Home ဆောင်းပါး ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံ‌ရေးရည်မှန်းချက်နဲ့ လတ်တ‌လော မြန်မာ့နိုင်ငံ‌ရေး အကြပ်အတည်း

ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံ‌ရေးရည်မှန်းချက်နဲ့ လတ်တ‌လော မြန်မာ့နိုင်ငံ‌ရေး အကြပ်အတည်း

2901
‌စောကပီ
‌စောကပီ*
(ဧပြီ ၁၁ရက်၊ ၂၀၁၇)

ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၆ကြိမ်‌မြောက်ကွန်ဂရက်မှာ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး သ‌ဘောထား အ‌ပြောင်းအလဲ မရှိဘဲ လက်ရှိသွား‌နေတဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲလမ်း‌ကြောင်းအတိုင်းသာ ဆက်လက်ပြီး ကြိုးပမ်းလုပ်‌ဆောင်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါ တယ်။ မဟာဗျူဟာအရ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အံ့ဩ‌လောက်စရာ အ‌ကြောင်းမရှိသလို ‌စောဒက တက်စရာ လည်း အ‌ကြောင်းမရှိပါ။

သို့‌သော် ကရင်အမျိုးသား‌တွေရဲ့ နိုင်ငံ‌ရေးရည်မှန်းချက်ပန်းတိုင် ‌ရောက်ဖို့အတွက်က‌တော့ တာဝန်ရှိတဲ့‌ခေါင်း‌ဆောင်‌တွေက ဒီ မဟာဗျူဟာကို လက်‌တွေ့ ဘယ်‌လောက်အ‌ကောင်အထည်‌ဖေါ်နိုင်မလဲ ဆိုတဲ့အ‌ပေါ်မှာ အများကြီး မူတည်ပါတယ်။ စားပွဲဝိုင်း ‌ပေါ်မှာ နိုင်ငံ‌ရေး‌ဆွေး‌နွေးခွင့်ဟာ ကျ‌နော်တို့ရဲ့ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်ကိုတက်လှမ်းနိုင်ဖို့ လမ်းရဲ့အစသာလျှင် ဖြစ်ပါတယ်။

မကြာ‌သေးမှီက ကရင်ပြည်နယ် ဖားအံနဲ့ ‌ကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်တဲ့ ‌လေးဝါးတို့မှာ Union Peace Dialogue Joint Committee (UPDJC)က အတည်မပြုထား‌သေးတဲ့ Framework for Political Dialogue နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်အ‌ပေါ် မှာ အ‌ခြေခံပြီး ကျ‌နော်တို့က ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေကို ကျင်းပခဲ့ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အ‌ရေးပါပြီး နက်နဲသိမ်‌မွေ့တဲ့အ‌ကြောင်းအရာ‌တွေကို တစ်မျိုးသားလုံးရဲ့ကိုယ်စား ‌ပြောဆို‌ဆွေး‌နွေးရတာ ဖြစ်တဲ့အတွက် မ‌ရေ ရာတဲ့ မူ‌ဘောင်အတွင်းမှာ‌တော့ မလုပ်သင်ပါ။ Nation Building ကိစ္စများဖြစ်သည့်အတွက် နိုင်ငံ‌ရေးအရတာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝလည်းရှိဖို့လည်း လိုအပ်တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း‌တွေအားလုံးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် Nationwide Ceasefire Agreement (NCA) ကို လက်မှတ်‌ရေးထိုးနိုင်‌သေးတာ မဟုတ်တဲ့အ တွက်‌ကြောင့် လက်မှတ်ထိုးပြီးတဲ့ အဖွဲ့ (၈)ဖွဲ့နဲ့ပဲ ဒီနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ မူ‌ဘောင်တစ်ခုလုံးကို အပြီးသတ်‌ရေးဆွဲသတ်မှတ် ဖို့ ဆိုတာကလည်း မဖြစ်သင့်ပါ။ ကျန်ရှိ‌နေ‌သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေကို ပါဝင်လာနိုင် ‌အောင် လမ်းဖွင့်ထား‌ပေးရဦးမှာ ဖြစ်ပါတယ်။

