Home ဆောင်းပါး ‌ဒေါ်စု က‌နေဒါခရီးစဉ်တွင် စစ်‌ရေးပဋိပက္ခနှင့်ဒုက္ခသည်အ‌ရေးကိစ္စများ ‌ပြောဆိုမှုမရှိသည့်အ‌ပေါ် ကရင်လူမှုအဖွဲ့ ‌ဝေဖန်

‌ဒေါ်စု က‌နေဒါခရီးစဉ်တွင် စစ်‌ရေးပဋိပက္ခနှင့်ဒုက္ခသည်အ‌ရေးကိစ္စများ ‌ပြောဆိုမှုမရှိသည့်အ‌ပေါ် ကရင်လူမှုအဖွဲ့ ‌ဝေဖန်

2212

ဇွန် ၁၆ ရက်။ ၂၀၁၇ ခုနှစ် ။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ၊ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ဇွန်လ ပထမအပတ်က သွား‌ရောက်ခဲ့သည့် က‌နေဒါခရီးစဉ်တွင် နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခ၊ ဒုက္ခသည်အ‌ရေးနှင့် လက်ရှိဖြစ်ပွား‌နေ‌သော စစ်တပ်ထိုး စစ်ဆင်မှုများကို ‌ပြောဆို‌ဆွေး‌နွေးမှုမရှိသည့်အ‌ပေါ် က‌နေဒါနိုင်ငံ‌ရောက် ကရင်အမျိုးသားများက ‌ဝေဖန်‌ပြောဆို လိုက်သည်။

‌တော်ရန်တို မြို့‌တော်ခန်းမတွင် ဇွန်လ ၉ ရက်‌နေ့က ကျင်းပသည့် နိုင်ငံ‌တော်အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစု ကြည်နှင့် ‌ဒေသခံ မြန်မာဖွဲ့အစည်းများ တရားဝင်‌တွေ့ဆုံပွဲ အခမ်းအနားတွင် အငြင်းပွားစရာအ‌ကြောင်းအရာ များကို ‌ဆွေး‌နွေးပွဲအစီအစဉ်မှ ဖယ်ရှားထားပြီး တင်းကြပ်စွာ ထိန်းချုပ်ခြင်းခံထားရသည်ဟု က‌နေဒါ‌ရောက် မြန်မာပြည်မှ လူမျိုးစုအဖွဲ့အစည်းများ ‌ပြောဆိုခဲ့ကြသည်။

ထိုခရီးစဉ်အ‌ပေါ် က‌နေဒါ နိုင်ငံ ကရင်လူမှုအဖွဲ့အစည်း -KCC၏ ထုတ်ပြန်‌ကြေညာချက်အရ၊ အခမ်းအနားသည် မြန်မာသံရုံးမှ ထိန်းချုပ်ခြင်း တင်းကြပ်စွာခံထားရပြီး တက်‌ရောက်သူများ၏ အမည်များနှင့် ‌မေးလို‌သော‌မေးခွန်း များကို အခမ်းအနားမတိုင်ခင် နှစ်ပတ် အလိုကတည်းက ကြိုတင် တင်ပြထားရသလို ကရင်အဖွဲ့အစည်းဝင် များ၏ အငြင်းပွားဖွယ်ဖြစ်သည့် ‌မေးခွန်းများကို စိစစ်ပယ်ဖျက်ထားသည့်အတွက် သံသယဝင်မိသည်ဟု ဆို သည်။
‌တော်ရန်တိုရှိ ကရင်လူငယ်‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌နော်ရှီးလာထူးက “‌မေးဖို့ ‌ရွေးချယ်ခြင်းခံခဲ့ရတဲ့ ‌မေးခွန်း‌တွေက ဒီက‌နေ့ မြန်မာနိုင်ငံ ရင်ဆိုင်‌နေရတဲ့ လက်ရှိ စစ်ပွဲ‌တွေ၊ ‌နေရပ်ရင်းစွန့်ခွာထွက်‌ပြေးရမှု‌တွေ၊ ဒုက္ခသည်အ‌ရေးနှင့် ရိုဟင်ဂျာ လူမျိုးသတ်ဖြတ်‌ရေးနှင့် ဆိုင်တဲ့ ‌မေးခွန်း‌တွေကို မ‌ဆွေး‌နွေးနိုင်ခဲ့ပါဘူး”ဟု ‌ပြောဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည် က‌နေဒါနိုင်ငံ ခရီးစဉ်အတွင်း က‌နေဒါနိုင်ငံရှိ ကရင်အဖွဲ့အစည်း၏ ပထမဆုံး ဆန္ဒထုတ်‌ဖော်မှုတစ်ခုပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများမှ‌ဖေါ်ပြ‌ရေးသားထားသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ငြိမ်းချမ်း‌ရေးလက္ခဏာ ပုံ‌ဖော်‌သော ခရီးစဉ်အား ဆန့်ကျင်သည့်ဆန္ဒထုတ်‌ဖော်ခြင်းသည် အလွန်မှပင် ကသိက‌အောင့်ဖြစ်ရသည်ဟု ‌နော်ရှီးလာ ထူးက ‌ပြောခဲ့သည်။

