Home ဆောင်းပါး လွတ်လပ်မှုဆီ ရုန်းထွက်သည့် မြို့‌တော်ဖားအံ နားက ရွာက‌လေး

လွတ်လပ်မှုဆီ ရုန်းထွက်သည့် မြို့‌တော်ဖားအံ နားက ရွာက‌လေး

2535

(‌စောခါးစူးညား)

(ဇူလိုင် ၆ရက်၊ ၂၀၁၇ခုနှစ်)

မြို့နှင့် နီးသည့် ‌ကျေးရွာ‌တော်‌တော်များကို မြို့နှင့် ‌ဝေးလံ‌ခေါင်ဖျားသည့် ‌ကျေးရွာများထက် ‌ယေဘုယျအားဖြင့် တိုးတက်လိမ့် မည်ဟု သတိမမူမိတိုင်း ရုတ်တရက် စိတ်ထဲ ‌တွေးထင်၊ မျက်စိထဲ မြင်‌ယောင်‌ပေမည်မှာ ဓမ္မတာပင် ဖြစ်လိမ့်မည်။ အဘယ် ‌ကြောင့်ဆို‌သော် မြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ ‌ဒေသများသည် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး စသည့် အရာ ရာအားလုံးသည် အဆင်‌ပြေ‌ချော‌မွေ့၊ ‌ကောင်းမွန်‌ပေမည်လည်း ငြင်းမရသည့် အချက်‌ပေတည်း။

ပြီးခဲ့သည့် ၂၀၁၇၊ ဇွန်လ ၂၂ ရက်‌နေ့က ကရင်ပြည်နယ် မြို့‌တော် ဖားအံမြို့ အ‌နောက်ဘက်ခြမ်း ၁၂ မိုင်သာသာ ‌ဝေးကွာသည့် ကရင်လို လယ်‌ကော်ခို့၊ ဗမာလို ‌တောင်ကုန်းဟု ‌ခေါ်သည့် ကရင်ရွာက‌လေး တစ်ရွာသို့ ‌ရှောက်ရှိခဲ့သည်။ မြိုင်က‌လေးဘိလပ်‌မြေ စက်ရုံနှင့် ပို၍ နီးသည်။ ရွာမှာ ဖားအံ-သထုံ ဆက်သွယ်ထားသည့် ကားလမ်းမကြီးနံ‌ဘေး ကိုက်တစ်ရာဝန်းကျင် အကွာအ‌ဝေး ရှိလိမ့်မည်။ ယင်းရွာသို့ ရွာခံ အစ်ကိုတစ်ဦး၏ အကူအညီဖြင့် ဖားအံမြို့မှ ‌မော်‌တော်ဆိုင်ကယ်ဖြင့် ကျ‌နော်‌ရောက်ရှိလာခဲ့သည်။ အမှန်တကယ် ယခုရွာကို ကျ‌နော် ‌ရောက်ဖူးသည်မှာ ပထမအကြိမ်‌တော့ မဟုတ်။ ၂၀၁၆ ခုနှစ်မှစပြီး ယခုအချိန်ထိ သုံးကြိမ် ‌ရောက်ဖူး‌ပေပြီ။ ထို့‌ကြောင့် ကျ‌နော်နှင့် မစိမ်း။ သို့‌သော်ငြားလည်း ရွာတွင်းသို့ ဝင်‌ရောက်လည်ပတ်၍ ရွာသူရွာသားများနှင့် ထိ‌တွေ့ဆက်ဆံ စကား‌ပြောခွင့် ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

မျက်‌မှောက် ‌တောင်ကုန်းရွာသည် လူသူမသိသည့် ‌ကျေးရွာမဟုတ်။ လမ်းခင်း‌ကျောက် (‌ခေါ်) ဂဝံ‌ကျောက် ‌ကျောက်ထုတ်လုပ် ငန်း ထုတ်လုပ်သည့် ‌တောင်က‌လေး‌တောင်နှင့် ၂ဖာလုံသာ ကွာ‌ဝေးသည့် ‌ကျေးရွာ၊ ဆယ်စုနှစ်‌ကျော်ကြာ ‌ကျောက်မိုင်း‌ပေါက် ကွဲသံဒဏ် အလူးလူးအလိမ့်လိမ့် ခံရသည့် ‌ကျေးရွာ စသဖြင့် ကရင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာနှင့် မစိမ်းသည့်သူတိုင်း သိနှင့်ထားလျှက်ရှိသည်။ ‌ကျေးရွာမှာ လတ်တ‌လော အိမ်‌ခြေ ၇၂ အိမ်ရှိတဲ့ ရွာငယ်တစ်ရွာဖြစ်သည်။ သို့လင့်ကစား ကရင် ‌တောင်‌ပေါ်‌ဒေသက အိမ်‌ခြေ ၇ လုံး၊ ၈ လုံးနှင့် နှိုင်းယဉ်ပါက ရွာကြီးတစ်ရွာပင် ဖြစ်သည်။