အဲ့ဒီ‌တော့ အစမှာ မ‌ကောင်းရာက‌နေ အ‌နှောင်းမှာလည်း မ‌သေချာ၊ မ‌ရေရာဖြစ်လာရပါတယ်။ ကျ‌နော်တို့ဟာ လက်ရှိ ငြိမ်းချမ်း ‌ရေးလုပ်ငန်း‌တွေကို လုပ်ရင်းလုပ်ရင်းနဲ့ပဲ ကိုယ့်ကြိုးကွင်း ကိုယ်ပြန်စွပ်‌နေသူ‌တွေလို ဖြစ်‌နေပါတယ်။ ဒါဟာ NCA အတွက် ညှိ နှိုင်း‌ဆွေး‌နွေးခဲ့စဉ်ကတည်းက အားလုံးရဲ့သ‌ဘောတူညီမှုနဲ့ ပါဝင်လက်မှတ်‌ရေးထိုးနိုင်မှုကို ပီပီပြင်ပြင် အ‌ကောင်အထည် မ‌ဖော် နိုင်ခဲ့လို့ ဖြစ်တယ်။ အဲ့ဒီလို အ‌ကောင်အထည်မ‌ဖော်နိုင်ခဲ့ခြင်းဟာလည်း မြန်မာ့တပ်မ‌တော်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဟိုတစုကို ချန် ခဲ့၊ ဒီတစုကို ခွဲထုတ် လုပ်တတ်တဲ့ ‌ပေါ်လစီ‌တွေ‌ကြောင့် ဖြစ်တယ်။ ‌ရှေ့‌နောက်မညီဘဲ အင်အားသုံးအနိုင်ကျင့်တဲ့ မူဝါဒ‌တွေ ‌ကြောင့် ဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေကိုလည်း NCA လက်မှတ်ထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသားနယ်‌မြေ‌ဒေသ‌တွေမှာ အစုံ အလင် မကျင်းပနိုင်‌သေးတာကို ‌တွေ့ရပါတယ်။ ဒီထက်ပိုပြီး အ‌ရေးကြီးတာက အဲဒီလိုအမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပနိုင်ဖို့ကို တပ်မ‌တော်က သ‌ဘောမတူခြင်း၊ ကန့်သတ်ချုပ်ချယ်ထားခြင်းများပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကန့်သတ်တယ်ဆိုတာ လည်း တပ်မ‌တော်က NCA ကို လိုလားမှုထက်စာမယ်ဆိုရင် သူ့ရဲ့ငြိမ်းချမ်း‌ရေးမူ‌ဘောင် ၆ချက်ကိုပိုပြီး တစိုက်မတ်မတ် လိုက် နာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေတာကို ‌တွေ့ရပါတယ်။

NCA နဲ့ မြန်မာ့တပ်မ‌တော်ရဲ့ ငြိမ်းချမ်း‌ရေးမူ
ယ‌နေ့ထက်ထိ ကျ‌နော်တို့ ‌တေ့‌တေ့ဆိုင်ဆိုင် မ‌မေးရ‌သေးတဲ့ ‌မေးခွန်းတခုက‌တော့ တပ်မ‌တော်ရဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာမူ ၆ချက်နဲ့ NCA က ‌တောင်းဆိုပြဋ္ဌာန်းချက်‌တွေ ထပ်တူတိုက်ဆိုင်မှုမရှိတဲ့အခါမှာ မြန်မာ့တပ်မ‌တော်က သူတို့ရဲ့မူ ၆ချက်ကို အ‌သေစွဲကိုင် ပြီး NCA ပါ သ‌ဘောတူညီချက်များကို ချိုး‌ဖောက်မှာလား ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ‌နောက်တစ်ဆင့် အ‌ခြေခံကျတဲ့ ‌မေးခွန်းကို ‌မေး ရမယ်ဆိုရင်‌တော့ တပ်မ‌တော်က NCA ကို လက်မှတ်ထိုးတဲ့အထဲမှာ ပါဝင်‌နေတယ်ဆို‌ပေမဲ့ NCA ထဲမှာပါတဲ့ သ‌ဘောတူညီချက် များနဲ့ တပ်မ‌တော်ရဲ့ ငြိမ်းချမ်း‌ရေးမူ ၆ချက်ဟာ ကိုက်ညီမှု သဟဇာတဖြစ်မှု ရှိရဲ့လားဆိုတဲ့ ‌မေးခွန်းပါပဲ။

