Home သတင်း ‌ကျေးရွာပိုင် က‌ဆောထယ် ဘုံသစ်‌တောကို အစိုးရ အသိအမှတ်ပြု ကာကွယ်‌ပေးရန် KESAN ‌ပြောဆို

‌ကျေးရွာပိုင် က‌ဆောထယ် ဘုံသစ်‌တောကို အစိုးရ အသိအမှတ်ပြု ကာကွယ်‌ပေးရန် KESAN ‌ပြောဆို

2190

ဩဂုတ် ၁ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌ကျေးရွာပိုင် က‌ဆော ထယ် ဘုံသစ်‌တောကို အစိုးရအ‌နေ ဖြင့် ‌လေးစားကာ အသိအမှတ်ပြု ကာကွယ်‌ပေး‌စေလို သည်ဟု ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ဩဂုတ်လ ၉ရက်‌နေ့က ပြုလုပ်ခဲ့သည့် ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)၏ ရုပ်သံမှတ်တမ်းဗွီဒီ ယို မိတ်ဆက်ပြသခြင်း အခမ်းအနား၌ အဖွဲ့၏ ဒုတိယ ညွှန်ကြား‌ရေးမှူး ‌စောအဲလက်စ်က ‌ပြောဆိုလိုက်သည်။

“ကျ‌နော်တို့ ကရင်တိုင်းရင်းသား‌တွေ ‌ကေအဲန်ယူ ထိန်းချုပ်တဲ့နယ်‌မြေမှာ ‌ရေ၊ ‌မြေ၊ ‌လေ သစ်‌တော သယံဇာတ အရင်းအမြစ် ‌တွေကို ‌ဒေသခံလူထု ပူး‌ပေါင်းပါဝင်မှုနဲ့ လုပ်နိုင်တယ်ဆို တာကို ‌ဖော်ပြချင်တယ်။ အသိ‌ပေးလိုတာက အဓိက တာဝန်ရှိ‌နေတဲ့ ငြိမ်းချမ်း‌ရေးမှာ ပါဝင်‌နေ တဲ့ အစိုးရဘက်က တာဝန်ရှိတဲ့သူ‌တွေ၊ တပ်မ‌တော်နဲ့ ‌ကေအဲန်ယူက တာဝန်ရှိတဲ့သူ‌တွေ‌ရော ဒါ‌တွေကို သိဖို့လိုတယ်။ ငြိမ်းချမ်း‌ရေး တကယ်လုပ်‌နေပါတယ်ဆိုတာကို ပြသတဲ့အ‌နေနဲ့ ပြည် သူလူထု‌တွေ ထိန်းသိမ်းထားတဲ့ သစ်‌တော ‌မြေ၊ ‌ရေ၊ အရင်းအမြစ် စီမံခန့်ခွဲမှု‌တွေကို အသိအ မှတ်ပြုပြီး‌တော့မှ ကာကွယ်‌ပေးဖို့လိုအပ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ က‌ဆောထယ် ဘုံသစ်‌တောသည် ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင် အ‌ရှေ့ပိုင်းနှင့် ဖာပွန်(မူ‌တြော်)ခရိုင် အ‌နောက် ဘက်‌ဒေသတွင် တည်ရှိကာ ‌ဒေသခံ‌ကျေးရွာ ၁၅ရွာက စု‌ပေါင်း စီမံကာကွယ်မှု ပြုလုပ်‌နေပြီး ဧက‌ပေါင်း ၁၄,၆၀၆ ရှိသည်။ ထို ‌ဒေသသည် ‌တော‌တောင်ထူထပ်‌နေ၍ သဘာဝအတိုင်း ရှိ‌နေ‌သေးသလို ဘုံသစ်‌တောထဲတွင် ကျားနှင့် ‌မျောက်လွှဲ‌ကျော်များ အပါအဝင် ရှားပါး ဇီဝမျိုးစိတ်၊ ‌ဘေးသင့် ဇီဝမျိုးကွဲများ၊ ရှားပါး သစ်ခွမျိုး စိတ်များနှင့် ‌ဆေးဘက်ဝင်အပင်များစွာရှိ‌ကြောင်း ‌ဒေသခံလူထု‌ခေါင်း‌ဆောင် ‌စောအိုမူးက လည်း ‌ပြောသည်။