သတိထားမိသည်မှာ ‌တောင်ကုန်းရွာ၏ ရွာအဝင် လမ်းမကို ဂဝံ‌ကျောက်စရစ်‌လေးဖြင့် ခင်းထားသည်။ လမ်းမှာ မညီမညာ ချိုင့် ခွက်များ၊ မိုးတွင်းဘက်ဖြစ်၍ လမ်းချိုင့်ခွက်တွင်း ‌ရေများ ရွာလမ်းမတ‌လျှောက် မြင်‌တွေ့‌နေရသည်။ သထုံ-ဖားအံ ကားလမ်းကြီး မှ‌နေ၍ ရွာလမ်းအတိုင်း သွားပါက ရွာအဝင် ပထမဆုံး ‌တွေ့ရမည့် အ‌ဆောက်အဦးမှာ ‌ဟောင်းနွမ်းပြီး အလွန်‌သေးငယ်သည့် ဝါးတဲအိမ်အိုကြီး ဖြစ်သည်။ ရွာလမ်းမအတိုင်း ဆက်သွားလျှင် ‌တောက်‌လျှောက် ဘယ်ညာ ‌ဘေးတဖက်ဆီတွင် အရွယ်မတိမ်း မယိမ်း အိမ်ငယ်‌လေးများလွဲ၍ ဆယ်အိမ်ထက် မများတဲ့ တိုက်ပုနဲ့ သစ်အိမ်အချို့တို့ကို ကျ‌နော့်အား ‌စောင့်ကာ ရပ်ကြည့်‌နေ သည့်အလား ငြိမ်သက်စွာ တည်ရှိ‌နေ‌လေသည်။ မိမိကရင်‌ဒေသ ရွာဖြစ်၍ ရွာတွင်းသို့ ဝင်သွားလိုက်သည်က ကြည်နူးစိတ် က‌လေး ရရှိသလိုပင် ရင်ထဲမှာ ထူးခြားစွာ ခံစားရသည်။

ရွာလမ်းအတိုင်း ၎င်းအစ်ကို‌နောက် ကျ‌နော်လိုက်သွားရာ မုန့်ဆိုင်က‌လေး ဖွင့်ထားသည့် အိမ်တစ်အိမ်အ‌ရောက်တွင် သူက နား ရန် ‌ပြောသည်။ ကျ‌နော်သည် ဆိုင်‌ရှေ့မှာ လူသူနားရန် ချထားသည့် သစ်သားခုံတန်း‌လေး‌ပေါ်တွင် မိမိလွယ်လာသည့် ‌ကျောပိုး အိတ်ကို အသာက‌လေး အရင်ချပြီး ထိုင်လိုက်သည်။ ထိုအခိုက် ဆိုင်ပိုင်ရှင် အစ်မတစ်ဦးက ကရင်တို့၏ ဧည့်ခံ‌နေကျ ထုံးစံအ တိုင်း ကျ‌နော့်အား ကွမ်း၊ ကွမ်းရွက်၊ ကွမ်းညှပ်၊ ထုံးနှင့် ‌ဆေးရွက်ကြီး အနည်းငယ် ထည့်ထားသည့် ‌ကော်ခြင်း‌လေးတစ်လုံးကို ကမ်း‌ပေးလိုက်သည်။ ကွမ်းသီးတစ်ခြမ်းကို ညှပ်လိုက်ပြီး ကျ‌နော့်ပါးစပ်ထဲသို့ ထိုးသွင်း‌နေစဉ် ဆိုင်မှာ ‌ရောက်‌နေသည့် ‌နော်မိဆို သူ အ‌ဒေါ်ကြီးတစ်ဦးက “သားလာတာ အ‌ဒေါ်တို့ ဝမ်းသာတယ်”ဟု စကားအစ ချီ‌လေသည်။ သူမ ‌ဘေးမှာ ထိုင်‌နေသည့် အသက် ၆၀‌ကျော် အဘွားတစ်ဦးက စကားမ‌ပြောဘဲ ကျ‌နော့်ကို အကဲခတ် ကြည့်လိုက်သည်မှာ သတိထားမိသည်။ သူက‌တော့ အဖွား ‌နော်ပရီးပါ။ ဦးစွာ ၎င်းတို့အား ‌နေ‌ကောင်းကျန်းမာလား၊ ဟိုဟိုသည်သည် အနည်းငယ် စကားပလ္လင်ခံ အလ္လာပသလ္လာပ ‌ပြောဆိုပြီး‌နောက် အဖွားကို ကျ‌နော်က “ဒီရွာက နှစ်‌ပေါင်း ဘယ်‌လောက်‌လောက် ရှိပြီလဲ အဖွား”ဟု ‌မေးလိုက်မိသည်။ ဤသို့ ‌မေးသည်မှာ အ‌ကြောင်းရှိသည်။ ရွာထဲရှိ အုန်းပင်များသည် မြင့်မားပြီး အ‌တော်ရင့်‌နေသည်ကို ‌တွေ့လိုက်ခြင်းပင် ဖြစ်သည်။ တဆက်တည်း အဖွားက ၎င်းအသက် (၃)နှစ်သမီးကတည်းက မိဘ၊ ဘိုးဘွားနှင့် အတူ လယ်‌ကော်ခို့ရွာတွင် ‌ပြောင်း‌ရွှေ့‌ရောက် ရှိလာ‌ကြောင်း၊ ထိုကာလ၌ အိမ် (၂)အိမ်သာ ရှိ‌ကြောင်းနှင့် ယခု မိမိအသက် ၆၆နှစ် ရှိပြီဖြစ်‌ကြောင်း ‌ဖြေ‌လေသည်။