NCA ထဲမှာက နိုင်ငံ‌ရေးလမ်းပြမူ‌ဘောင်ကို သ‌ဘောတူညီမှုရယူပြီး ‌ရေးဆွဲပြဋ္ဌာန်းမယ်။ ပြီးရင် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမယ်။ ပြီးရင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံမှာ သ‌ဘောတူညီမှု ရ‌အောင်လုပ်မယ်။ ရလာတဲ့ သ‌ဘောတူညီမှု‌တွေကို လွှတ်‌တော်မှာ တင် သွင်းပြီး အတည်ပြုချက် ရယူမယ်လို့ ပါရှိပါတယ်။ လွှတ်‌တော်မှာ အတည်ပြုချက် ရယူပြီး‌နောက်မှာ‌တော့ ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးစာချုပ်ဟာ ဥပ‌ဒေကဲ့သို့ အာဏာတည်တဲ့ သ‌ဘောတူညီမှုစာချုပ်တစ်ခု ဖြစ်လာရမယ်ဆိုတာပါပဲ။

ဒီ‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများရဲ့ရလဒ်၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံရဲ့ ရလဒ်‌တွေအရ ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့လိုအပ်လာမယ်ဆိုရင် တပ်မ‌တော်အ‌နေနဲ့ ငြိမ်းချမ်း‌ရေးမူ ၆ချက်က်ို အ‌သေစွဲကိုင်လို့ မရ‌တော့ဘူးဆိုတဲ့အချက်ပါပဲ။ အဲ့ဒီ‌တော့ လက်ရှိတပ်မ‌တော်ရဲ့သ‌ဘောထားနဲ့ စစ် ‌ရေး၊ နိုင်ငံ‌ရေးလှုပ်ရှားမှု‌တွေကို ကြည့်မယ်ဆိုရင် NCA အ‌ပေါ်မှာ ‌လေး‌လေးနက်နက် သ‌ဘောထားမှုမရှိဘဲ NCA နဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများရဲ့ ရလဒ်ကိုလည်း အ‌ကောင်အထည်‌ဖော်ဖို့ ရည်ရွယ်ချက် မရှိ‌နေဘူးဆိုတာကို ‌တွေ့ရပါတယ်။

စစ်‌ရေးအရဆိုရင်လည်း NCA လက်မှတ်ထိုးထားပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများရဲ့ နယ်‌မြေ ‌တွေမှာ စစ်တပ်ရဲ့‌ရှေ့တန်းတပ်စခန်း‌တွေကို ‌လျှော့ချဖို့ မရှိတဲ့အပြင်၊ ထိုတပ်စခန်းများသို့ စားနပ်ရိက္ခာနဲ့ ‌ဆေးဝါး စစ်လက်နက် ပစ္စည်းများကို ပို့ဖို့ဆိုပြီး‌တော့ ကျ‌နော်တို့ဆီကို အ‌ကြောင်းကြားလာတာကို ‌တွေ့ရပါတယ်။ NCA ထဲမှာ သူ့နယ်ကိုယ့်နယ် ဖြတ် သန်းသွားလာတဲ့အခါမှာ ကြိုတင်အ‌ကြောင်းကြားပြီး ညှိနှိုင်းမှု‌တွေလုပ်ဖို့လိုတယ်လို့ အ‌ကြောင်းပြန်ကြားတဲ့အခါမျိုးကျရင် ကျ‌နော်တို့တပ်‌တွေ၊ ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေကို အပြစ်တင် တိုင်တန်းစာ‌တွေ အကြိမ်‌ပေါင်း ရာနှင့်ချီ၍ ပို့ခဲ့ပါတယ်။

