ဖို့ လိုပါတယ်။ ဒီလိုလူမျိုး၊ ဒီလို‌ခေါင်း‌ဆောင်မှုမျိုးကိုသာ မဟာဗျူဟာ၊ နည်းဗျူဟာကျတဲ့ ‌ခေါင်း‌ဆောင်မှု လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ခ‌မောင်းခတ်ပြချင်တာ‌လောက်နဲ့ မီး‌လောင်တိုက်သွင်း‌နေတာမျိုး‌တော့ လုံးဝ မဖြစ်သင့်ပါဘူး။

‌ချောက်ထဲကျဖို့ တည်းတည်း‌လေးလို‌တော့တယ်ဆိုပြီး သူတို့ကယ်တင်လိုက်ခါမှ တိုင်းပြည်နဲ့ လူမျိုး‌ပေါင်းစုံပြည်သူတစ်ရပ်လုံး ‌ချောက်ထဲ လုံးလုံးလျားလျား ကျခဲ့ကြရပြီးပါပြီ။ အခုထက်ထိ အဲဒီ‌ချောက်ထဲက ပြန်တက်မလာနိုင်‌သေးပါဘူး။

သူတို့‌နောက်တခါ ထပ်မံ ကယ်တင်လိုက်မှဖြင့် ဒီထက်ပိုပြီး မဲ‌မှောင်နက်ရှိုင်းတဲ့ ‌ချောက်ကြီးထဲ ကျသွားပါအုံးမယ်။ ဒါ့အပြင် တချို့‌တွေ သုံးသပ်‌ပြောဆို‌နေကြသလို စစ်တပ်က အာဏာထပ်သိမ်းချင်လို့ အချက်အလက်ဖန်တီး‌နေတာ လုံးဝ မဟုတ်ပါဘူး။ အ‌ခြေခံဥပ‌ဒေဖျက်ပြီး အာဏာသိမ်းစရာ မလိုပါဘူး။ တကယ့်အာဏာက “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့အညီ” စစ်တပ်နဲ့ စစ်အုပ်စု လက်ထဲမှာ ရှိ‌နေတာပါ။ “၂၀၀၈အ‌ခြေခံဥပ‌ဒေ” ထဲမှာ စစ်တပ်က တိုင်းပြည်အာဏာကို ဥပ‌ဒေနဲ့အညီ ထိန်းနိုင်/သိမ်းနိုင်‌အောင် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

“အိုင်တီ‌ခေတ်ရဲ့ ထူးခြားချက်တစ်ခုက အမှန်(truth)‌တွေရဲ့ သက်တမ်းတိုလာတာ”လို့ “စာ‌ရေးဆရာ‌ကျော်ဝင်း”က အင်တာဗျူး တစ်ခုမှာ ‌ပြောဖူးပါတယ်။ သူ‌ပြောတဲ့ “အမှန် truth” ဆိုတာ ဘယ်လိုအမျိုးအစား “အမှန် truth ” ကို‌ပြောတာလဲ။ ကျ‌နော် စိတ် မဝင်စားလို့ ရှာမကြည့်မိပါဘူး။

ကျ‌နော်‌တွေ့မြင် သတိပြုမိတဲ့ ထူးခြားချက်က‌တော့ အိုင်တီ‌ခေတ်မှာ မုသား‌တွေ၊ လိမ်ညာ၊ မှိုင်းတိုက်မှု‌တွေဟာ ဘယ်အချိန်၊ ဘယ်ကာလထက်မဆို သက်တမ်း ပိုပြီးတိုလာတာနဲ့ အလျင်အမြန် ပွင့်ကျလာ‌နေတယ် ဆိုတဲ့အချက်ပါပဲ။

လူမျိုး‌ပေါင်းစုံ ပြည်သူ‌တွေရဲ့ မျက်‌စေ့၊ နားနဲ့ အသိတရားထဲကို “သံသယမြူ၊ သံသယမှိုင်း”‌တွေ ဘယ်သူ‌တွေက ဘယ်လိုပဲ တိုက်‌နေ၊ ခတ်‌နေကြပါ‌စေ လူမျိုး‌ပေါင်းစုံပြည်သူများအ‌နေနဲ့ မတရားမှုနဲ့ မမျှတမှုကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ‌ကျောခိုင်း‌နေတာ၊ လက်ပိုက်ကြည့်‌နေတာ၊ လျစ်လျူရှု‌နေတာမျိုး မလုပ်ဘူးဆိုရင် မတရားမှုဟာ ခင်ဗျားတို့ ကျ‌နော်တို့ ‌နေအိမ်တံခါးကို ဘယ်‌တော့ မှ လာ‌ခေါက်ဝံ့မှာ မဟုတ်ပါဘူး။ လူမျိုး‌ပေါင်းစုံပြည်သူများ နိုးနိုးကြားကြား ရှိကြပါ။