Home သတင်း အဆင်မ‌ပြေမှုများဖြစ်‌ပေါ်‌နေသည့် မြဝတီမြို့လျှပ်စစ်မီးအတွက် မြို့ခံ ၂၀ဝ ‌ကျော် ဆန္ဒ‌ဖော်ထုတ်

အဆင်မ‌ပြေမှုများဖြစ်‌ပေါ်‌နေသည့် မြဝတီမြို့လျှပ်စစ်မီးအတွက် မြို့ခံ ၂၀ဝ ‌ကျော် ဆန္ဒ‌ဖော်ထုတ်

1576

‌မေလ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့တွင် လက်ရှိမီးအားဖြန့်ဖြူးခွင့် ရရှိထားသည့် ကုမ္ပဏီမှ မီတာခတိုးမြှင့် ‌ကောက် ခံမှုများရှိလာသည့် အ‌ပေါ် မြဝတီမြို့ခံနှင့် ရဟန်းသံဃာများအပါအဝင် လူဦး‌ရေ ၂၀ဝ ‌ကျော်မှ ယ‌နေ့ ‌မေလ ၁ ရက်‌နေ့ နံနက်ပိုင်းတွင် မြို့အ တွင်း စီတန်းလှည့်လည်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြ‌ကြောင်း သိရှိရသည်။

ဆန္ဒထုတ်‌ဖော်သူများသည် အမှတ် ၄ ရပ်ကွက် မိ‌ကျောင်းကုန်း‌ကျောင်းတိုက်တွင် စု‌ဝေးကာ စတင်လှည့်လည် ဆန္ဒ‌ဖော် ထုတ်ခဲ့ကြခြင်းဖြစ်ပြီး မီးအားအပြည့်အဝ ရရှိ‌ရေးအပါအဝင် ‌ကြွေး‌ကြော်သံ ၆ချက်ဖြင့် လှည့်လည် ဆန္ဒထုတ်‌ဖော် ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ဆန္ဒထုတ်‌ဖော်ရန်အတွက် ခွင့်ပြုမိန့် ‌လျှောက်ထားသူတစ်ဦးဖြစ်သည့် ကိုသန့်ဇင်က “အဓိက အ‌ကြောင်း ရင်းက အရင်က မီးခကို ၄ ဘတ်နဲ့ပြား ၃ဝ ပဲ‌ပေးရတယ်။ အခုက လုပ်ငန်းကိုကြည့်ပြီး ၆ ဘတ်အထိ ကုမ္ပဏီ ကတိုးမြှင့့် ‌ကောက်ခံလာတာ‌တွေရှိတယ်။ အရင်တုန်း ၄ ဘတ် ပြား ၃ဝ ပဲ‌ပေးရတာ။ အခုကုမ္ပဏီကျမှ ဘာလို့ ၆ ဘတ်အထိ‌ပေးရလဲ ဆိုပြီးလူထု‌တွေက မ‌ကျေနပ်ဘူး။ အဲဒီ‌တော့ ပြည်သူက အရင်က ၄ ဘတ် ၃ဝ အစား ၄ ဘတ် ၂ဝ ပဲ သက်သာ‌စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆန္ဒ‌ဖော်ထုတ်ရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

မီးအားအပြည့်အဝရရှိ‌ရေး၊ ပြည်သူ့ဆန္ဒမ‌ဖော်‌ဆောင်နိုင်သည့် ပြည်နယ်လျှပ်စစ်ဝန်ကြီးအလိုမရှိ၊ ပါဝါမီတာ မီတာကြီးမှလွဲ၍ ၄ ဘတ်၊ ပြား ၂ဝ တ‌ပြေးညီ‌ကောက်ခံ‌ရေး၊ ပြည်သူအသိမ‌ပေးပဲချုပ်သည့် လျှပ်စစ်မီးလင်း ‌ရေးစာချုပ် အလိုမရှိ၊ ပြည်သူပါ‌သောမီးလင်း‌ရေး ‌ကော်မတီဖွဲ့စည်း‌ရေးနှင့်ပြည်သူအတွက်အကျိုးမရှိသည့် မီးလင်း‌ရေးကုမ္ပဏီမှန်သမျှအလိုမရှိ စသည့်စာသားပါ ဗီနိုင်းများဖြင့် လှည့်လည်‌ကြွေး‌ကြော် ဆန္ဒထုတ် ‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