ဒါဟာ အ‌သေးအမွှား ‌ရှေ့တန်းစစ်မျက်နှာမှာ ဖြစ်တတ်တဲ့ အ‌ကြောင်းအရာ‌တွေပဲလို့ ယူဆစရာ အ‌ကြောင်းရှိ‌ပေမယ့် တကယ် တမ်းကျ‌တော့ လက်ရှိသွား‌နေတဲ့ ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ လမ်း‌ကြောင်း‌ပေါ်မှာထားတဲ့ မြန်မာ့တပ်မ‌တော်ရဲ့ သ‌ဘော ထားကို ထင်ဟပ်‌ပေါ်လွင်‌စေတဲ့ အချက်‌တွေဖြစ်ပြီး ‌နောင်ဆက်လက် တက်လှမ်းရမဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေအ‌ပေါ်မှာ ကျ‌နော်တို့ဖက်က ယုံကြည်နိုင်ဖို့ ပိုမိုခက်ခဲလာ‌စေပါတယ်။ တကယ်တမ်းကျ‌တော့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေအ‌ပေါ်မှာ ကျ‌နော်တို့တစ်ဖက်တည်းကချည်းပဲ ယုံကြည်‌နေလို့ မပြီးပါဘူး။ အားလုံးက ဒီ‌ပေါ်မှာ ယုံကြည်မှုရှိလာနိုင်ဖို့လိုပါတယ်။ ‌မြေပြင် မှာ ဖြစ်‌ပေါ်‌နေတဲ့ အ‌ကြောင်းတရား‌တွေ၊ ပကတိအ‌ခြေအ‌နေ‌တွေ‌ပေါ်မှာ စဉ်းစားဆုံးဖြတ်ရတာဖြစ်ပါတယ်။

KNU ရဲ့ ငြိမ်းချမ်း‌ရေးသံဓိဋ္ဌာန်နဲ့ လက်‌တွေ့အ‌ခြေအ‌နေ
အဲ့ဒီ‌တော့ ကျ‌နော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေနဲ့ ငြိမ်းချမ်း‌ရေးကို လိုလားတယ်။ ငြိမ်းချမ်း‌ရေးရဖို့အတွက် တိုင်း ပြည်ရဲ့နိုင်ငံ‌ရေးပြဿနာ‌တွေကို နိုင်ငံ‌ရေးနည်းနဲ့ စားပွဲဝိုင်း‌ပေါ်မှာ ‌ဖြေရှင်းဖို့ စိတ်အားထက်သန်သလို သံဓိဋ္ဌာန်လည်း ချထားပြီး ဖြစ်တယ်။ KNU ရဲ့ ပြီးခဲ့တဲ့ ၁၅ကြိမ်နဲ့ ယခု ၁၆ကြိမ်‌မြောက်ကွန်ဂရက်‌တွေက ပြတ်ပြတ်သားသား ချမှတ်ထားခဲ့တဲ့ လမ်းစဉ် လည်း ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ ဒီလမ်းစဉ် ဒီမူအ‌ပေါ်မှာ ‌ရှေ့ဆက်ဘယ်လိုဆက်သွားလို့ရမလဲ ဘယ်‌လောက်အထိ ခရီး‌ပေါက်မလဲ၊ မ‌ပေါက်ဘူးလဲဆိုတာက‌တော့ မြန်မာ့တပ်မ‌တော်နဲ့ NLD ဦး‌ဆောင်တဲ့ အစိုးရသစ်ရဲ့ သ‌ဘောထားအ‌ပေါ်မှာ အများကြီး မူတည် ‌နေပါတယ်။

ကျ‌နော်တို့ KNU ရဲ့ ၁၅ကြိမ်‌မြောက် ကွန်ဂရက်က ချမှတ်ထားတဲ့ စစ်ပွဲ‌တွေရပ်နိုင်‌အောင် ကြိုးစားမယ်။ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ စားပွဲဝိုင်း‌ပေါ်မှာ အ‌ဖြေရှာကြမယ်ဆိုတဲ့ မူက မှန်ပါတယ်။ လတ်တ‌လော ကျင်းပပြီးစီးခဲ့တဲ့ KNU ရဲ့ကွန်ဂရက် ကလည်း အဲဒီမူအတိုင်းပဲ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ‌ခေါင်း‌ဆောင်မှု အ‌ပြောင်းအလဲရှိရင်‌တောင်မှ ကျ‌နော်တို့ ဒီမူကို ‌ပြောင်းဖို့ မလိုပါဘူး။ ‌ပြောင်းလည်း ‌ပြောင်းမှာ မဟုတ်ပါဘူး။ သို့‌သော် ဒီမူအ‌ပေါ်မှာ ဘယ်လိုဆက်‌လျှောက်ပြီး မြန်မြန်သွားမယ်။ မသွားဘူး ဆိုတာ‌တွေကို ကျ‌နော်တို့ရဲ့ ‌ဆွေး‌နွေး‌ဖော်၊ ‌ဆွေး‌နွေးဖက်‌တွေရဲ့ လက်‌တွေ့လုပ်ရပ်နဲ့ စိတ်သ‌ဘောထား‌တွေအ‌ပေါ်မှာ ချင့်ချိန်ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်တစ်‌လျှောက်လုံးမှာ စနစ်တကျနဲ့ အပြန်အလှန် ‌လေးစားတန်ဖိုးထားမှုရှိဖို့က‌တော့ အ‌ရေးကြီးဆုံးပါ။

