Home သတင်း အလုပ်သမားအခွင့်အ‌ရေး အပြည့်အဝရရှိ‌ရေး အလုပ်သမားအ‌ရေးလှုပ်ရှားသူများက ‌မေ‌ဒေး‌နေ့တွင် ‌တောင်းဆို

အလုပ်သမားအခွင့်အ‌ရေး အပြည့်အဝရရှိ‌ရေး အလုပ်သမားအ‌ရေးလှုပ်ရှားသူများက ‌မေ‌ဒေး‌နေ့တွင် ‌တောင်းဆို

1504

‌မေ ၁ ရက်၊၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဒေသအတွင်းရှိ အလုပ်သမားများ အလုပ်သမားအခွင့်အ‌ရေးအပြည့်အဝရရှိရန် ယ‌နေ့ ‌မေလ ၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၁၂၇ ကြိမ်‌မြောက် ကမ္ဘာ့အလုပ်သမား‌နေ့ (May Day)တွင် မဲ‌ဆောက် ‌ဒေသအတွင်း အလုပ် သမားအ‌ရေး‌ဆောင်ရွက်လှုပ်ရှားသူများက ‌တောင်းဆိုလိုက်ကြသည်။

မဲ‌ဆောက် ‌ဒေသတွင်းအလုပ်သမားများအ‌နေဖြင့် ယ‌နေ့အချိန်ထိ ထိုင်းနိုင်ငံအစိုးရမှ ပြဌာန်းသတ်မှတ်ထားသည့် အလုပ် သမားအခွင့်အ‌ရေးဆိုင်ရာ လုပ်ခလစာနှုန်းများနှင့် အလုပ်လုပ်ချိန်ကို ပြည့်ဝမှန်ကန်စွာ မရရှိ‌သေးသည့်အ‌ပေါ် ယခုလို ‌တောင်းဆိုလိုခြင်းဖြစ်သည်ဟု ‌ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့တာဝန်ခံ ကိုမိုး‌ကျော်က ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “အလုပ်သမားအခွင့်အ‌ရေးနဲ့ပတ်သက်ပြီး‌တော့ လုပ်ခလစာရယ် သူတို့ရဲ့အလုပ်လုပ်ချိန်ပါပဲ။ လုပ်ခလ စာမှာ ထိုင်း နိုင်ငံအလုပ်သမားဝန်ကြီးဌာနက‌နေပြီး‌တော့ သတ်မှတ်ထားတဲ့မဲ‌ဆောက်‌ဒေသတွင်း ၃၀၅ ဘတ်က ၇၅ ရာခိုင်နှုန်း‌သော ကျ‌နော်တို့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေက မရကြ‌သေးပါဘူး။ ‌နောက်ပြီး တရားဝင် သတ်မှတ် အလုပ်ချိန် ၈နာရီ ထက် တစ်‌နေ့ကို ၁၁ နာရီ‌လောက် ဒါမှမဟုတ်အနည်းဆုံး ၁ဝနာရီ‌လောက် လုပ်ကြရတယ် ”ဟု ‌ပြောသည်။

ထိုသို့ ထိုင်းအစိုးရ၏ သတ်မှတ်လုပ်ခနှုန်းထားနှင့် အလုပ်ချိန်အခွင့်အ‌ရေးကို အလုပ်သမားများ အပြည့်အဝ မရရှိခြင်းမှာ အလုပ်ရှင်များနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်မန်‌နေဂျာများ၏ အဆင့်ဆင့်‌ခေါင်းပုံဖြတ်မှုများ‌ကြောင့် ဖြစ်ပြီး ၎င်းအတွက် သက်ဆိုင်ရာ အလုပ်ရှင်များအပါအဝင် သက်ဆိုင်ရာ နိုင်ငံအစိုးရများမှ တာဝန်ရှိ‌နေပြီး အလုပ်သမားအခွင့်အ‌ရေးကို ‌လေးစားလိုက်နာသင့်သည်ဟုလည်း ကိုမိုး‌ကျော်က ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း ‌လေးသိန်း‌ကျော်ရှိ‌နေပြီး မဲ‌ဆောက်မြို့နယ်တစ်ခုတည်းတွင် နှစ်သိန်း‌ကျော်ရှိကာ အများစုမှာ အ‌ထွေ‌ထွေလုပ်ငန်းများဖြစ်သည့် စိုက်ပျိုး‌ရေး၊ ‌ဆောက်လုပ်‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ကျဘမ်းအလုပ်များကို လုပ်ကိုင်‌နေကြပြီး ဒုတိယအများစုမှာ စက်ရုံအလုပ်ရုံ အလုပ်သမားဖြစ်သည်ဟု အလုပ်သမားအ‌ရေးလှုပ်ရှား‌ဆောင်ရွက်‌နေသူများက ဆိုသည်။

ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများဆိုင်ရာ ဥပ‌ဒေနှင့်အညီ လူမှုကူညီ‌ရေးအ‌ထွေ‌ထွေအဖွဲ့မှ မန်‌နေဂျင်း ဒါရိုက်တာ ကိုသားကြီးကလည်း “ အဓိက က‌တော့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေကို ဥပ‌ဒေက ချမှတ်ထားတဲ့ လစာကို အပြည့်အဝ ရ‌စေချင်တယ်။ ‌နောက်ပြီး နယ်‌မြေ‌ကျော်ပြီးသွားလာတဲ့အလုပ်သမား‌တွေကို work permit မရှိလို့ ဖမ်းဆီးအပြစ်‌ပေးတာ ထိုင်းဥပ‌ဒေနဲ့အများကြီးဆန့်ကျင်ပါတယ်။ work permit ဆိုတာက လုပ်ငန်းခွင့် ထဲမှာပဲ စစ်‌ဆေးရမှာပါ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ကျ‌ရောက်သည့် ၁၂၇ ကြိမ်‌မြောက် ‌မေ‌ဒေး‌နေ့ကို ‌ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦး‌ဆောင်၍ မဲ‌ဆောက် ‌ဒေသအတွင်းရှိ အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသည့် လူမှုအဖွဲ့အစည်းများပူး‌ပေါင်းပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တစ်‌နေရာ၌ ကျင်းပခဲ့ရာ အလုပ်သမားများအပါအဝင် ‌ဒေသတွင်း အာဏာပိုင်များနှင့် NGOအဖွဲ့အစည်းများ၊ အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများ စုစု‌ပေါင်း ၄၀ဝ ‌ကျော်ပါဝင် တက်‌ရောက်ခဲ့သည်။

လွန်ခဲ့သည့် နှစ်‌ပေါင်းတစ်ရာ‌ကျော်တွင် အလုပ်သမားများ တစ်‌နေ့အလုပ်လုပ်ချိန် ၈နာရီသတ်မှတ်‌ပေး‌ရေး အတွက် အလုပ်သမားများ ‌သွေး‌မြေကျခံ‌ေ‌တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ‌မေလ ၁ရက်‌နေ့ကို ကမ္ဘာ့အလုပ်သမား‌နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ အခွင့်အ‌ရေးအတွက် ယ‌နေ့အချိန်အထိဆန္ဒပြ‌တောင်းဆို လျှက်ရှိသည်။