မြဝတီမြို့လျှပ်စစ်အတွက် ထိုင်းနိုင်ငံမှလျှပ်စစ်မီးအားကို ဝယ်ယူပြီး ယခင် NGL ကုမ္မဏီမှတာဝန်ယူကာ မြို့ တွင်းလျှပ်စစ်ဖြန့်ဖြူး‌ပေးရာတွင် မီးမကြာခဏ ပြတ်‌တောက်သည့် အဆင်မ‌ပြေမှုများ ရှိခဲ့ပြီး‌နောက် ‌ရွှေမြစ် ‌သောင်ရင်းကုမ္ပဏီမှလွှဲယူကာ လျှပ်စစ်ဓာတ်ဖြန့်ဖြူး‌ပေး‌နေခြင်းဖြစ်ပြီး မတ်လ မှစတင်ကာမီတာ ခများတိုးမြှင့် ‌ကောက်ခံခဲ့သည်ဟု သိရသည်။

မြို့တွင်း မီးအားဖြန့်ဖြူး‌ရေးအတွက် ကရင်ပြည်နယ်အစိုးရထံမှ တင်ဒါ‌အောင်မြင်ကာ လုပ်ကိုင်ခွင့်ရထားသည့် ‌ရွှေမြစ်‌သောင်ရင်းကုမ္ပဏီလက်ထက်တွင်လည်း မီးအားမလုံ‌လောက်မှုများ၊ မီးမကြာခဏပျက်မှုများအပြင် မီတာ ခပါတိုးမြှင့်‌ကောက်ခံလာသည့်အတွက် မ‌ကျေနပ်မှုများဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ခံများက ‌ပြော ဆို သည်။

ယင်းကိစ္စများအ‌ပေါ် မြဝတီမြို့ခံ ရပ်မိရပ်ဖတစ်ဦးက “အစ်ကိုအမြင်အရ‌တော့ ပြည်နယ်အစိုးရမှာ တာဝန်ရှိ တယ်လို့ယူဆတယ်။ အစိုးရခွင့်ပြုချက်‌ကြောင့် လုပ်ပိုင်ခွင့်ရသွားတဲ့ကုမ္ပဏီက အဲလိုမီး‌တွေပိုပျက်လာတယ်၊ မီတာခ‌တွေတိုး‌ကောက်လာတဲ့အတွက် လူထုကမခံနိုင်‌တော့လို့ ဆန္ဒထပြတာပဲ။ အဲဒီ‌တော့ ဘယ် သူ့မှာ တာ ဝန်ရှိလဲဆိုရင် ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်လို့ သုံးသပ်တယ်။ ပြည်သူကို ဗဟိုပြုတဲ့အစိုးရ၊ ပြည် သူ့အသံကိုနား‌ထောင်‌ပေးတဲ့အစိုးရမှန်ရင် လူထုဆန္ဒကိုဖြည့်ဆည်း‌ပေး‌စေချင်တယ်” ဟု‌ပြောသည်။

ဆန္ဒထုတ်‌ဖော်သူများအ‌နေဖြင့် ‌ဒေသအာဏာပိုင်၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး တစုံတရာတုံ့ပြန်မှုမရှိပါက လာမည့်အပတ်တွင်ထပ်မံ ဆန္ဒ‌ဖော်ထုတ်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ ဆန္ဒပြမှု တွင်ဦး ‌ဆောင်ပါဝင်သူများထံမှ သိရသည်။