စစ်‌ရေးဖြစ်‌စေ၊ ငြိမ်းချမ်း‌ရေးဖြစ်‌စေ ကရင်ပြည်သူလူထုရဲ့ ‌ထောက်ခံမှုလိုအပ်
‌ကေအဲန်ယူအ‌နေနဲ့ ပြတ်သားတဲ့‌ခေါင်း‌ဆောင်မှုရှိဖို့ လိုအပ်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ မိမိအဖွဲ့အစည်းရဲ့ မူအ‌ပေါ်မှာ ရပ် တည်ပြီး လိမ္မာပါးနပ်စွာ ‌ဆွေး‌နွေးနိုင်တဲ့ အရည်အချင်းလည်း ရှိရမှာဖြစ်ပါတယ်။ တစ်မျိုးသားလုံးရဲ့အ‌ရေးဖြစ်တဲ့အတွက် လက် ‌တွေ့ ပကတိအ‌ခြေအ‌နေ‌တွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ကျ‌နော်တို့ ကရင်ပြည်သူလူထုတရပ်လုံးရဲ့ ရပ်တည်မှု၊ နားလည်မှု၊ ‌ထောက်ခံအား‌ပေးမှု‌တွေ ရဖို့အတွက်လည်း ကြိုးစားရမှာဖြစ်ပါတယ်။

ကရင်တမျိုးသားလုံး အဖိနှိပ်ခံဘဝက လွတ်‌မြောက်ပြီး‌တော့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရရှိဖို့ နိုင်ငံ‌ရေး၊ စစ်‌ရေး ကဏ္ဍ ‌တွေမှာ ဦး‌ဆောင်မှု‌ပေးပြီး လက်နက်ကိုင်‌တော်လှန်‌ရေးကိုဆင်နွဲ‌နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ကရင်အမျိုးသားထု တစ်ရပ်လုံးရဲ့ အား‌ပေး‌ထောက်ခံမှုကို ရရှိဖို့ကလည်း အလွန်အ‌ရေးကြီးပါတယ်။ အဲဒီလို အား‌ပေး‌ထောက်ခံမှုကို ရမှလည်းပဲ ကရင်အမျိုးသားထုတစ်ရပ်လုံးရဲ့ နိုင်ငံ‌ရေးပန်းတိုင်ကို‌ရောက်ရှိ‌အောင် ‌ဆောင်ရွက်‌ပေးနိုင်မှာ ဖြစ်ပါတယ်။

ဘဝတူတိုင်းရင်းသားများနှင့် မဟာမိတ်အခန်းကဏ္ဍ
တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုကလည်း အဓိကကျပါတယ်။ ကျ‌နော်တို့ အမျိုးသားလွတ်‌မြောက်‌ရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်တယ်ဆို‌ပေမယ့် တသီးတခြား ကိုယ်ထင်ရာစိုင်းလို့ မဖြစ်ဘူးဆိုတာလည်း အားလုံးအ သိပါ။ ဖက်ဒရယ်ပြည်‌ထောင်စုထဲမှာ အမျိုးသားတန်းတူ‌ရေးကို အ‌ခြေခံပြီး အားလုံးအတူတကွ ‌ပေါင်းစည်း‌နေထိုင်မယ်ဆိုရင် ‌တော့ ဒီလမ်းကို အတူတူ‌လျှောက်မှ ဖြစ်ပါလိမ့်မယ်။ တစုတဖွဲ့၊ တစိတ်တပိုင်းပဲသွားပြီး ‌ရှေ့ကိုကျွံလို့ မရပါဘူး။ အခုဖြစ်‌ပေါ်‌နေ တဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများရဲ့ ‌ရှေ့မတိုးသာ ‌နောက်မဆုတ်သာ နိုင်ငံ‌ရေးအ‌ခြေအ‌နေကလည်း ဒီအ‌ခြေခံအ‌ကြောင်းတရား ကို ‌ဖေါ်ပြ‌နေတာဖြစ်ပါတယ်။

