Home သတင်း DKBA ၏ လပတ် တပ်မှူးစုံညီအစည်းအ‌ဝေး ဌာနချုပ်တွင် ပြုလုပ်ကျင်းပ‌နေ

DKBA ၏ လပတ် တပ်မှူးစုံညီအစည်းအ‌ဝေး ဌာနချုပ်တွင် ပြုလုပ်ကျင်းပ‌နေ

2130

‌မေလ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA၏ ‌လေးလပတ် တပ်မှူးစုံညီအစည်းအ‌ဝေးကို ၎င်းတို့ ဌာနချုပ်တည်ရှိရာ ဆုံ ဆည်းမြိုင်၊ ကလိုထူး‌ဘော စစ်ဌာနချုပ်ရုံး၌ ဧပြီလ ၂၉ ရက်မှ ယ‌နေ့(‌မေ ၁ရက်)အထိ ပြုလုပ် ကျင်းပ‌နေပြီး စစ်ဖက် ဆိုင် ရာ တပ်မှူးနှင့် တပ်ဗိုလ် တစ်ရာ‌ကျော်တက်‌ရောက်‌နေသည်ဟု သိရသည်။

အဆိုပါ အစည်းအ‌ဝေး၌ DKBA၏ လက်ရှိ တပ်တွင်းအ‌ခြေအ‌နေများကို ‌ဆွေး‌နွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး လက်ရှိ သွား‌နေ သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ချပြ‌ဆွေး‌နွေးမှု အပါအဝင် ‌မေလ ၂၄ ရက်‌နေ့တွင် ပြုလုပ်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာ ခံဒုတိယအကြိမ်အစည်းအ‌ဝေးကို တက်‌ရောက်မည့် ကိုယ်စားလှယ်များကိုပါ ‌ရွေးချယ်သွားမည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ‌ပြောသည်။

ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက “အခုမှ စပြီး‌ဆွေး‌နွေးတယ်။ တခြားထူးထူးခြားခြား‌တော့ ‌ဆွေး‌နွေးစရာ မရှိပါဘူး။ တပ်တွင်းအ‌နေ အထားပါပဲ။ ပြီးရင်‌တော့ NCA အထဲပါတဲ့အချက်အလက်‌တွေနဲ့ JMC ရဲ့ လုပ်ငန်းစဉ်ကို လည်းလာမဲ့ အ‌ထွေ‌ထွေကဏ္ဍမှာ ချပြသွားမယ်” ဟု ယ‌နေ့ (‌မေလ ၁ရက်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေး၌ DKBA ၏ စစ်ကွပ်ကဲ‌ဒေသအတွင်း စစ်‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး ဆိုင်ရာကိစ္စရပ်များ တာဝန် လွဲ‌ပြောင်း ‌ပေးအပ်ခြင်းဆိုင်ရာများ၊ ဘဏ္ဍာ‌ရေး ‌ကောက်ခံသုံးစွဲမှု၊ တပ်ဖွဲ့အမှတ်တံဆိပ်များ တပ်ဆင်အသုံး ပြုမှု၊ ကာကွယ် ‌ရေးတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ကိစ္စရပ်များကို ‌မေလ ၂ ရက်‌နေ့အထိ ‌ဆွေး‌နွေးသွားမည်ဟု DKBAက ဆိုသည်။

DKBA၏ လပတ် တပ်မှူးစုံညီအစည်းအ‌ဝေးကို ‌လေးလတစ်ကြိမ်ပြုလုပ်လာခဲ့‌သော်လည်း ၎င်းတို့၏ ထိပ်ပိုင်း ‌ခေါင်း‌ဆောင် တစ်ချို့မှ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်‌နေရသည့်အတွက် ယခုပြုလုပ်သည့် အစည်းအ‌ဝေးမှာ ယခင်နှစ် နိုဝင်ဘာလက ပြုလုပ်သည့် အစည်းအ‌ဝေးအပြီး ၇ လကြာမှပြန်လည်ပြုလုပ်လာနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်-DKBA သည် ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်က မြန်မာစစ်အစိုးရ၏ နယ်ခြား‌စောင့် တပ် (BGF)အဖြစ် အသွင်ကူး‌ပြောင်း‌ရေးကို လက်မခံသည့် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ( ဗိုလ်နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) တပ်မဟာ(၅) အဖွဲ့ဖြစ်သည်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)လက်မှတ်ထိုးပွဲတွင် အခြား‌သော လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း (၇)ဖွဲ့နှင့် အတူ လက်မှတ်‌ရေးထားသည့် အဖွဲ့ဖြစ်သည်။