အဖွားမှ ထိုကဲ့သို့ ‌ပြောလိုက်ခြင်းက ဤရွာအ‌ကြောင်းမှာ ပို၍ပင် စိတ်ဝင်စားစရာ ‌ကောင်း‌နေ‌တော့သည်။ ရွာအ‌ကြောင်းနှင့်ပတ်သက်၍ သိချင်စရာများကို အဖွားအား ‌မေးမြန်းရင်း၊ အပြန်အလှန် စကား‌ပြောကြရင်း အခြားရွာခံအမျိုး သမီး၊ အမျိုးသားများကလည်း တဖြည်းဖြည်း ကျ‌နော့်တို့ စကားဝိုင်းဆီကို ‌ရောက်ရှိလာကြသဖြင့် စကားဝိုင်းမှာ ပိုပြီး မြိုင်လာ သည်။

‌တောင်ကုန်းရွာသည် အိမ် (၂)အိမ်နှင့် စတင်ဖြစ်တည်လာခဲ့သည်။ အနီးအနားရွာများမှ လာ‌ရောက်‌နေထိုင်ကြ၍ ယခုဆိုလျှင် အိမ်‌ခြေ ၇၀‌ကျော်‌လေပြီ။ ရွာဖြစ်တည် လာကတည်းက ယခုချိန်အထိ သက်ရှိထင်ရှား အသက်ရှင်လျှက်ရှိ‌နေ‌သေးသည့် အဖွား နှင့် စကား‌ပြောခွင့်ရသည်မှာ ကျ‌နော့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်ကြီး တစ်ခုလို ဖြစ်‌နေသည်။ ဤရွာ၏ သမိုင်း မှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ အဖွားကိုယ်တိုင် ‌ပြောပြချက်အရ သူ၏ မိဘဘိုးဘွားများသည် ကရင်ပြည်နယ်ရှိ အထင်ကရ ဘုရင်ညီ‌နောင်ဂူနှင့် နီးသည့် ဘုရင်ဂျီ(နို့က‌လေ့)ရွာ၌ ‌နေထိုင်ပြီး ထိုအချိန်က ပြည်တွင်းစစ်‌ကြောင့် အစိုးရစစ်တပ်၏ ရန်မှလွတ် ရန် စစ်‌ဘေး‌ရှောင်အဖြစ် မြိုင်က‌လေးရွာသို့ ‌ပြောင်း‌ရွှေ့ကာ ထိုမှတဆင့် (ယခုရွာ)‌တောင်ကုန်းသို့ တိတ်တဆိတ် ပုန်း‌ရှောင်၍ ထပ်မံ ‌ပြောင်း‌ရွှေ့ခဲ့ရ‌ကြောင်းတို့ကို ကျ‌နော်အား ရှင်းပြ‌လေသည်။

မူရင်း ဘုရာဂျီရွာကို စွန့်ကာ စစ်‌ဘေး တိမ်း‌ရှောင်ရင်း၊ လုံခြုံရာ‌နေရာအရပ် ရှာရင်း ကြုံရာအဆင်‌ပြေသလို ဝါးအိမ် နှစ်အိမ်ဖြင့် လူမသိ၊ သူမသိ သ‌န္ဓေတည်ဖြစ်‌ပေါ်လာသည့် အ‌ခြေအ‌နေမှ မျက်‌မှောက် အိမ် ၇၀‌ကျော်အထိ ရွာအဖြစ် တရားဝင် သတ်မှတ် ခြင်း ခံလာသည့် အ‌ခြေအ‌နေမှာ တိုးတက်ခြင်းလက္ခဏာဖြစ်၏။ သို့‌သော် အိမ်‌ခြေအ‌ရေအတွက် တဖြည်းဖြည်း များပြားလာ သည်နှင့်အမျှ လူ‌နေမှု အဆင့်အတန်း ဘယ်မျှ တိုးတက်လာသည်ကို တိုင်းတာရန်လည်း လို‌ပေလိမ့်မည်။ လူ‌နေမှုအဆင့်အ တန်းဆိုသည့်‌နေရာမှာ လယ်‌ကော်ခို့ရွာသည် စီးပွား‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး စသည်တို့မှာ ဘယ်မျှအဆင့်အတန်း မြင့်မား လာပြီနည်း။

