Home သတင်း KUPC ဦးစီးပြီး ကရင်ပါတီ‌ပေါင်းစည်း‌ရေးအတွက် ကရင်ပြည်နယ်ပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ပေး

KUPC ဦးစီးပြီး ကရင်ပါတီ‌ပေါင်းစည်း‌ရေးအတွက် ကရင်ပြည်နယ်ပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ပေး

1918

ဩဂုတ် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ KUPC မှဦးစီးပြီး ကရင်ပြည်နယ်ရှိ ကရင်နိုင်ငံ‌ရေးပါတီ ၄ပါတီမှ ပါတီ ‌ပေါင်းစည်း‌ရေးနှင့်ပတ်သက်၍ ဩဂုတ်လ ၂၉ ရက်‌နေ့က ကရင်ပြည်နယ် ဖားအံမြို့ သု‌မေဓာရာမ ကြား‌တော့ရ ‌ကျောင်းတွင် ‌ဆွေး‌နွေးပွဲတစ်ခုပြုလုပ်ခဲ့သည်။

ကရင်နိုင်ငံ‌ရေးပါတီများ တစ်စုတစ်စည်းတည်းဖြစ်‌ပေါ်ပြီး ပါတီတစ်ခုတည်း အ‌နေဖြင့် ရပ်တည်လုပ်‌ဆောင်နိုင်‌ရေးအတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲအပြီးတွင် ပူး‌ပေါင်း ‌ရေးအတွက် မူအားဖြင့် သ‌ဘော တူခဲ့ကြပြီး‌နောက် ကရင်ပါတီ အချင်းချင်း ‌တွေ့ဆုံညှိုနှိုင်းမှုများ မကြာ ခဏ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ကရင်ပါတီများ‌တွေ့ဆုံမှုကို KUPC နာယကဆရာ‌တော် ဦးစန္ဒာဝရက “ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပါတီ‌တွေ‌ပေါင်းစည်းနိုင်မယ့်အ‌ခြေအ‌နေ ‌မေးမြန်းပြီး‌တော့ ရယူတာပဲဖြစ်တယ်။ KUPC က‌နေဦး‌ဆောင်ပြီးလုပ်‌ပေး တာပါ။ သူတို့ကလည်း‌ပေါင်းမယ်။ ‌ပေါင်းစည်းဖို့အတွက်လည်း လက်ရှိကြိုး စား‌နေဆဲလည်းဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ထို့အပြင် ရရှိလာသည့် ‌ဆွေး‌နွေးမှုများကို ရန်ကုန်တွင်ရှိသည့် ကရင်ပါတီနှစ်ပါတီနှင့်ပြန်လည်ညှိနှိုင်း ‌ဆွေး‌နွေး သွားရန်ရည်ရွယ်ထားပြီး ‌နောက် ကရင်ပါတီအားလုံး‌ပေါင်းစည်းနိုင်‌ရေး အတွက် ဆက်လက်ညှိနှိုင်း လုပ်‌ဆောင် သွား မည် ဟုလည်း ဆရာ‌တော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် ပြည်နယ်တွင်းအ‌ခြေစိုက်ကရင်ပါတီများဖြစ်သည့် ဖလုံစ‌ဝေါ်ဒီမိုကရက်တစ် ပါတီ (PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတို့ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း ဆုံးဖြတ် ချက်တစုံတခု ရရှိခြင်းခြင်းမရှိ‌ကြောင်း သိရသည်။

ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “ ပါတီ‌ပေါင်းစည်း‌ရေးတို့က ဆုံးဖြတ်ချက် ဘာမှ မရှိဘူး ။ ညှိနှိုင်း‌ပြောဆိုတာဘဲ ပြီး‌တော့ KUPC ဘက်က သိချင်တာ‌လေး‌တွေ‌မေးတယ်။ ‌နောက်ပြီး‌တော့ ပြည်မနှစ်ပါတီလည်း မပါ ‌သေးဘူး‌ပေါ့။ ‌ပေါင်းစည်း‌ရေး ‌ကောင်းတဲ့အ‌ကြောင်း‌တွေ‌တော့ ‌ပြောကြတာ‌ပေါ့ကွယ်။ ဒါ‌ပေမယ့် ဆက်ပြီးဒါက‌တော့ လုပ်လို့မဖြစ်‌သေးဘူးအ‌နေအထား‌ပေါ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများအချင်းချင်း ‌ပေါင်းစည်း‌ရေးတွင် အခက်အခဲများရှိ‌နေသည့်အတွက် ညှိနှိုင်း‌နေဆဲဖြစ် သလို တစ်ဖက်တွင်လည်း ‌ပေါင်းစည်း‌ရေးအတွက် ‌ရှေးရှုကာ ကရင်ပါတီအားလုံးပါဝင်မည့်‌နောက် ထပ်ပါတီ အသစ်တစ်ခု နာမည်ဖြင့် မှတ်ပုံတင်နိုင်‌ရေး ‌ရွေး‌ေ‌ကောက်ပွဲ‌ကော်မရှင်ထံ တင်ပြထား မှုများရှိ‌ကြောင်း သတင်းများ ထွက်‌ပေါ်‌နေသည်။

ယင်းအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံတင်ပြထားသည့် ကရင်နိုင်ငံ‌ရေး ပါတီ အမည်နှင့် ဖြစ်‌ပေါ်တိုးတက်မှုများကို တရားဝင် ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိ‌သေးဘဲ တိကျ ‌ရေရာသည့် အ‌ဖြေထွက်လာသည့် အချိန်ကျမှသာ ထုတ်ပြန်‌ပြောကြားမည်ဖြစ်‌ကြောင်း အဆိုပါ ကရင်နိုင်ငံ‌ရေးပါတီများထံမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက်ပါတီ ၄ပါတီများဖြစ်သည့် ဖလုံစ‌ဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အပြင် ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ဧရာဝတီတွင် ကရင်အမျိုးသားပါတီ (KNP) စသည့် ကရင်နိုင်ငံ‌ရေးပါတီစုုစု‌ပေါင်း ၆ ပါတီရှိသည်။