Home သတင်း ခိုးကူး‌ခွေပြဿနာ‌ကြောင့် ကရင်အနုပညာ‌လောကအတွက် များစွာထိခိုက်မှုများဖြစ်‌ပေါ်‌နေဟု KCO ဥက္ကဌ‌ပြော

ခိုးကူး‌ခွေပြဿနာ‌ကြောင့် ကရင်အနုပညာ‌လောကအတွက် များစွာထိခိုက်မှုများဖြစ်‌ပေါ်‌နေဟု KCO ဥက္ကဌ‌ပြော

2031

‌မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်း ခိုးကူး‌ခွေပြဿနာများတဖြည်းဖြည်း ကြီးထွားလာမှုများ‌ကြောင့် ကရင်အနုပညာ‌လောက အတွက် သာမက အနုပညာဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရသည့် ကရင်အနုပညာရှင်များအ‌ပေါ် များစွာထိ ခိုက်မှုဖြစ်‌ပေါ်လာ ‌နေ‌ကြောင်း ကရင်အနုပညာအစည်းအရုံး -KCO ဥက္ကဌက ‌ပြောဆိုလိုက်သည်။

နည်းပညာဆိုင်ရာ ‌ခေတ်မီ‌ပြောင်းလဲလာမှုနှင့်အတူ အဆိုပါ ခိုးကူး ပြဿနာများမှာ ယခုနှစ်ပိုင်းများတွင် ပိုမို ဆိုးရွားစွာကြုံ ‌တွေ့‌နေရခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိကရင်အနုပညာ‌လောက ရင်ဆိုင်‌နေရဆဲဖြစ်သည့် အခက်အခဲများ နှင့်ပတ် သက်၍ KCO ဥက္ကဌ ‌စောသ‌မောအဲ‌ဖေါင်က ယခုလို‌ပြောသည်။

“အခု ကရင်အနုပညာ‌လောကမှာ ခိုးကူး‌ခွေ‌တွေ‌ကြောင့် ရုပ်ရှင်၊ ဗီဒီယိုအပိုင်းမှာ မထွက်နိုင်ကြ‌တော့ဘူး။ ဒီပြဿနာက ကာလကြာရှည်စွာကပဲ ရင်ဆိုင်လာရတာ‌ပေါ့။ အခုနှစ်ပိုင်းအတွင်း‌တွေမှာ ပိုဆိုးလာတယ်။ အဲဒီ‌တော့ အနုပညာဖန်တီးမှု အရ‌ရော၊ ‌ငွေ‌ကြေးပိုင်းအရ‌ရော နစ်နာမှု‌တွေဖြစ်လာတာ‌ပေါ့”ဟု ‌ပြောသည်။

ကရင်အနုပညာများနှင့်ပတ်သက်၍ ဖန်တီးမှုများတဖြည်းဖြည်းမြှင့်တက်လာသည်နှင့်အမျှ ခိုးကူး‌ခွေထုတ် လုပ်ဖြန့်ချိမှု များပိုမိုများပြားလာ‌နေပြီး တစ်ချို့ခိုးကူးသူများအ‌နေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများကို ခုတုံးလုပ်ကာ ဖားအံမြို့တွင် အ‌ခြေစိုက်ပြီး ခိုးကူ‌ခွေဖြန့်ဖြူး‌ရောင်းချမှုများ ရှိ‌နေ‌ကြောင်းလည်း ကရင်အနုပညာရှင်များဘက်က ‌ပြောသည်။

ကရင်ကာရာအို‌ကေ သီချင်း‌ခွေတစ်‌ခွေ၏ ထုတ်လုပ်မှုကုန်ကျတန်ဖိုးမှာ ကျပ်သိန်း ၃ဝ အထက်နှင့် သာမန် ဗီဒီယို တစ် ကားရိုက်ကူးထုတ်လုပ်မှုကျပ်သိန်း ၆ဝ ခန့်ကုန်ကျမှုများ ရှိ‌နေသည့်အတွက် လက်ရှိတွင် ကရင်ပြည်နယ်တစ်နယ်လုံး အတိုင်းအတာအရ အ‌ခွေချပ်တစ်‌ထောင်ပင် ဖြန့်ချိနိုင်ရန် ခက်ခဲလာ‌ကြောင်း ကရင်အနုပညာအသိုင်းများထံမှ သိရသည်။

ခိုးကူး‌ခွေပြဿနာများမှာ ကရင်အနုပညာ‌လောကတွင်သာမက မြန်မာအနုပညာ‌လောကတွင် ယ‌နေ့ အချိန်အထိ ရင်ဆိုင်‌နေရဆဲပြဿနာတစ်ခုဖြစ်ပြီး လတ်တ‌လောကြုံ‌တွေ့‌နေရသည့် အဆိုပါ ပြဿနာများကို ထိ‌ရောက်စွာ ‌ဖြေရှင်းရန် နည်းလမ်းမရှိ ‌သေး‌ကြောင်းလည်း ကရင်အနုပညာအစည်းအရုံး KCO တာဝန် ရှိသူများက ‌ပြောဆိုသည်။

ကရင်ပြည်နယ် ဖားအံမြို့ရှိ နာမည်ကြီးပိုးကရင်အဆို‌တော် ‌စောကွာဖလူးက “ကရင်ပြည်နယ်မှာ FM တစ်ခုဖြစ် လာဖို့ကို ‌မျှော်လင့်တယ်။ ဖြစ်လည်းဖြစ်‌စေချင်ပါတယ်။ အဲဒီဟာမရှိ‌တော့ ကျ‌နော်တို့ အ‌ခွေထုတ်တာက ထုတ်တာပဲ။ ဘာမှ လုပ်လို့ မရဘူး‌လေ။ အဲလို FM ‌လေး‌တွေဖြစ်လာရင် ကျ‌နော်တို့ ကရင်အနု ပညာရှင် ‌တွေအတွက် အများကြီးလမ်းပွင့်ပြီး ‌မျှော်လင့်ချက်‌လေး‌တွေရှိလာမယ်လို့ထင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KCOကို ကရင်ပြည်နယ်အတိုင်းအတာအရ ၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်ဘာသာစုံအဖွဲ့အစည်း၏ လက်‌အောက်ရှိ အနုပညာလှုပ်ရှားမှုအတွက် ကဏ္ဍတစ်ခုအဖြစ်ရှိ‌နေရာမှ ယဉ်‌ကျေးမှုအနုပညာများကို ပိုမို‌ဖော်ထုတ်၊ မြှင့်တင်နိုင်‌ရေး ရည် ရွယ်ချက်များဖြင့် ၂၀၀၅ ခုနှစ်တွင် ကရင်အနုပညာအစည်းအရုံး KCO အဖြစ် ရပ်တည်လုပ်‌ဆောင်လာခဲ့ခြင်းဖြစ်သည်။