‌တောင်ကုန်းရွာသည် ဖားအံမြို့နယ် ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုအတွင်းရှိ ‌တောင်က‌လေး (လယ်‌ခေါ့ထီ)၊ ပန်း‌အောင်ကုန်း (ပတ္တမြားကုန်း)၊ ပန်းဖူး၊ ‌ရွှေနီ၊ ရွာက‌လေး(တ‌ဝေါဖိုး)၊ ဥသျှစ်ကုန်း (‌ကော်ရိခို့)၊ အနန်းပင်ကုန်း(‌ကော်မယ်‌စော)နှင့် ‌ကော့မူးသီး စသည့် ရွာတို့နှင့် တအုပ်စုတည်း တည်ရှိပြီး ဖွံ့ဖြိုးမှု အနည်းပါးဆုံး ရွာဟု ဆိုရလိမ့်မည်။ ရွာသားများ၏ ပိုင်ရှင်မှုပြပါက ရွာ၏ ဝန်းကျင်တွင် တစ်ခြံလျှင် အပင်‌ပေါင်း ၅၀ဝ ပင်ထက် မများသည့် ရာဘာခြံ ၆ခြံ၊ ပိုင်ရှင် သုံးဦးရှိ‌သော ၁ဝဧကထက် မများသည့် လယ်‌မြေကွက်သာရှိသည်ဟု ရွာခံ ရပ်မိရပ်ဖများက ‌ပြောပြသည်။ ထိုထက်မက အ‌ခြေအ‌နေမှန် ပိုသိ‌စေရန် ရွာသားများက ကျ‌နော့်အား ရွာအ‌နောက်ဘက် ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းနှင့် နီးသည့် ရာဘာခြံနှင့် လယ်ကွင်းများဆီသို့ ‌ခေါ်ပြသည်။ သူတို့‌နောက် လိုက်သွား‌သောအခါ ရာဘာခြံနှင့် လယ်‌မြေတို့မှာ ‌ကျောက်ထုတ်လုပ်ငန်းမှ ခွဲ‌သော ‌ကျောက်မိုင်း ‌ကြောင့် ကျလာသည့် ‌ကျောက်ခဲ အကြီးအ‌သေး အရွယ်စုံ အပိုင်းအစများ ပြန့်ကျဲ‌နေသည်ကို ‌တွေ့ရ၍ စိတ်မချမ်းမသာ ဖြစ်မိခဲ့ရ သည်။ ရွာသားများ၏ လုပ်ကိုင်စား‌သောက်မှုကို ယခင်က အဆင်မ‌ချော‌သော်လည်း ‌ကျောက်ထုတ်လုပ်ငန်း စတင်လာသည့် ၂၀၀၄ခုနှစ်မှစ၍ အ‌ခြေအ‌နေမှာ တဖြည်းဖြည်း ပိုဆိုးလာ‌ကြောင်း ‌ပြောပြသည်။ ကျ‌နော့်အား လိုက်ပြသည့် လယ်‌မြေများမှာ နှစ် စဉ် လုပ်ကိုင်သည့် လယ်‌မြေဖြစ်သည်။ ရာဘာခြံများမှာမူ အ‌စေး(အရည်) ထုတ်ယူခြင်း မပြုရ‌သေး‌ပေ။

ထိုသို့ ကျ‌နော့်အား လိုက်ပြသည့် ရွာသားများ၏ ‌ပြောပြချက်အရ ‌တောင်ကုန်းရွာ ရာဘာခြံဟု ဆိုရာ၌လည်း ၄ခြံသာ အရည်ခြစ် ယူ ထုတ်လုပ်နိုင်သည်။ မိုးရာသီတွင် အများအားဖြင့် ရာဘာခြံကို ရပ်နားထားသဖြင့် ‌တောင်ကုန်းရွာ ရာဘာခြံလည်း ရပ်နား ထားသည်။ ယခင်က ‌ကော်ရည် ၁ ‌ပေါင် ၁၅၀ဝ အထိ တက်ခဲ့ဖူး‌သော်လည်း လတ်တ‌လော ကာလ‌ပေါက်‌ဈေးမှာ ၉၃ဝ ကျပ်ရှိသဖြင့် ‌ဈေးကျသည့် ကာလဟု ဆိုရ‌ပေမည်။ ရာဘာ‌ဈေး မရှိသဖြင့် ‌တောင်ကုန်းရွာရှိ ရာဘာခြံများမှလည်း ဝင်‌ငွေ များများစားစား ရမည့်ကိန်း မ‌ပေါ်‌ချေ။ လယ်‌မြေလုပ်ငန်းဘက်ကို ကြည့်ပါကလည်း မဖြစ်စ‌လောက်သာ အကျယ်အဝန်း ရှိ‌နေသည်ကိုပင် လုပ်ရန် အဆင်မ‌ချောသဖြင့် နစ်နာရသည်။

လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ‌နော်မိက နှစ်စဉ် စပါးစိုက်ရာသီ၌ သူမ၏ လယ်ကွင်းထဲရှိ ‌ကျောက်ခဲများ‌ကောက်ပြီး ရသမျှ စပါးစိုက် ပျိုး‌နေရသည့် အ‌ခြေအ‌နေကို ယခုလို ရှင်းပြသည်။ “စပါးစိုက်ဖို့ ဒီ‌မြေပဲရှိ‌တော့ ‌ကျောက်ခဲ‌ကောက်ပြီး စိုက်ရ‌တော‌ပေါ့။ အရင်က စပါးတင်း ‌လေးဆယ်‌ကျော် ထွက်တဲ့လယ်ဟာ အခုဆိုရင် တင်းသုံးဆယ်‌လောက်ပဲ ထွက်‌တော့တယ်”ဟု သူမက ဆိုသည်။

စိုက်ပျိုး‌ရေး‌မြေ‌နေရာ နည်းသဖြင့် ‌တောင်ကုန်း‌ဒေသခံများသည် အချို့ ဆိုင်ကယ် (Taxi) အငှားယာဉ်‌မောင်း၊ အချို့ ထိုင်းနိုင်ငံ သို့ သွား‌ရောက်အလုပ်လုပ်ကိုင်ကြသည်။ ရွာသားအများစုမှာ အနီးအနားရှိ မြို့၊ ရွာများသို့ ‌နေ့စား အငှားလိုက်ခြင်းများကို အများအားဖြင့် လုပ်ကြပြီး မိုးရာသီတွင် ငါးရှာခြင်း၊ မျှစ်ချိုးခြင်း၊ မှိုရှာခြင်းနှင့် ‌တောထွက် ဟင်းသီးဟင်းရွက်များ ရှာကာ ဝမ်းစာ အတွက် ဖြစ်‌စေ၊ ‌ရောင်းရန်ဖြစ်‌စေ လုပ်‌လေ့ရှိသည်။ အချို့မှာ ‌တောင်က‌လေး‌တောင်၌ တပိုင်တနိုင်အဖြစ် ‌ကျောက်များ ထု‌ထောင်း ထုတ်ယူကာ ရံဖန်ရံခါ ‌ရောင်းသူလည်း ရှိသည်ဟု ဆိုသည်။ သို့‌သော် လွန်ခဲ့သည့် ၂၀၀၄ခုနှစ်‌နောက်ပိုင်း ‌တောင် က‌လေး ‌တောင်တွင် ပြည်နယ်အစိုးရမှ လုပ်ငန်းရှင်များအား ‌ကျောက်ထုတ်လုပ်ငန်း လုပ်ခွင့်ပြုလိုက်သည့် အချိန်မှစ၍ ‌ဒေသခံ များမှာ ပုံမှန် လုပ်ခဲ့ကြသည့် အသက်‌မွေးဝမ်း‌ကျောင်းအလုပ်များ တဖြည်းဖြည်း ‌မှေးမှိန်လာခဲ့သည်။ ယခုအခါ ရွာပတ်လည် သစ်‌တောများ ပြုန်းတီးလာပြီး ‌တောင်က‌လေး‌ကျောက်‌တောင်လည်း တစထက်တစ အဖြိုခံရသည့်အတွက် ရွာသားများမှာ ဟင်းသီးဟင်းရွက်၊ မျှစ်၊ ငါး စသည်တို့ ယခင်ကဲ့သို့ ရှာမရ‌တော့ပြီ။

