Home သတင်း ရန်ကုန်‌မြောက်ပိုင်းခရိုင် ၄ မြို့နယ်စာယဉ် စု‌ပေါင်းပြီး ကရင်စာသင် ဆရာမွမ်းမံသင်တန်းပြုလုပ်

ရန်ကုန်‌မြောက်ပိုင်းခရိုင် ၄ မြို့နယ်စာယဉ် စု‌ပေါင်းပြီး ကရင်စာသင် ဆရာမွမ်းမံသင်တန်းပြုလုပ်

2211

မတ် ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်‌မြောက်ပိုင်းခရိုင် ‌မှော်ဘီ၊ ထန်းတပင်၊ တိုက်ကြီးနှင့် လှည်းကူးမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများ စု‌ပေါင်းကာ ကရင်စာသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း တခုကို မတ် ၂၇ ရက်မှ ဧပြီ ၁ ရက်ထိ ထန်းတပင်မြို့နယ်၊ ကျူ‌တော‌ကျေးရွာ အ‌ခြေခံပညာ အထက်တန်း‌ကျောင်း၌ ပြုလုပ်‌နေသည်ဟု ခရိုင် စာယဉ် ဥက္ကဌ ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌လေးမြို့နယ်အတွင်း လာမည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင် ကြား‌ပေးမည့် ဆရာ၊ ဆရာမများကို သင်ရိုးနှင့် သင်ကြား‌ရေးနည်းစနစ်များ တ‌ပြေးညီ ပိုမို‌ကောင်းမွန်‌စေရန်၊ အစိုးရဝန်ထမ်းမဟုတ်သည့် ပြင်ပ ကရင်စာသင်ဆရာ၊ ဆရာမများ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ရရှိ ‌စေ‌ရေးရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု အငြိမ်းစား အလယ်တန်း‌ကျောင်းအုပ်ဆရာ တစ်ဦးလည်း ဖြစ်သူ ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ မတ် ၂၇ ရက်‌နေ့တွင် ပြုလုပ်သည့် သင်တန်းဖွင့်ပွဲတွင် ‌ပြောသည်။

၆ ရက်ကြာပြုလုပ်မည့် မွမ်းမံသင်တန်းသို့ ‌လေးမြို့နယ် အတွင်းမှ ကရင်စာသင် ဆရာ၊ ဆရာမ ၂၀ဝ ဦးခန့် တက်‌ရောက်‌နေပြီး သင်တန်းကုန်ကျစရိတ် ကျပ် ၆၇၇,၀၀၀ဝ ကို ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရ အသုံးစရိတ်မှ တဆင့် တိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီးက ခရိုင်စာယဉ်တာဝန်ရှိသူများထံ ‌ပေးအပ်ခဲ့ပြီး ထပ်မံလိုအပ်မည့် ကုန်ကျစရိတ်များကို မြို့နယ်စာယဉ်ရံပုံ‌ငွေမှ သုံးစွဲသွားမည်ဟု စာယဉ်တာဝန်ရှိသူများက ‌ပြောသည်။

ထန်းတပင်မြို့နယ်၊ ကျူ‌တော‌ကျေးရွာ အထက်တန်း‌ကျောင်းခန်းမ၌ မတ် ၂၇ ရက်‌နေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် သင် တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း စာယဉ် ဥက္ကဌ ‌စောထွန်း‌အောင်မြင့်၊ ခရိုင်နှင့် မြို့နယ် စာယဉ် တာဝန်ရှိသူများ၊ ထန်းတပင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်၊ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦး‌ဌေး‌မော်၊ မြို့နယ်ပညာ‌ရေးမှူး ဦးဘ သိန်းနှင့် သင်တန်းသူသင်တန်းသား ဆရာ၊ ဆရာမများ စုစု‌ပေါင်း ၂၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

လာမည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ထန်းတပင်မြို့နယ်အတွင်းရှိ အ‌ခြေခံပညာ ‌ကျောင်း‌ပေါင်း ၅၄ ‌ကျောင်း၌ ‌ကျောင်းသူ‌ကျောင်းသား ၂၀၀ဝ နီးပါးကို ကရင်စာသင်ကြား‌ပေးရန် စီစဉ်ထားပြီး လိုအပ်သည့် ပုံနှိပ်စာအုပ်များ အချိန်မီရရှိ‌ရေး လုပ်‌ဆောင်‌ပေးသွားရန် စီစဉ်ထား‌ကြောင်း ထန်းတပင်မြို့နယ် ပညာ‌ရေးမှူး ဦးဘသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ထန်းတပင်မြို့နယ်၊ သံတဇာ မူလတန်းလွန်‌ကျောင်းမှ အလယ်တန်းပြ ဆရာမ ‌နော်ကမွီးက “ ပြီးခဲ့ တဲ့နှစ်က ‌ကျောင်းမှာ ကရင်စာမနက်ပိုင်းသင်တယ်။ ‌ကျောင်းသား‌တွေက မတက်ချင်ဘူး။ သူတို့ ‌ဆော့ကစားရမဲ့ အချိန် စာသင်‌တော့ စိတ်ဝင်စားမှုအားနည်းတယ်။ အခုလာမဲ့ နှစ်မှာ ည‌နေပိုင်းသင်ဖို့ စီစဉ်ထားတယ်။ က‌လေး ‌တွေစိတ်ဝင်စား‌အောင် ပုံပြင်‌တွေ၊ သီချင်း ‌တွေနဲ့ သင်မဲ့နည်းလမ်း‌တွေကို အခုသင်တန်းမှာ သင်‌ပေးမှာ ဖြစ်တဲ့ အတွက် သင်ကြား‌ရေးနည်းလမ်းအသစ်‌တွေ ရလာမယ်လို့ ‌မျှော်လင့်ထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌လေးမြို့နယ်အတွင်း စ‌ကောကရင်စာကို အ‌ခြေခံပညာ‌ကျောင်းများ၌ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ‌ကျောင်း‌ပေါင်း ၁၀ဝ ‌ကျော်၌ စတင်သင်ကြား‌ပေးခဲ့ပြီး လာမည့် ပညာသင်နှစ်၌ ‌ကျောင်းအ‌ရေအတွက် ထပ်တိုး သင်ကြား‌ပေးရန် စီစဉ်ထားသလို ‌လေးမြို့နယ်စာယဉ်များစု‌ပေါင်းပြီး ဒုတိယအကြိမ် မွမ်းမံ သင်တန်းပြုလုပ် ခြင်း ဖြစ်‌ကြောင်း ခရိုင်စာယဉ် တာဝန်ရှိသူများထံမှ သိရသည်။