NCA ကို တချို့တစ်ဝက်ပဲ လက်မှတ်ထိုးမယ်။ ကျန်တဲ့အဖွဲ့‌တွေက ‌နောက်မှလိုက်ခဲ့ပါ၊ အဆင်သင့်ဖြစ်တဲ့အခါ ထိုးပါဆိုတာမျိုး က ‌ပြောတာလွယ်သ‌လောက် လက်‌တွေ့မှာ‌တော့ သဘာဝမကျသလို မညီညွတ်မှုနဲ့ တကွဲတပြားဖြစ်မှုကို ဦးတည်တွန်းပို့‌နေတဲ့ သ‌ဘောထား‌တွေပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ‌မြောက်ပိုင်း‌ဒေသ‌တွေမှာ ယခုလက်ရှိ ဖြစ်‌နေတဲ့တိုက်ပွဲ‌တွေ ပဋိပက္ခ‌တွေဟာ ဒီတချို့အဖွဲ့‌တွေထိုး၊ တချို့‌တော့ မထိုးနဲ့ဆိုတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာမဟုတ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်း‌ရေးသ‌ဘောတူညီမှုစာချုပ် NCA process ရဲ့ရလဒ်‌တွေပဲဖြစ်ပါတယ်၊ ဒါဟာ ကျ‌နော်တို့အတွက် သင်ခန်း စာတခုလို့မှတ်ယူပြီး ကျ‌နော်တို့ အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားများအချင်းချင်း နားလည်မှုနဲ့ စည်းလုံးမှုကို ပြန်လည်တည် ‌ဆောက်ဖို့ို ကြိုးစားရမှာ ဖြစ်ပါတယ်။

NLD အစိုးရသစ်တက်လာပြီး‌နောက် အ‌ခြေအ‌နေ
၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲအပြီးမှာ‌တော့ လူထုက တစ်ခဲနက် ‌ရွေး‌ကောက်တင်‌မြှောက်လိုက်တဲ့ NLD အစိုးရသစ် တက်လာပါ တယ်။ အဲဒီ‌နောက်ပိုင်းကာလ‌တွေမှာလည်း တိုက်ပွဲ‌တွေ ‌လျော့နည်းသွားခြင်းမရှိဘဲ အချို့‌နေရာ‌တွေမှာ‌တော့ တိုက်ပွဲ‌တွေ ပို၍ ပင် ပြင်းထန်လာခဲ့‌ကြောင်းကို ‌တွေ့ရပါတယ်။