ရွာအိမ်‌ခြေ တိုးတက်များပြားလာ‌သော်လည်း လူ‌နေမှုအဆင့်အတန်း တိုးတက်သင့်သ‌လောက် မတိုးတက်ခြင်းမှာ ‌ခေတ်စနစ် ‌ကြောင့်‌လော။ မြင်ရသမျှ သက်တမ်း ၆၀‌ကျော်ရှိပြီဖြစ်သည့် ယင်းရွာတွင် ယခုအချိန်ထိ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်မြင် သူ အမျိုးသမီးတစ်ဦးသာ ရှိ‌သေးကာ လက်ရှိ ဖားအံတက္ကသိုလ်တွင် တတိယနှစ်အဖြစ် ပညာသင်ကြားလျှက်ရှိသည်။ ‌ကျောင်း ပညာ‌ရေးနှင့် ပတ်သက်၍ ကိုယ်ထူကိုယ်ထ‌ကျောင်းဖြင့် ၂၀၀၄ ခုနှစ်ဝန်းကျင်က စတင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် အစိုးရမှ တရားဝင် မူလတန်း‌ကျောင်း အသိအမှတ်ပြု‌ပေးခဲ့သည်။ ကျန်းမာ‌ရေးဘက်၌ လွန်ခဲ့သည့် သုံးနှစ်ကပဲ အရံသားဖွားဆရာမ တစ်‌ယောက် ရှိလာသည်။ ဤသို့ တိုးတက်မှုကို အဖက်ဖက်မှ ချွတ်ခြုံကြည့်‌သော် “Something is better than nothing” ကဲ့သို့ လုံးဝ မရှိ တာထက် အနည်းငယ် ရှိတာကိုပဲ ‌ကျေးဇူးတင်ရမလို ဖြစ်‌နေသည်။ ‌ဒေသခံများအ‌နေဖြင့် ထိုထက်မက တိုးတက်မှုရှိ‌ရေးအ တွက် နည်းလမ်းရှာ ကြိုးပမ်းလျှက်ရှိသည်ဟု ရွာခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ‌စောဇာလီက ယခုလို ဆိုလာသည်။

“ကျ‌နော့်ရွာက‌တော့ ပညာ‌ရေးနဲ့ ကျန်းမာ‌ရေးပဲ လမ်းစ‌ပေါ်‌နေ‌သေးတယ်‌ပေါ့။ ဆယ်တန်း‌အောင်သွားသူက ကျ‌နော့်သမီးပါပဲ။ ဒါ‌ပေမယ့်ဗျာ…..တက္ကသိုလ်‌တောင် မပြီး‌သေးဘဲ အိမ်‌ထောင်ပြုသွားတယ်။ လူလွှတ်ဖြစ်ရင် ဒီထက်မက ‌မျှော်လင့်ရှိတာ‌ပေါ့။ အရံသားဖွားတစ်‌ယောက် ရတာကလည်း သက်ဆိုင်ရာ‌တွေကို ချည်းကပ်ပြီး ‌ဝေဖန်မှု‌အောက်က‌နေ အသားကုန် ကြိုးစားခဲ့ပြီးမှ ရလာတာ ဖြစ်ပါတယ်။ ရွာပိုပြီး တိုးတက်‌အောင် ကျ‌နော်တို့ လုပ်‌ဆောင်ဆဲပါ။ ခရီး‌ပေါက်ဖို့က သိပ်မလွယ်‌သေးတဲ့ အ‌နေအထား မှာ ရှိ‌နေပါတယ်”ဟု သူက ရှင်းပြသည်။

တဖက်မှာလည်း ယခုထိ ရွာအနီးရှိ ‌ကျောက်ထုတ်လုပ်ငန်းမှ ‌နေ့စဉ်ရက်ဆက်ဆိုသလို ‌ဖောက်ခွဲသည့် မိုင်းအသံနှင့် ‌ကျောက်ထု သံများသည် ရွာသားများအတွက် စိတ်အ‌နှောက်အယှက် ဖြစ်‌နေရဆဲ ဖြစ်သည်။ အဆိုပါ ‌ကျောက်ထုတ်လုပ်ငန်းသည် ရွာတိုး တက်ဖို့‌နေ‌နေသာသာ ‌နေ့တဓူဝလိုလို အသက်နှင့် ရွာထိခိုက်မည်ကို စိုးရိမ်ရခြင်း၊ မိုင်း‌ကြောင့် ‌တောင်ဖြို၍ သဘာဝပတ်ဝန်း ကျင် ပျက်စီးလာကာ အသက်‌မွေးဝမ်း‌ကျောင်း ထိခိုက်ခြင်းအပြင် အနာဂတ်တွင် သဘာဝ‌ဘေးအန္တရာယ်ဆိုးကျိုးများ ကြုံ‌တွေ့ လာနိုင်ခြင်းတို့‌ကြောင့် လုပ်ငန်းကို ရပ်တန့်‌ပေးရန် ‌တောင်ကုန်းရွာ‌ဒေသခံများမှ သက်ဆိုင်ရာ အစိုးရထံသို့ အကြိမ်ကြိမ် အသနားခံစာ တင်ခဲ့‌သော်လည်း အ‌ခြေအ‌နေ ထူးခြားမလာ‌ပေ။

