Home ထိပ်တန်းသတင်း အီတူးထာ့ပြည်တွင်းစစ်‌ရှောင်ဒုက္ခသည် ၁၀၀‌ကျော် ‌နေရပ်ပြန်ရန်စီစဉ်‌နေ

အီတူးထာ့ပြည်တွင်းစစ်‌ရှောင်ဒုက္ခသည် ၁၀၀‌ကျော် ‌နေရပ်ပြန်ရန်စီစဉ်‌နေ

2071

ဇွန် ၁၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အီတူးထာ့ပြည်တွင်းဒုက္ခသည်စခန်းရှိ စစ်‌ပြေးဒုက္ခသည် ၁၀၀‌ကျော်ခန့်သည် စားနပ်ရိက္ခာ ပုံမှန် ‌ထောက်ပံ့မှု အကူအညီများ ရပ်စဲ‌တော့မည်ဖြစ်၍ ၎င်းတို့၏ ‌နေရပ်သို့ပြန်ရန် စီစဉ်လျှက်ရှိသည်ဟု ‌ကေအိုင်စီက သတင်းရ ရှိသည်။

အဆိုပါ IDP ဒုက္ခသည်များ ‌နေရပ်ပြန်မည့် အစီအစဉ်ကို ၎င်းတို့ကို အကူအညီ‌ပေး‌နေသည့် သက်ဆိုင်ရာ ကရင်လူမှုအဖွဲ့အ စည်းများနှင့် သက်ဆိုင်ရာ နယ်‌မြေ‌ခေါင်း‌ဆောင်များ၊ စခန်းတွင်းရှိ ‌ခေါင်း‌ဆောင်များ ‌ဆွေး‌နွေးတိုင်ပင်‌နေကြသည်ဟု ၎င်းတို့ကို အကူအညီ‌ပေး‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ပြောသည်။

သူမက “ပြန်ဖို့က‌တော့ ‌သေချာတယ်လို့ ကြားတယ်။ တချို့က ပြန်မယ်။ တချို့က မပြန်ဘူး‌ပေါ့။ အခု အဲ့ဒီပြန်ဖို့ကို ‌ကော်မတီက စည်း‌ဝေး‌နေတယ်။ ဘယ်လိုပုံစံနဲ့ ဘယ်အချိန်ပြန်မလဲဆိုတာက‌တော့ ‌သေချာ မသိရ‌သေးဘူး။ ကျမတို့ကြားမိသ‌လောက်‌တော့ အိမ်‌ခြေ ၅၀‌လောက်ရှိမယ်။ လူဦး‌ရေအ‌နေနဲ့‌တော့ ၁၀၀‌ကျော်‌လောက်ရှိမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ IDP ဒုက္ခသည်များအား စားနပ်ရိက္ခာများ ပုံမှန် ‌ထောက်ပံ့ကူညီ‌ပေး‌နေခြင်းကို လာမည့် စက်တင်ဘာလတွင် ရပ်တန့် ‌တော့မည်ဖြစ်၍ ဒုက္ခသည်များအ‌နေဖြင့် ၎င်းအီတူးထာ့စခန်းတွင် ဆက်လက် ‌နေထိုင်ရပ်တည်‌ရေးအတွက် ပုံမှန် လုပ်ကိုင်စား ‌သောက်နိုင်သည့် အ‌ခြေအ‌နေများ မရှိ‌တော့ခြင်း‌ကြောင့် ယခုကဲ့သို့ ‌နေရပ်ပြန်ရန် စီစဉ်‌နေကြခြင်းဖြစ်သည်ဟု ‌နော်က‌ညော‌ဖော က ဆက်‌ပြောသည်။

အဆိုပါ စစ်‌ပြေးပြည်သူများအတွက် အလှူရှင်များက စားနပ်ရိက္ခာအဖြစ် ဆန်ကို အဓိက ‌ထောက်ပံ့‌ပေးခဲ့ရာတွင် တစ်လစာအ တွက် အသက် ၆နှစ်‌အောက် လူတစ်ဦးလျှင် ဆန် ၆ကီလို၊ ၆နှစ်နှင့်အထက် လူတစ်ဦးလျှင် ဆန် ၁၂ကီလိုနှုန်းဖြင့် အကူအညီ ရရှိခဲ့ကြသည်ဟု စခန်းတွင်း‌နေထိုင်သူများက ‌ပြောဆိုသည်။

စခန်းတွင်းမှ အမည်မ‌ဖော်လိုသူ ဒုက္ခသည်အမျိုးသားတစ်ဦးက “ဒီ ၉လပိုင်းမှာစားနပ်ရိက္ခာက ရပ်စဲ‌တော့မယ်ဆို‌တော့ ဒီမှာရှိ‌နေ တဲ့သူတချို့မှာ လုပ်ကိုင်စား‌သောက်ဖို့ ခက်ခဲကြတယ်‌လေ။ တချို့က သူတို့အရင်‌နေတဲ့ ရွာ‌တွေအထိ မပြန်ကြ‌တော့‌ပေမဲ့ ဒီအနီး အနားမှာရှိတဲ့ သူတို့ရဲ့မိတ်‌ဆွေသူငယ်ချင်း‌တွေနဲ့ အတူပြန်‌နေပြီး ဝိုင်းလုပ်ဝိုင်းစားကြမှာ‌ပေါ့။ တချို့က‌တော့ သူတို့အစီအစဉ်နဲ့ အရင်ပြန်ကြတဲ့သူ‌တွေ ရှိတယ်။ အခု ပြန်ဖို့လုပ်‌နေတာက လူဦး‌ရေ ၁၀၀‌လောက်ရှိမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ‌နေရပ်ပြန်မည့်သူများတွင် ‌တောင်ငူ၊ ‌ညောင်‌လေးပင်နှင့် ဖာပွန်‌ဒေသခံအချို့ ပါဝင်ပြီး ၎င်းတို့‌နေရပ်ပြန်ရာ၌ လမ်းတွင် စစ်တပ်စခန်းများရှိ‌နေခြင်းနှင့် ‌မြေမြုပ်မိုင်းအန္တရာယ်များ‌ကြောင့် အသက်အန္တရာယ် လုံခြုံ‌ရေးအတွက် စိုးရိမ်မှုများရှိ‌နေသည်။ ထို့ အပြင် မိမိ‌နေရပ်သို့ပြန်‌ရောက်လျှင် ဘဝအသစ်ကို ပြန်လည်စတင်ရမည်ဖြစ်၍ ‌နေထိုင်စား‌သောက်‌ရေးအတွက်လည်း အခက်အ ခဲရှိလာနိုင်သည်ဟု ၎င်းတို့ကို အကူအညီ‌ပေး‌နေသူများက ‌ပြောဆို‌နေကြသည်။

အီတူးထာ့ပြည်တွင်းဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၃၀၀၀‌ကျော်ရှိ‌နေပြီး အထက်တန်း‌ကျောင်း ၂‌ကျောင်းနှင့် ‌ဆေးခန်း ၁ခုသာရှိ ကာ ယခင်လများမှစ၍ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်မှုအတွက် ‌ဆေးဝါးမလုံ‌လောက်မှုများ၊ လက်ရှိတွင် ပညာ‌ရေးကူညီ ‌ထောက်ပံ့မှုမှာလည်း ‌လျော့နည်းလာသည်ဟု စခန်းသူစခန်သားများက ‌ပြောသည်။

၂၀၀၆ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ)အစိုးရတပ် မ‌တော်မှ အကြီးအကျယ် ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်း‌ဘေးတွင် ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်သည်။