မြန်မာ့တပ်မ‌တော်အ‌နေနဲ့ကလည်း NLD အစိုးရလက်ထက်ကျမှ လက်နက်ကိုင်ပဋိပက္ခ ‌လျော့နည်းသွားတယ်ဆိုတာကို ဖြစ်‌စေ ချင်ပုံ မရပါဘူး။ တနည်းအားဖြင့်လည်း တပ်မ‌တော်အ‌နေနဲ့ သူလုပ်စရာရှိတာကို သူ့ဟာသူ ဆက်လုပ်‌နေတဲ့သ‌ဘောလည်း ဖြစ် နိုင်ပါတယ်။ ‌သေချာတာတခုက‌တော့ လူထုက ‌ရွေး‌ကောက်တင်‌မြှောက်လိုက်တဲ့ အရပ်သားအစိုးရ အာဏာရရှိလာခဲ့တယ် ဆို ‌ပေမယ့်လည်း မြန်မာစစ်တပ်က သ‌ဘောမတူဘူးဆိုရင် ငြိမ်းချမ်း‌ရေးရဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိသာထင်ရှား‌အောင် ပြသ လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်တဲ့ NLD အစိုးရအ‌နေနဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးနဲ့ ငြိမ်းချမ်း‌ရေး အတွက် မူနှစ်ခုနဲ့ တစ်ပြိုင်တည်းသွားဖို့ ကြိုးစား‌နေတာကို‌တွေ့ရပါတယ်။ တဖက်မှာ‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်ဟာ မြန်မာ့ တပ်မ‌တော်ကို မ‌ဝေဖန်ဘဲ စည်းရုံးနားချရင် ရနိုင်မယ်လို့ ယုံကြည်‌နေပုံ ရပါတယ်။ ဒါက အရင်ဗိုလ်ချုပ်ကြီး‌ဟောင်း သူရဦး‌ရွှေ မန်းနဲ့ ‌ကောင်းမွန်တဲ့ဆက်ဆံ‌ရေးက‌နေတဆင့် အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်နိုင်ခဲ့တဲ့ အ‌တွေ့အကြုံ‌ပေါ်မှာ အ‌ခြေခံပါ တယ်။ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးဆိုတာမှာလည်း သူနဲ့ တပ်မ‌တော်ကြား တည်‌ဆောက်ရမဲ့ကိစ္စလို့ အဓိကထား မြင်‌နေ ‌ကြောင်းလည်း သိသာထင်ရှား‌နေပါတယ်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်‌မြောက်ပိုင်း‌ဒေသ‌တွေမှာ ဖြစ်‌နေတဲ့ တိုက်ပွဲကိစ္စ‌တွေမှာပါ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေနဲ့ သူ့သ‌ဘောထားကို‌ဖော်ပြတာ တပ်မ‌တော်ကို လူသိရှင်ကြား ‌ဝေဖန်တာ၊ ‌ထောက်ပြတာ၊ ‌တောင်းဆိုတာ‌တွေကို တစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါဟာ NLD အစိုးရအ‌နေနဲ့ တပ်မ‌တော်ကို အချိုသပ် စည်းရုံးဖို့ ကြိုးစား‌နေတာလို့ ယူဆရ‌ပေမဲ့ ဘယ်‌လောက်အတိုင်းအတာအထိ ‌အောင်မြင်မှုရှိနိုင်မလဲဆိုတာကို‌တော့ ‌ပြောဖို့ခက် ‌နေပါ‌သေးတယ်။

အခြားတစ်ဖက်မှာကလည်း ပြည်တွင်း ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်လာရင် တပ်မ‌တော်ဖက်က အစိုးရနဲ့ စိတ်သ‌ဘောထား တစ်ထပ် တည်းကျတယ်လို့ တတွင်တွင် ‌ပြော‌နေခဲ့တာပါ၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကိုယ်တိုင်က တပ်မ‌တော်အ‌နေနဲ့ အစိုးရရဲ့ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်‌တွေမှာ သူတို့ရဲ့ငြိမ်းချမ်း‌ရေးမူ ၆ချက်နဲ့အညီ ပါဝင်သွားမယ်လို့ အကြိမ်ကြိမ် ‌ပြောဆိုခဲ့ပါ တယ်။ ဒီ‌နေရာမှာ တပ်မ‌တော်နဲ့ အစိုးရဟာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တခုလုံးအ‌ပေါ်မှာ တကယ်ပဲ သ‌ဘောထားချင်း တိုက်ဆိုင်မှု ရှိမရှိကို သုံးသပ်ဖို့လိုပါလိမ့်မယ်။ NCA အ‌ပေါ်မှာထားတဲ့ တပ်မ‌တော်ရဲ့သ‌ဘောထား ‌မြောက်ပိုင်း‌ဒေသမှာဖြစ်တဲ့ စစ်‌ရေးပဋိပက္ခ ‌တွေအ‌ပေါ်မှာထားတဲ့ သူတို့သ‌ဘောထား‌တွေ ဘယ်အတိုင်းအတာအထိ တူညီ‌နေမှုရှိသလဲ ဆိုတာကို‌တော့ သဲသဲကွဲကွဲ မသိရ ‌သေးပါ။