လက်ရှိ ‌တောင်က‌လေး‌တောင်တွင် ‌ကျောက်မိုင်း‌ကြောင့် ‌ကျောက်‌တောင်မှာ နှစ်ပိုင်းဖြစ်‌နေ‌လေပြီ။ ‌နွေရာသီတွင် ရွာကို ဖြတ် သန်း၍ ‌ကျောက်သယ်သည့် ကား‌ကြောင့် အလွန်အကျွံ ထ‌နေသည့် ဖုန်ကို ‌နေ့စဉ်ရက်ဆက် ရှူ‌နေရသည်။ ယခင်က မရှိခဲ့ဖူး သည့် တီဘီ‌ရောဂါသည်၂ ဝ၁၄ မှ ယခုထိဆိုလျှင် စွဲကပ်သူ က‌လေးငယ် ၄ဦး ရှိလာသည်။ ‌ကျောက်ထုတ်လုပ်ငန်းမှ ရွာအ‌ပေါ် ဆိုးကျိုးဘက်သို့ ဦးတည်မှု များလာသဖြင့် ရွာသားများ မခံမရပ်နိုင်ဖြစ်ကာ ၂၀၁၆ ခုနှစ်မှစ၍ တရားဝင် ကန့်ကွက်မှုများ စတင် လာခဲ့သည်။ ယင်းသို့ ကန့်ကွက်မှုများ လုပ်လာပြီး‌နောက် လုပ်ငန်းရှင်များသည် ရွာသားများ မ‌တောင်းဆိုဘဲ ရွာလမ်းတွင် ‌ကျောက်စရစ်လာခင်း‌ပေးခြင်း၊ ‌သောက်‌ရေသန့်‌နေရာ လုပ်‌ပေးခြင်းနှင့် သွားလာရန် လိုင်စင်မဲ့ ကား‌သေးတစ်စီး ‌ပေးခဲ့သည်ဟု ရွာသားများက ဆိုသည်။ ဤကူညီမှုများသည် ၎င်းတို့အား ‌ချော့သိမ့်ခြင်းသာ ဖြစ်သည်ဟု ခံစားရသည်ဟု ၎င်း၏ မုန့်ဆိုင်တွင် ကျ‌နော်တို့ စကားဝိုင်းဖွဲ့ခဲ့ကြသည့် ဆိုင်ရှင်အစ်မ ‌နော်မိသန်း‌အေးက ဆိုသည်။

“အရင်ကဆို သူတို့လုပ်ငန်းက ‌တောင်‌ဘေးမှာ ကျလာတဲ့ ‌ကျောက်စရစ်‌တောင် သယ်ရင် ‌အော်တာ ‌ငေါက်တာ ခံရတယ်။ ကန့် ကွက်မှုလုပ်‌တော့ သူ့အလိုလို လာလုပ်‌ပေးတာဟာ စဉ်းစားစရာဖြစ်‌နေတယ်။ လာလှူတဲ့ ‌ရေဆိုလည်း အ‌ရောင်က ဝါ‌နေ‌တော့ ရွာသား‌တွေ မ‌သောက်ရဲကြဘူး။ ကားဆိုလည်း ဆီထည့် သွား‌နေရ‌တော့ သိပ်‌တော့ အဆင်မ‌ပြေလှပါဘူး”ဟု သူမ၏ ခံစားချက် ကို ‌ပြောပြသည်။

ထို့အပြင် ကန့်ကွက်မှု‌နောက်ပိုင်း တချိန်တခါက ရပ်ရွာအ‌ရေး ဖြစ်‌စေ၊ အလှူအတန်းဖြစ်‌စေ၊ လူမှု‌ရေးအတွက်ဖြစ်‌စေ အလွန် စည်းလုံးညီညွှတ်ကြသည့် ‌တောင်ကုန်း‌ကျေးရွာအချို့သည် လုပ်ငန်းရှင်ထံမှ ရရှိသည့် အခွင့်အ‌ရေး‌ကြောင့် ကန့်ကွက်မှုတွင် ဆက်လက်မပါဝင်‌တော့ဘဲ စိတ်ဝမ်းကွဲမှု အနည်းငယ် ရှိလာသည်ဟုလည်း သူမက စိတ်မ‌ကောင်းစွာ ဆက်လက်‌ပြောပြသည်။

ရွာသားအများစုကမူ ၎င်းတို့ လူမှုဘဝ ‌အေးချမ်းစွာ ‌နေထိုင်နိုင်‌ရေးအတွက် ‌ရှေးရှု၍ ‌ကျောက်လုပ်ငန်း ရပ်တန့်‌ပေးရန်သာ သ‌ဘောထားဆန္ဒ ရှိ‌နေသည်။ ၎င်းတို့၏ အ‌ခြေအ‌နေမှန်ကို သိ‌စေရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူထံ အကြိမ်ကြိမ် ‌တောင်း ဆိုခဲ့သဖြင့် ပြည်နယ်အစိုးရ တာဝန်ရှိသူအချို့မှ ‌ကျောက်လုပ်ငန်းသို့ သွား‌ရောက်ကြည့်ရှုမှုပြုလုပ်သည်မှလွဲ၍ တစုံတရာ ထူးခြားမလာသည့်အပြင် လုပ်ငန်းမှာ လည်ပတ်မြဲ လည်ပတ်‌နေသည်။

