Home သတင်း ပြည်နယ်အတွင်း မှတ်ပုံတင်မရှိ‌သေးသူများကို စီမံချက်ချမှတ်လုပ်‌ဆောင်‌ပေး‌နေဟု လဝက ‌ပြောဆို

ပြည်နယ်အတွင်း မှတ်ပုံတင်မရှိ‌သေးသူများကို စီမံချက်ချမှတ်လုပ်‌ဆောင်‌ပေး‌နေဟု လဝက ‌ပြောဆို

4831

ဩဂုတ် ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်‌ရေးကတ်(မှတ်ပုံတင်) မရရှိ‌သေးသူများအတွက် စီမံချက်ချမှတ်လုပ် ‌ဆောင်‌ပေး‌နေ သည်ဟု လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးရင်‌ထွေးက ‌ကေအိုင်စီသို့ ဩဂုတ် ၁၈ ရက်‌နေ့တွင် ‌ပြောသည်။

၂၀၁၄ သန်း‌ခေါင်စာရင်းအရ ကရင်ပြည်နယ်အတွင်း မည်သည့်ကတ်မှ ကိုင်‌ဆောင်ထားခြင်းမရှိ‌သေးသူ ၄၆၁,၄၇ဝ ဦးရှိသည်ဟု သန်း‌ခေါင်စာရင်း အစီရင်ခံစာတွင်‌ဖော်ပြထားသလို ၎င်းတို့အတွက် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပ‌ဒေအရ နိုင်ငံသားစိစစ်‌ရေး ကတ်ပြား တစ်ခုခုရရှိ‌စေရန် ‌ဆောင်ရွက်‌ပေး‌နေသည်ဟု ပြည်နယ်လဝက ဦးစီးမှူး ဦးရင်‌ထွေးက ယခုလို‌ပြောသည်။

“မည်သည့်ကတ်မှ ကိုင်‌ဆောင်ထားခြင်းမရှိတဲ့ ၄သိန်း‌ကျော်က ၂ဝ၁၄ ခုနှစ်၊ မတ် ၂၉ ရက်ည သန်း‌ခေါင်ယံ မှာ ရှိတဲ့စားရင်းပါ။ ၂ဝ၁၄ ‌နောက်ပိုင်းမှာ မိုးပွင့်စီမံချက်၊ မိုးပွင့်အထူးစီမံချက်နဲ့ ‌ဆောင်ရွက်ခဲ့တယ်။ ၂ဝ၁၇ ခုနှစ် အခုဆိုရင် သစ္စာစီမံချက်နဲ့ အ‌ခြေခံပညာ‌ကျောင်း‌တွေမှာ နိုင်ငံသားစိစစ်‌ရေးကတ်ရရှိ‌အောင် ‌ဆောင်ရွက် ‌ပေး‌နေတယ်” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားမရှိ‌သေးသူများ၊ လက်မှတ်ပျက်စီးခြင်း၊ ‌ပျေက်ဆုံးခြင်း စသည့်သူများကို ခရိုင်နှင့် မြို့နယ် လဝက ရုံးများတွင် အဆက်မပြတ် စီမံ‌ဆောင်ရွက်‌ပေး‌နေသလို အ‌ထောက်အထား မရှိဘဲ ပြည်ပနိုင်ငံသို့ တရားမဝင် လမ်း‌ကြောင်းမှသွား‌ရောက်ပြီး သက်ဆိုင်ရာမှ စိစစ်‌တွေ့ရှိတိုင်ကြားလျှင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်‌ရေး လတ်တ‌လောပြဌာန်းချက် အက်ဥပ‌ဒေအရ အ‌ရေးယူခြင်းခံရမည်ဟု ၎င်းက ဆက်‌ပြော သည်။

နိုင်ငံသားစိစစ်‌ရေးကတ်၊ မှတ်ပုံတင်ပြုလုပ်လိုသူများအ‌နေဖြင့် လိုအပ်သည့်စာရွက်စာတမ်း မိတ္တူများ၊ ဓာတ်ပုံ၊ ‌သွေးစစ်‌ဆေးခြင်းနှင့် ‌ထောက်ခံချက်အသီးသီးကို ကာယကံရှင်ဖြစ်သူက ကုန်ကျခံရမည်ဖြစ်ပြီး နိုင်ငံ‌တော်သို့ အခွန် ၆ ကျပ်သာ ‌ပေးသွင်းရမည်ဖြစ်‌ကြောင်း၊ ‌ပျောက်ဆုံးပျက်စီးသွားသည့် မှတ်ပုံတင်ကို ပြန်လည်ပြုလုပ်လျှင် နိုင်ငံ‌တော်သို့ ၁ဝ ကျပ် ‌ပေးသွင်းရမည်ဟု လဝက တာဝန်ရှိသူများထံမှ သိရသည်။

ယခုလို နိုင်ငံသားစိစစ်‌ရေးကတ် ပြုလုပ်ရာတွင် အခွန် ၆ ကျပ်သာ ‌ပေးသွင်းရသည်ဟု ‌ပြောဆို‌သော်လည်း လဝက ရုံးတွင် ကျပ် ၁၀,၀၀ဝ ‌ပေး‌ဆောင်ရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက် ဦး‌ဆောင်သူ ဆရာ‌စော‌ကျော်စွာက“ KNU နယ်‌မြေ ‌တော်‌တော်များများက ယခင်က နိုင်ငံသားစိစစ်‌ရေးကတ်‌တွေ မလုပ်‌ပေးဘူး။ ၁၇(၁)လည်း ရှိတယ်ဆို‌တော့ လုပ်‌ပေး ပြန်‌တော့လည်း ဟို‌မေးဒီ‌မေးနဲ့ ရွာသား‌တွေက စိုးရိမ်ပြီး‌တော့ သူတို့မလုပ်‌တော့တာလည်း ပါတယ်။ သက်ဆိုင်ရာ‌တွေ အ‌နေနဲ့ မှတ်ပုံတင်‌တွေ လုပ်‌ပေးတဲ့အခါမှာ တိုင်းရင်းသား‌တွေကို ဘယ်လိုပုံစံလုပ်‌ပေးမယ်လို့ ပွင့်ပွင့်လင်းလင်း‌ကြေညာ ‌ပေးရင် အဆင်‌ပြေမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစိုးရ အ‌နေဖြင့် ပြည်သူ့ဝန်‌ဆောင်မှု ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုအားနည်းပြီး နှစ်ဘက်စလုံးက မိမိတို့၏ ရပိုင်ခွင့်ကို သိရှိရန်လိုအပ်သလို တာဝန်ရှိသူဘက်ကလည်း မဖြစ်မ‌နေလုပ်‌ပေးရမည့် တာဝန်ကိုသိရန်လိုသည်ဟု ၎င်းက ဆက်‌ပြောသည်။

၂၀၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ ကရင်ပြည်နယ်အတွင်း စုစု‌ပေါင်း လူဦး‌ရေ ၁,၅၇၄,၀၇၉ (တစ်သန်းခွဲ‌ကျော်) ရှိ‌ကြောင်း သန်း‌ခေါင်စာရင်း အစီရင်ခံစာတွင် ‌ဖော်ပြထားသလို ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ ‌ကျေးရွာ အချို့တွင် သန်း‌ခေါင်စာရင်း ‌ကောက်ယူနိုင်ခြင်းမရှိ‌ကြောင်း သိရသည်။