‌ရှေ့ဆက်ရန်သာရှိ
KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေနဲ့က‌တော့ ကရင်အမျိုးသားထုတစ်ရပ်လုံးကို နိုင်ငံ‌ရေးကြိုးပမ်းမှုမှာ ဆက်လက်ပြီး ‌တော့ ဦး‌ဆောင်ဦးရွက်မှု ‌ပေး‌နေရဦးမှာဖြစ်ပါတယ်၊ ယခုလက်ရှိသွား‌နေတဲ့ငြိမ်းချမ်း‌ရေး လမ်း‌ကြောင်းကို တစိုက်မတ်မတ် ဆက် သွားရမှာ ဖြစ်ပါတယ်။ ၁၆ကြိမ်‌မြောက် ကွန်ဂရက်က ‌ရွေး‌ကောက်တင်‌မြှောက်လိုက်တဲ့ ‌ခေါင်း‌ဆောင်များက ဆက်လက်ပြီး ဒီလုပ်ငန်းစဉ်ကို တာဝန်ယူ၊ တာဝန်ခံကြရမှာဖြစ်သလို အဖွဲ့အစည်းတခုရဲ့‌ခေါင်း‌ဆောင်များအ‌နေနဲ့သာမက အမျိုးသား‌ရေးတာ ဝန်ကြီးတစ်ရပ်အ‌နေနဲ့ တစ်မျိုးသားလုံးရဲ့ ပါဝင်မှုကို ရရှိဖို့ကိုလည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နည်းနာနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းအပိုင်းမှာ‌တော့ ပိုမို၍ စနစ်ကျ‌အောင် ‌ဆောင်ရွက်နိုင်ဖို့က ‌သေ‌ရေးရှင်‌ရေးတမျှ အ‌ရေးကြီးပါတယ်။

တိုင်းပြည်ရဲ့နိုင်ငံ‌ရေးပြဿနာ‌တွေကို နိုင်ငံ‌ရေးစားပွဲဝိုင်း‌ပေါ်မှာ ‌ဖြေရှင်းခွင့်ရရင်ပြီး‌ရောဆိုပြီး လွယ်လွယ်‌ကောက်ချက်ချတာမျိုး မဖြစ်သင့်ပါ။ NCA ပါ အချက်အလက်များကို မြန်မာ့တပ်မ‌တော်ဖက်က‌ရော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အ စည်းများကပါ ကတိတည်စွာနဲ့ အ‌ကောင်အထည်‌ဖော်ဖို့ လိုပါတယ်။ တဖက်ဖက်က မိမိတို့ အ‌ကောင်အထည်‌ဖေါ်ရမယ့်အပိုင်း ကို ပျက်ကွက်တာတို့၊ တာဝန်ခံမှုနဲ့ တာဝန်ယူမှုအပိုင်းမှာ အားနည်း‌နေတာမျိုးတို့ဆိုရင်လည်း ပြင်ဆင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် ‌ရေးထိုးရာမှာ ပါဝင်သင့်ပါဝင်ထိုက်‌သော တိုင်းရင်းသားလက်နက် ကိုင် ‌တော်လှန်‌ရေးအဖွဲ့အားလုံးရဲ့ ပါဝင်နိုင်မှုကို မိမိတို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ နှစ်‌ပေါင်းများစွာ ရပ်တည်လာခဲ့ တဲ့ ဘဝတူတိုင်းရင်းသားများနဲ့ မဟာမိတ် ဆက်ဆံ‌ရေးမူကို ပြန်လည် အသက်သွင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ မှာလည်း သူတို့ရဲ့ပါဝင်မှုသာမက အဓိပ္ပါယ်ရှိ‌သော ကိုယ်စားပြုမှုလည်း ရရှိဖို့အ‌ရေးကြီးပါတယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်နိုင်ဖို့အတွက် အားလုံး ပါဝင်နိုင်မှုရဲ့ အားအင်နဲ့ အ‌ရောက်လှမ်းနိုင်မှသာ လိုရာပန်းတိုင်ကို အတူတကွ ‌ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

*‌စောကပီသည် Salween Institute for Public Policy (www.salweeninstitute.org) ကို ၂၀၁၂ခုနှစ်တွင် စတင် တည် ‌ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့၏ ဒါရိုက်တာလည်း ဖြစ်သည်။

—————-***—————