ထိုမျှမက ပိုဆိုးသည်မှာ လက်ရှိ ‌တောင်က‌လေး‌တောင်၏ အ‌ရှေ့ဘက်ခြမ်း ‌ကျောက်လုပ်ငန်းဂွင်အတွင်း မ‌ရောက်ရှိမီ လမ်းအ ဝင်ဝတွင် “‌နေမင်းစွမ်းအား ကုမ္ပဏီ လီမီတက်၊ လုပ်ငန်းခွင် အန္တရာယ်ရှိသည်၊ တာဝန်မှအပ မည်သူမှ မဝင်ရ”ဟု ‌အောက်ခံအနီ ‌ရောင် စာလုံးအဖြူဖြင့် ‌ရေးသားထားသည့် ဆိုင်းဘုတ်ကို ‌ထောင်ထားသည်။ အဆိုပါ ဆိုင်းဘုတ်ကို မည်သည့်အချိန်တွင် လာ‌ရောက်‌ထောင်ထားသည်ကို ‌ကျေးရွာတာဝန်ရှိသူများအား မ‌ပြောပြ‌သော်လည်း ဇွန်လအတွင်းတွင် ‌တွေ့ရ‌ကြောင်း ‌ပြောပြ သည်။ အဆိုပါလမ်းသည် ရွာသားများလည်း သွားလာ‌နေသည့်အတွက် ထိုကဲ့သို့ ‌ရေးသားသည့်အ‌ပေါ် သွားလာရန်အတွက် မဝံ့မရဲ ဖြစ်‌နေသည်ဟု ဆိုသည်။

စစ်‌ဘေး‌ရှောင်ဒဏ်မှ လွတ်‌မြောက်‌အောင် မိသားစုနှစ်ခုမှ ‌ကျေးဇူး‌ကြောင့် ‌တောင်ကုန်းရွာ ဟူ၍ ဖြစ်လာသည်။ စစ်‌ဘေးကို လွတ်‌မြောက်‌သော်လည်း လက်ရှိ ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်‌ရေးလုပ်ငန်း၏ အကျိုးသက်‌ရောက်မှုဒဏ်ကို ‌ဒေသခံများ ဆက်လက်ခံစား‌နေရသည်။ ဘဝ‌ပေးအ‌ခြေအ‌နေ‌ကြောင့် ဖိအားအမျိုးမျိုး‌အောက်တွင် ခံစား‌နေရသည့် ‌ဒေသခံများ သည် လွတ်‌မြောက်‌အောင် ရုန်းထွက်ကာ ‌အေး‌အေးချမ်းချမ်း လွတ်လွတ်လပ်လပ် ‌နေလိုလှပြီ။

ပကတိ သူတို့သ‌ဘောထားမှာ ‌တောင်၏ ဖြစ်တည်မှုကိုလည်း သဘာဝအတိုင်း ထားရှိလိုသည်။ ရွာကို ချစ်သလို ‌တောင်ကို လည်း ချစ်သည်။ ၎င်းတို့ ရင်ဆိုင်ခံစား‌နေရသည့် ဘဝအ‌ခြေအ‌နေ‌အောက်မှ လွတ်‌မြောက်ရန် အစိုးရထံ လည်း တင်ပြအသနားခံခဲ့သည်။ ထူးခြားမလာသည့် အ‌ခြေအ‌နေ‌အောက်မှာ ‌နောက်ထပ် မည်သူကို အ‌ဖေ‌ခေါ်ရမည်နည်း။ ခိုကိုးရာမဲ့သည့် ဘဝ‌အောက်မှ လွတ်လပ်မှုဆီသို့ ရုန်းထွက်‌နေသည့် ၎င်းတို့၏ အ‌ခြေအ‌နေကို ‌ပြောပြခဲ့ပြီး ထို‌နေ့ ည‌နေ ၄နာရီ ‌ကျော်တွင် ‌တောင်ကုန်းရွာမှ ကျ‌နော် ပြန်လည်ထွက်ခွါခဲ့သည်။ အပြန်လမ်းတ‌လျှောက်တွင် ‌တောင်ကုန်းရွာ မဟုတ်သည့် ‌တောင်ကုန်းရွာကဲ့သို့ ကရင်ပြည်နယ်အပြင် နိုင်ငံတဝှမ်းတွင် ရှိ‌နေလိမ့်မည်ဟု ကျ‌နော် ‌တွေး‌နေမိ‌တော့သည်။