Home သတင်း သတင်း‌ထောက် ‌မော်ဦးမြာအမှု တရားဥပ‌ဒေအရ မျှတသည့် အဆုံးအဖြတ်ရရှိရန်လိုလား‌ကြောင်း သတင်းဌာန တာဝန်ရှိ သူမှ‌ပြောဆို

သတင်း‌ထောက် ‌မော်ဦးမြာအမှု တရားဥပ‌ဒေအရ မျှတသည့် အဆုံးအဖြတ်ရရှိရန်လိုလား‌ကြောင်း သတင်းဌာန တာဝန်ရှိ သူမှ‌ပြောဆို

1602

ဇွန် ၁ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

တိုင်းရင်းသား သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ အမျိုးသမီးသတင်း‌ထောက် တစ်ဦးဖြစ်သူ ‌မော်ဦးမြာအား အလိုမတူဘဲ ခြိမ်း‌ခြောက်‌ခေါ်‌ဆောင်သွားသည့် အမှုကိစ္စနှင့်ပတ်သက်ပြီး ဥပ‌ဒေနှင့်အညီ တရားမျှတသည့် အဆုံးအဖြတ်ရရှိရန်လိုလား‌ကြောင်း အဆိုပါ သတင်းဌာနတာဝန်ရှိသူများက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေ ၂၆ ရက်‌နေ့က ‌မော်ဦးမြာနှင့် အ‌ဖော်ဖြစ်သူတို့ လွိုင်‌ကော်မှ ဒီ‌မောဆိုသို့ ဆိုင်ကယ်စီးပြန်လာစဉ် ‌ဒေါပိုးစီ ‌ကျေးရွာအ‌ရောက် Toyota Vitz အမျိုးအစားယာဉ်‌မောင်းနှင်သူ ၂ ဦးက အ‌နောက်မှ ကားနှင့်လိုက်ကာ ‌မော်ဦးမြာအား ကား‌ပေါ်တင်‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကျူးလွန်သူ ၂ ဦးကို ယခု ဒီ‌မောဆိုရဲစခန်းတွင်အမှု ဖွင့် ထားခြင်းဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကယားထဲက “တစ်ဖက်က လူ‌တွေက ကယားပြည် နယ်ရဲ့ တကယ့်မြို့မျက်နှာဖုံးထဲမှာပါတယ်‌လေ။ ‌ငွေ‌ကြေးဓန အင်အားလည်း‌တောင့်တင်းတဲ့ အထဲမှာပါ‌တော့ တရားစီရင် ချက်ချတဲ့အခါမှာ တစုံတရာ ဘက်လိုက်မှု‌တွေဖြစ်လာမှာကို စိုးရိမ်တယ်။ ကျမတို့ အမျိုးသမီးသတင်း‌ထောက်‌တွေကို ကာကွယ်ဖို့ ဒီလိုအကြမ်းဖက်တာ‌တွေကို တရားမျှတမှုရှိ‌အောင် ဥပ‌ဒေနဲ့အညီ လုပ်‌ဆောင်‌ပေးဖို့ကျမတို့လိုလားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူ ၂ ဦးဖြစ်သည့် ဦးစိန်ဝင်းနှင့် ဦး‌ကောင်းစံ(ခ)‌ကောင်း‌ဝေသိန်းတို့ကို ဥပ‌ဒေအရ အ ‌ရေးယူ‌ပေးပါရန် ‌မော်ဦးမြာအစ်ကိုဖြစ်သူ ဦးထျားရုမှတိုင်ကြားသဖြင့် ‌မေလ ၂၇ ရက်‌နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီးကာ ခြိမ်း‌မြောက်မှု ပုဒ်မ ၅၀၆ အပါအဝင် ပုဒ်မ ၄ ခုဖြင့် ဒီ‌မောဆို ရဲစခန်းတွင် အမှုဖွင့်ထား‌ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် ဖမ်းဆီးချုပ်‌နှောင်ခံရသူ ၂ ဦးကို စစ်‌ဆေး‌မေးမြန်းမှုများပြုလုပ်ထားပြီးဖြစ်သလို သက်‌သေများကို လည်း ‌မေလ ၃၁ ရက်‌နေ့တွင် ၃ ကြိမ်‌မြောက်ထပ်မံကာ ‌မေးမြန်စစ်‌ဆေးမှုများ ပြုလုပ်‌နေ‌ကြောင်းလည်း ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ တာဝန်ရှိသူများ၏ ပြန်လည်‌ပြောပြချက်များအရ သိရသည်။

တိုင်းရင်းသား သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရှိ မိန်းက‌လေးသတင်း‌ထောက်ဖြစ်သူအား ယခုကဲ့သို့ ကိုယ်ထိလက်‌ရောက် ခြိမ်း‌ခြောက်ဖမ်းဆီး‌ခေါ်‌ဆောင်မှုမှာ ယခင်က ဖြစ်ပွားခဲ့ဖူးခြင်းမရှိ‌သော်လည်း သစ်‌မှောင် ခိုသတင်း‌ရေးသားမှုများနှင့်ပတ်သက်၍ ခြိမ်း‌ခြောက်ခံရမှုအချို့ရှိခဲ့‌ကြောင်းလည်း အဆိုပါ သတင်းဌာန တာဝန်ရှိသူများက ဆက် လက်‌ပြောဆိုသည်။

သတင်းစာ ပညာနည်းပြတစ်ဦးဖြစ်သူ ဦးမြင့်‌ကျော်က “ဒီအ‌ခြေအ‌နေမှာ သတင်းသမားတစ်‌ယောက် အ‌နေနဲ့ ပဲဖြစ်ဖြစ် အဲဒီ ဘက်က ရပ်သင့်တယ်လိုု့ ယုုံကြည်တယ်။ ကားတင်တဲ့ပုုဂ္ဂိုလ်နဲ့ သတင်းသမားနဲ့ လူမှု‌ရေးအရ ရင်းနှီးတဲ့ ဆက်ဆံမှု‌တွေရှိခဲ့ တယ်တိုု့ဘာတိုု့ ‌ပြောလာကြတယ်၊ အဲဒီလိုုရှိခဲ့ပါ‌စေဦး..ဒီလိုု ကားတင်ဖိုု့ ဘာအ‌ကြောင်းမှ မရှိဘူးလိုု့ထင်ပါတယ်။ ဒီအတွက် အခုကိစ္စမှာ ကျ‌နော်က‌တော့ သတင်းသမားဘက်က ရပ်တည်သင့်တယ်လိုု့ ခိုုင်ခိုုင်မာမာ ယူဆပါတယ်” ဟု ‌ပြောဆိုသည်။

‌မေလ ၂၆ ရက်‌နေ့က ‌မော်ဦးမြာအား ကားဖြင့် အတင်းအဓမ္မ‌ခေါ်‌ဆောင်သွားသည့် အဆိုပါကားမှာ လမ်း‌ဘေးသို့ ထိုးကျခဲ့ သည့်အတွက် ပြင်ပဒဏ်ရာတစုံတရာမရှိဘဲ ‌မော်ဦးမြာအား ဒီ‌မောဆို‌ဆေးရုံမှတစ်ဆင့် လွိုင်‌ကော်‌ဆေးရုံသို့ တင်ပို့ကုသခဲ့ ရပြီး လက်ရှိအ‌နေအထားအရ လူနာမှာကျန်းမာ‌ရေး တိုးတက်‌ကောင်းမွန်လာ‌ကြောင်းလည်း သူမ၏ လုပ်‌ဖော်ကိုင်ဖက် များ၏ ‌ပြောပြချက်အရ သိရသည်။