Home အယ်ဒီတာ့အာဘော် အယ်ဒီတာအာ‌ဘော်

အယ်ဒီတာအာ‌ဘော်

2274

ကရင်စာ‌ပေ‌လောက ဖွံ့ဖြိုးချိန်တန်ပြီ

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်‌နောက်ပိုင်း စာ‌ပေစိစစ်‌ရေး မထားရှိ‌တော့သည့်အချိန်တွင် စာ‌ပေ‌လောကတွင် အမျိုးစားစုံစာ‌ပေ များ၊ အထူးသဖြင့် နိုင်ငံ‌ရေး စာ‌ပေများ လှိုင်လှိုင်‌ပေါ်ထွက်လာခဲ့သည်။ ရန်ကုန်မြို့၊ စာအုပ်တန်းဟု လူသိများသည့် ပန်းဆိုး တမ်းလမ်းတစ်‌လျှောက်ရှိ စာအုပ်ဆိုင်များတွင် အမျိုးစားစုံ စာအုပ်များကို ‌တွေ့နိုင်သည်။

လက်ရှိ အချိန်တွင်လည်း ပုဂ္ဂလိက ‌နေ့စဉ်သတင်းစာများ၊ အပတ်စဉ်၊ လစဉ်ထုတ်ဂျာနယ်၊ မဂ္ဂဇင်း၊ စာ‌စောင် များရာနှင့်ချီ ထွက်ရှိ‌နေကြသည်။ ယခုလို နိုင်ငံအတွင်း စာ‌ပေ‌လောက အရှိန်ရစပြု‌နေချိန်တွင် ကရင်စာ‌ပေ‌လောက၌ လစဉ်ထုတ် က ရင်စာ‌စောင်ဆိုလျှင် လက်ချိုး‌ရေတွက်နိုင်သလို လစဉ်ထုတ် ကရင်မဂ္ဂဇင်းများ မထုတ်‌ဝေနိုင်‌သေးသည်ကို ဝမ်းနည်းဖွယ် ‌တွေ့ရသည်။

ကရင်စာ‌ပေ‌လော၌ စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများ၊ ကရင်တက္ကသိုလ်‌ကျောင်းသားများ စသည့်တို့က အခါအား‌လျော်စွာ နှစ်ပတ်လည် မဂ္ဂဇင်း အချို့ထုတ်‌ဝေမှုများရှိ‌သော်လည်း ထိုသို့တစ်နှစ်တခါ ထုတ်‌ဝေနိုင်‌ရေးအတွက် အ‌တော်ကိုကြိုးစား ရုန်းကန်‌နေရသလို သမိုင်း‌နောက်ခံပြု ကရင်အမျိုးသားနိုင်ငံ‌ရေးဆိုင်ရာ စာအုပ်များ ထုတ်‌ဝေဖြန့်ချိရာတွင်လည်း အရင်းပြန်ရ‌ကျေနပ်ရသည့် အ‌ခြေအ‌နေသာရှိသည်ဟု ထုတ်‌ဝေသူများဆိုသည်။

ကရင်လူမျိုးများ စာဖတ်အားနည်းသည်ဟု ကရင်နှစ်ပတ်လည် မဂ္ဂဇင်းတစ်‌စောင်ကို ဦး‌ဆောင်ထုတ်‌ဝေ‌နေသူ အယ်ဒီတာ တစ်ဦးက ‌ပြောသည်။ တစ်နှစ်တစ်ခါ ထုတ်‌ဝေသည့် မဂ္ဂဇင်းအတွက် စံချိန်မှီစာမူများ ရရှိ‌ရေးလုံးပမ်း‌နေရသလို ကရင်စာ ‌ရေးဆရာ‌ကောင်းများ ‌ပေါ်ထွက်လာမှု လွန်စွာအားနည်း‌နေသည်ဟု သူကသုံးသပ် ‌ပြောသည်။