“‌ပြောချင်တာက ဒီနိုင်ငံတကာ အသိအမှတ်ပြု ငြိမ်းချမ်း‌ရေးပုံ‌ဆောင်တဲ့ ပုဂ္ဂိုလ်ကို ဆန့်ကျင်ဖို့ဆိုတာ ‌တော်‌တော် တုံးမှရမယ်။ အဲ့ဒါ‌ကြောင့်မို့လို့ ကျမတို့က ‌အောင်ဆန်းစုကြည်ကို ဆန့်ကျင်‌နေတာ မဟုတ်ပါဘူး ဆို တာကို ထင်ရှား‌စေချင်ပါတယ်။ ဒါ‌ပေမဲ့ ကျမတို့ သူမကို ပိုပြီးလုပ်‌ဆောင်‌စေချင်တယ်။ သူမက စစ်တပ်ကို ဆန့်ကျင်ပြီး‌တော့ နိုင်ငံရဲ့ ပြဿနာရဲ့ အဓိက ရင်းမြစ်ကို ရှာပြီး ဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးဘက်က ရပ်တည်‌ပေး ‌စေချင်တယ်။ ခြုံ‌ပြောရရင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကိုဖျက်ဆီး‌နေတဲ့ စစ်တပ်ကို ဆန့်ကျင်တာပါ”ဟု ၎င်းက ‌ပြောသည်။

က‌နေဒါ ကရင်လူမှုအဖွဲ့အစည်းက ‌အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်ကို ‌ဝေဖန်ထား‌သော ထုတ်ပြန်ချက်အရ NLD ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် တိုင်းရင်းသား‌ဒေသများတွင် လူ့ အခွင့်အ ‌ရေး ချိုး‌ဖောက်မှုများနှင့် စစ်ပုံသွင်းခြင်းများ သက်သာ‌လျော့ကျရန် ဘာမှမလုပ်ရ‌သေးဟု ဆိုခဲ့သည်။ က‌နေဒါ ကရင်လူမှုအဖွဲ့အစည်း KCC သည် က‌နေဒါတွင် လက်ရှိ‌နေထိုင်‌နေကြ‌သော ကရင်ဒုက္ခသည်များကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် က‌နေဒါ နိုင်ငံရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် အလုပ်လုပ်‌နေ‌သော ‌နော်ရှီးလာထူးနှင့် အန်ဒရူး‌ပေါလ်က မြန်မာနိုင်ငံ၏ ‌ပြောင်းလဲလာ‌သော နိုင်ငံတကာ ဂုဏ်သတင်းနှင့် ဖြစ်‌နေ‌သော ကရင်လူမျိုးတိုး၏ ‌ဒေသတွင်း စစ်တပ်ဝင်‌ရောက်သိမ်းပိုက်ခြင်းတို့ကြားက ကြီးမား‌သော ဝိ‌ရောဓိကို ‌ထောက်ပြခဲ့သည်။
ကရင်ကဲ့သို့ တိုင်းရင်းသားရွာသားများ၏ ဘဝအခက်အခဲများနှင့် အသံများသည် မြန်မာနိုင်ငံ‌ပြောင်းလဲခြင်းကို ‌အောင်ပွဲခံခြင်းကြားတွင် လျစ်လျှူရှုခြင်းခံရမည်ကို စိုးရိမ်‌ကြောင်းကိုလည်း ‌နော်ရှီးလာထူးနှင့် မစ္စတာ ‌ပေါလ်တို့မှ ထုတ်‌ဖော်‌ပြောကြားခဲ့ကြသည်။