ယင်းဘုံသစ်‌တောကို ‌ကေအဲန်ယူ၊ သစ်‌တောဌာနက တရားဝင် အသိအမှတ်ပြုထားပြီး ၎င်း တို့အဖွဲ့အစည်း၏ ထိန်းချုပ်မှု ‌အောက်တွင် လုံးလုံးလျားလျား တည်ရှိ‌နေသဖြင့် အစိုးရ အသိ အမှတ်ပြုမှ တရားဝင်ဖြစ်မည်ကို လက်မခံ‌ကြောင်း ‌ကေအဲန်ယူ၊ သစ်‌တောဌာန တာဝန်ခံ ပဒို မန်းဘထွန်းက ‌ပြောသည်။

ပဒိုမန်းဘထွန်းက “ကျ‌နော်တို့ အဖွဲ့အစည်းရဲ့ သ‌ဘောထားက အစိုးရ အသိအမှတ်ပြုမှ၊ တရားဝင်ဖြစ်တယ်ဆိုတာကို လက်မခံ ဘူး။ ဒါ‌တွေက ကျ‌နော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိခိုက်တယ်။ ပြည်နယ်ရဲ့အာဏာရှိသလို ဗဟိုရဲ့အာဏာလည်းရှိတယ်။ ကိုယ့်ရဲ့ကြိုး ဝိုင်း‌မြေ ဖွဲ့တာ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်အာဏာထဲမှာ ရှိရမယ်။ ဒါကို ဆက်‌ဆွေး‌နွေးသွားမယ်။ ကျ‌နော်တို့ အသိအ မှတ်ပြုတာကို ဗဟိုအစိုးရက ဆက် အတည်ပြု‌ပေးရမယ်။”ဟု ဆိုသည်။

‌ကေအဲန်ယူ ဖာပွန်(မူ‌တြော်)ခရိုင်အ‌နေဖြင့် အမှန်တကယ် ငြိမ်းချမ်း‌ရေးကို လိုလားပြီး ‌ဒေသခံ များအတွက် အနှစ်သာရရှိသည့် ငြိမ်းချမ်း‌ရေးကိုရရှိ‌စေရန် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်တစ်ခု ကို တည်‌ဆောက်‌နေသလို ‌ဒေသတွင်း ‌တော‌တောင်များကို မိရိုးဖလာနည်းနှင့် ထိန်းသိမ်းကာ ကွယ်‌ပေးသည့်အ‌နေဖြင့် က‌ဆောထယ် ဘုံသစ်‌တောကို ‌ကေအဲန်ယူ သစ်‌တောဌာန၊ KESAN တို့နှင့် ပူး‌ပေါင်းလုပ်‌ဆောင်‌နေသည်ဟု မူ‌တြော်(ဖာပွန်)ခရိုင် ဥက္ကဌ ပဒို‌စောဒီ‌ဂေးဂျူ နီယာက အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

က‌ဆောထယ်ဘုံသစ်‌တော ထိန်းသိမ်းခြင်းလုပ်ငန်းကို ၁၉၉၉ခုနှစ်တွင် ‌ဒေသခံများက စတင် အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ်တွင် ကွင်းဆင်းတိုင်းတာခဲ့သလို ၂၀၁၄ခုနှစ်တွင် ‌ကေအဲန်ယူ ဗဟိုဌာနချုပ်သို့ တင်ပြခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ‌ကျေးရွာပိုင်ဘုံ သစ်‌တောအဖြစ် ‌ကေအဲန်ယူက အတည်ပြု‌ပေးခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။