အမှန်စင်စစ် စာ‌ပေထုတ်‌ဝေမှုအပိုင်းတွင် ကရင်လူမျိုးများ ‌ခေတ်‌နောက်ကျခဲ့သူများ မဟုတ်‌ပေ။ ကရင်စာ‌ပေသမိုင်းကိုပြန် ‌လေ့လာကြည့်မည်ဆိုလျင် ၁၈၄၁ ခုနှစ်တွင် “ဆာတူ‌ဝေါ်”(Morning Star) မိုး‌သောက်ကြယ် အမည်ရ သတင်းစာကို ‌မော် လမြိုင်မြို့တွင် ဆရာ‌မေဆင်က ဦး‌ဆောင်ထုတ်‌ဝေခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဆရာတီသံပြာဦး‌ဆောင်သည့် အမျိုးသားသ တင်းစာ၊ ကရင်အမျိုးသားဗဟို အဖွဲ့ချုပ်က ထုတ်‌ဝေသည့် သုဝဏ္ဍတိုင်း အပတ်စဉ်ထုတ်သတင်းစာ၊ တစ်လတစ်ကြိမ်ထုတ် ကရင်မဂ္ဂဇင်းများ၊ ယုဒသန်‌ကောလိပ် ‌ကျောင်းသားများ ထုတ်‌ဝေသည့် ကရင်‌ကျောင်းသားမဂ္ဂဇင်း၊ ကရင်‌ရှေ့‌ဆောင်ဂျာနယ် စသဖြင့် ‌အောင်‌အောင်မြင်မြင် ထုတ်‌ဝေနိုင်ခဲ့ ဖူးသည်။

၁၉၆ဝ ‌ကျော် တစ်ပါတီအာဏာရှင် စနစ်နှင့် စစ်အာဏာရှင် စနစ်ကျင့်သုံးချိန်တွင် စာ‌ပေ‌လောက အ‌မှောင်ဖုံးခဲ့ ရသလို ဘာသာ‌ရေးစာ‌စောင်များမှလွဲ၍ ကျန်ကရင်စာ‌ပေများလည်း မထုတ်‌ဝေနိုင်ဖြစ်ခဲ့ရကာ ဒီမိုက‌ရေစီဖက်ဒရယ်အ‌ရေး၊ တိုင်းရင်းသားလူမျိုးစု အ‌ရေးနှင့် ဆိုင်သည့် စာ‌ပေများကို ခိုးဖတ်ရသည့် အ‌ခြေအ‌နေကြုံ့‌တွေ့ ခဲ့ရသည်။

စာအုပ်စာ‌ပေ လူ့မိတ်‌ဆွေ၊ အလိမ္မာ စာမှာရှိဆိုသည့် ဆိုရိုးစကားအတိုင်း စာအုပ်စာ‌ပေဖတ်ရှုကာ ဗဟုသုတ ကြွယ်ဝသူများသာ အမှားအမှန်ခွဲခြမ်း စိတ်ဖြာနိုင်ပြီး ဉာဏ်ပညာရှိ လူ‌တော်လူ‌ကောင်းအဖြစ် မိမိကိုယ် မိမိ တည်‌ဆောက်ကာ ထိုမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိလူမျိုး တိုးတက်‌ရေးအတွက် နည်းလမ်းမှန် ဦး‌ဆောင် လမ်းပြနိုင်မည်ဖြစ်သည်။

ကမ္ဘာ‌ပေါ်တွင် ဂုဏ်သိက္ခာရှိ လူမျိုးတစ်မျိုးကို စာ‌ပေ၊ စကား၊ ယဉ်‌ကျေးမှု၊ အနုသုခုမ၊ ဓ‌လေ့ထုံးတမ်းစသည့် အဂင်္ါ ရပ် များဖြင့်ဖွဲ့ စည်းထားပြီး ယင်းတို့အမြဲရှင်သန်ဖွံ့ဖြိုး‌အောင် လုပ်‌ဆောင်ရန်လိုအပ်သည်ဟု ကရင်ဘိုး‌ဘေများက လမ်းညွှန်ဆုံးမ ခဲ့သည်။

မိမိတို့ ကရင်လူမျိုးများအ‌နေဖြင့် ယဉ်‌ကျေးမှု၊ အနုသုခုမ၊ ဓ‌လေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းသဘင်များကို အားတက်သ‌ရော လုပ်‌ဆောင်မှုများရှိ‌သော်လည်း စာ‌ပေ၊ စကားပိုင်းတွင် အားနည်း‌နေသည်ကို ‌တွေ့နိုင်သည်။ ထို့‌ကြောင့် ဉာဏ်ပညာ ဗဟုသုတပြည့်ဝသည့် လူ‌တော်လူ‌ကောင်း ကရင်‌မောင်မယ်များ‌ပေါ်ထွက်လာ‌ရေးအတွက် ကရင်လူငယ်‌လေးများ စာများများဖတ်ရန် ကရင်သတင်းစဉ်က တိုက်တွန်းလိုသည်။