ပြုပြင်‌ပြောင်းလဲ‌နေသည်ဆိုသည့် မြန်မာနိုင်ငံ၏ပုံရိပ်သည် ရွာများကိုဖျက်ဆီးခဲ့‌သော စစ်တပ်၏ တပ်ဆုတ်ခွာခြင်းမရှိ‌သော်လည်း ဒုက္ခသည်များကို ‌နေရပ်သို့ ဖိအား‌ပေး ပြန်ပို့ခြင်းများ ပြုလုပ်ခြင်းအားဖြင့် ထိလွယ်ရှလွယ်‌စေ‌သော အ‌ခြေအ‌နေသို့ ပုို၍ တွန်းပို့ရာ‌ရောက်‌စေသည်ဟု ၎င်းတို့နှစ်ဦးမှလည်း ‌ထောက်ပြ‌ပြော ဆိုခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အတွက် ‌ထောက်ပံ့‌ကြေးများကို အစိုးရသည် ငြိမ်းချမ်း‌ရေးရရန် အမှန်တကယ်ပင် ကြိုးစား‌နေပါသလားဟူ‌သော ‌မေးခွန်းများဖြင့် စစ်‌ဆေးခြင်းမရှိဘဲ ‌ပေးအပ်‌နေ‌သော နိုင်ငံများကို က‌နေဒါအ‌ခြေစိုက် ကရင်အမျိုးသား လူမှုအဖွဲ့အစည်းမှ ‌နော်ဆာမူးက သတိ‌ပေးခဲ့သည်။
“ကျမတို့ က‌နေဒါအစိုးရ မြန်မာနိုင်ငံကို ‌ထောက်ပံ့ဖို့အား‌ပေးလိုပါတယ်။ ဒါ‌ပေမဲ့ ‌ထောက်ပံ့‌ပေး‌နေမှု အ‌ပေါ်မှာလည်း က‌နေဒါရဲ့ ဒီမိုက‌ရေစီ နှင့် ဖယ်ဒရယ်ပြည်‌ထောင်စုစနစ်ရဲ့ခံယူချက် မြန်မာနိုင်ငံအစိုးရ‌ကြောင့် ပျက်စီးရာမ‌ရောက်‌အောင်လည်း ‌သေချာ စဉ်းစား‌စေချင်တယ်။” ဟု ‌နော်ဆာမူးက ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအ‌ရှေ့ပိုင်းတွင်ရှိ‌သော ကရင်လူမှုအဖွဲ့အစည်းမှ ၂၀၁၂ ခုနှစ်က အပစ်အခတ်ရပ်စဲ‌ရေးမှ စပြီး ကရင် ပြည်နယ်တွင် မြန်မာစစ်တပ်မှ စစ်အင်အားများကို တိုးချဲ့ခဲ့သည်ဟု ဆိုသည်။ အ‌သေးစိတ်ကိန်းဂ ဏန်း အချက်အလက်များအရ ကရင်ပြည်နယ် ဖာပွန်(မူ‌တြော်)ခရိုင် တစ်ခုတွင်ပင်လျှင် စစ်တပ် အ‌ခြေချ စခန်းများ ၆၅ ခုမှ ၈၁ ခုအထိ တိုးမြှင့်လာသည်ဟု ‌စောင့်ကြည့်သူများ၏ မှတ်တမ်းမှတ်ရာများအရ သိရသည်။